ရဲရဲနီကုန်ပြီ

ဘယ်သွားသွား ငါတို့ browser တွေ ရဲရဲနီကုန်ပြီ
ဘယ်ဝင်ဝင် မီးလျှံမြေခွေး ရဲရဲနီကုန်ပြီ
ဘာလုပ်လုပ် ရောင်စုံဘောလုံးလည်း ရဲရဲနီကုန်ပြီ

ငါလုပ်နေတာ မဟုတ်တာ မပါဘူး
ငါလေ့လာချင်တာ မဟုတ်တာ မဟုတ်ဘူး
ငါဖတ်ချင်တာ မဟုတ်တာ မဟုတ်ဘူး
မင်းတို့ကို ထိခိုက်မှာလည်း မဟုတ်ဘူး
ဒါပေမယ့် ငါတို့ website တွေ
တဖက်သက် စွပ်စွဲချက်တွေနဲ့
အယူခံဝင်ခွင့်တောင် မရခဲ့ဘူး

လေ့လာချင်တာတွေက ထိန်းချုပ်မရဘူး
သင်ယူချင်တာတွေ မဝသေးဘူး
Facebook wall ပေါ်က မျှဝေတာတွေလည်း
ရဲရဲနီလို့ပဲ
youtube က သတင်းတွေလည်း
ရဲရဲနီလျက်ပဲ

ငါတို့တွေ မဟုတ်တရုတ်တွေ မရေးပါဘူး
သိတာလေး မျှဝေချင်တာ
ငါသိတာတွေ သူတို့တွေလည်း သိစေချင်တဲ့ စေတနာ
ငါဖတ်ထားတာတွေ သူတို့လည်း ဖတ်ခွင့်ရချင်တဲ့ စေတနာ
ဒါတွေ ဆုံးရှုံးကုန်ပြီလား

git ဆိုတာ ကြားဖူးပါတယ်
သုံးဖူးချင်တယ်
လူအများသုံးတာကို အားကျတဲ့ စိတ်ကလေးပဲ
ငါပိုင်ပါတယ်ကွာ
ငါလုပ်ချင်တာတွေ
ငါသိတာချင်တာ
ငါစမ်းချင်တာတွေ
ရဲရဲနီခြင်းအောက်မှာ
ကျဆုံးရပြီ

ssh ဆိုတာ ဘာကြီးလဲ
ဘယ်လိုသုံးမလဲ
စမ်းကြည့်ချင်တယ်
ကစားကြည့်ချင်တယ်
သို့ပေမယ့်လည်း

နောက်ဘေးပေါက်က ငါမထွက်ချင်ဘူး
ဒါပေမယ့် နောက်ဘေးပေါက်ကပဲ ထွက်နေရတဲ့ ဘဝ
ခိုးထွက်ရတဲ့ အနေအထား
ကျပ်ကျပ်တည်းတည်း ထွက်ရတဲ့ဘဝ
ငါတို့တွေ မလိုချင်မိဘူး…
ငါတို့တွေ တကယ်မလိုချင်ပါဘူး..

ဒါပေမယ့်လည်း ငါတို့ browser တွေ အားလုံး
ရဲရဲနီလို့ပေါ့….

 

ကိုကိုရဲ ရဲ့ status ကို ပြန်လည် ခံစားရေးသားထားသည်။

*Chrome = ရောင်စုံဘောလုံး

6 Comments

  1. wundwin says:

    အခု နဲနဲ တိုးတက်လာပါပီ။ မြန်မာလို ဖြစ်သွားပီဆို :)

  2. Sparrow says:

    ကိုစေတန်ရေ..အခုက ရဲရဲနီ တာထက် ပိုဆိုးသွားပြီဗျ…
    Network Error (tcp_error)

    A communication error occurred: “Connection refused”

    ဆိုတာမျိုးနဲ့ ပဲ တိုးတိုးနေလို့ … မြန်မာပြည်ကနေ blog ရေးရတာ…တော်တော်စိတ်ပျက်နေပြီဗျာ…

