Google Drive Scanning Files

Google Drive က 15GB ပြည့်သွားလို့ အသစ် 100 GB ကို ဝယ်လိုက်တယ်။ ၁ နှစ်စာ ဝယ်ရင် ပိုဈေးသက်သာမယ် ဆိုတာနဲ့ တစ်နှစ်စာ ဝယ်မိလိုက်တယ်။

ပြဿနာ က ဝယ်ပြီးနောက်ပိုင်း Scanning Files ကနေ မတက်လာတော့တာပဲ။ Google Product Forum , Twitter စတာတွေမှာ မေးပေမယ့် နောက်ဆုံး အဖြေက Google App free user ဖြစ်နေလို့ support မရနိုင်ဘူးပဲ ဖြစ်သွားတယ်။ ဖြစ်တာက ကျွန်တော် တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်း နီးပါး ဖြစ်တာပဲ။ Backup And Sync from Google စသုံး ကတည်းက ပြဿနာ ဖြစ်တာ။ 

Google က ပေးသည့် အကြံတွေက

  • အကုန်ဖျက်ပြီး အစကနေ ပြန်သွင်း
  • restart ချ
  • logout ထွက်ပြီး အကုန်ဖျက်။ ပြီးရင် ပြန်သွင်းကြည့်

ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်မပြေပါဘူး။ 15 GB ကို ဖျက်ပြီး ပြန်သွင်းသည့် အခါမှာ download ချသည့် ပြဿနာက အတော်ကြာတယ်။ ၁ ပတ်ကျော်လောက် ကြာသွားတယ်။ ဒါပေမယ့် မရဘူး။

နောက်ဆုံး ဖြေရှင်းလို့ ရသွားတာကတော့ ကိုယ့်ဘာသာကိုယ် folder လိုက် google drive website မှာ upload လုပ်တာပဲ။ upload လုပ်ရတာ နည်းနည်းတော့ ကြာတယ်။ folder တွေ များသည့် အတွက် ခွဲခွဲပြီး upload လုပ်တယ်။

ပြီးမှ backup and sync ကို ပြန်ဖွင့်လိုက်တော့ sync ပြန်လုပ်တာလည်း အတော်လေးကို စောင့်လိုက်ရတယ်။ အဲဒီ နောက်ပိုင်း sync က ပြန်ပြီး အလုပ်လုပ်သွားတယ်။

ရလိုက်သည့် သင်ခန်းစာက

  • ၁ နှစ်တာ ဈေးလျော့ပေမယ့် မဝယ်နှင့်။
  • တကယ်သုံးကြည့်။ အဆင်ပြေမှ ဝယ်။
  • Brand ဆိုတိုင်း support ကောင်းမယ်လို့ မသတ်မှတ်နှင့်။

Google Drive ကိုတော့ customer support အရကော နည်းပညာပိုင်း အရပါ မကြိုက်တာတော့ အမှန်ပဲ။ ဒီ တစ်နှစ်ပြည့်သွားရင်တော့ iCloud ပဲ ပြောင်းရမလား Dropbox ပဲ သုံးမလား စဉ်းစားရမယ်။ Dropbox ကတော့ ဈေးကြီးလို့ မသုံးဖြစ်တာပါ။ One Drive ကတော့ node.js အတွက် လုံးဝ အဆင်မပြေဘူး။ သူက file path ကို 256 characters ထက် ကျော်လို့ မရတော့ node modules အောက်က node modules တွေနဲ့ဆို တိုင်ပတ်တာ အမှန်ပဲ။

1 Comment

  1. how about google one heee hee :P

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.