  3. စိုင်းညီဖြိုး says:

    အခုပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ပေါက်ကွဲစရာနေရာမရှိလို့ .. ကိုစေတန့်ဆီမှာ လာပြောမလို့ပဲ.. အကို့ရဲ့ post ကို တွေ့လိုက်ရမှ ခံစားချက်ချင်း တူနေမှန်း သိလိုက်ရပြီ ။
    တကယ့် ပြဿနာမရှိ.. ပြဿနာရှာတဲ့ကောင်တွေပါပဲ ။ လွန်ခဲ့တဲ့ တစ်လလောက်က .. http://www.google.com ကို Access Denied ပြတယ်။ ဘာ ရည်ရွယ်ချက်နဲ့ လုပ်မှန်းတော့ မသိဘူး၊ အခုတော့ ဘယ်ထဲဝင်ဝင် Network Error နဲ့ တိုးတယ်။ Network Error တက်ပြီးတစ်ပတ်လောက်မှာ မြန်မာပြည်က မိုဘိုင်းဖုန်းတိုင်းလိုလိုမှာ 188 က messx လှမ်းဝင်ပါတယ်။
    ” Happy Myanmar New Year, greeting from m188. For mobile apps and games visit http://www.m188.com.mm on 1st May. ” တဲ့ ။
    ဝင်ကြည့်လိုက်တော့.. YTP (Yatanarpon) Mobile Application Store တဲ့ ။ ကဲ.. အဲ့ဒီတော့မှ သတိထားမိတော့တာပဲ ။
    – iTunes Store ထဲဝင်မရဘူး၊ (နောက်ဆက်တွဲက Firmware တင်ပေး၊ Jailbreak လုပ်ပေးတဲ့ကောင်တွေ ဒုက္ခရောက်ရတယ်)
    – Cydia က အဓိကကျတဲ့ saurik ကိုဘန်းတယ်။ အဲ့တော့ wifi အတတ်နိုင်ဆုံးမသုံးပဲနဲ့.. လိုအပ်တာတွေ သွင်းရတဲ့ ဒုက္ခကြုံရပြန်တယ်။ (appsync, mobilesubstrate စတာတွေပေါ့)
    – အခုတော့ MZ ထဲလဲ ဝင်ရတော့ဘူးတဲ့လေ ။ ဟိုးရက်ပိုင်းက ကျနော့ ကော်နက်ရှင် မကောင်းဘူးလို့ပဲထင်နေတာ။ အခုမှပဲ သိရတော့တယ်။ သူတို့လုပ်တဲ့ ဝက်ဘ်ဆိုက်ကိုပဲ ကြည့်ကိုကြည့်ရမယ်ဆိုတဲ့သဘောလား ။ ဒါနဲ့များ . IT Developer တွေ လုပ်နေကြရသေးတယ်။
    – ကျန်တာဆိုရင်တော့
    * symbian အတွက်.. cer လုပ်ပေးနေကျ opda လဲ ဝင်မရတော့ဘူး။ လိုအပ်ရင် လေ့လာနေကျ dospy , symbiantalk, တွေ ဆိုတာလဲ ဝင်လိုက်တိုင်း Network Error တဲ့ ။
    * ipa crack တွေဒေါင်းဖို့အတွက်တော့ appzone.eu ပိတ်ထားပါတယ်။
    * android အတွက်ကတော့.. သိပ်ပြဿနာမရှိသေးဘူး ပြောရမယ်၊ အဆိုးထဲက အကောင်းပေါ့လေ…

    သြော်.. ဒုက္ခ.. ဒုက္ခ… DDos နည်းနဲ့တိုက်ခိုက်ခံရတယ် ဆိုတဲ့နောက်… ဒီတစ်ကြိမ်လဲ.. ဘယ်လိုမုသားတွေနဲ့.. သဒ္ဒါစီကြပြန်ဦးမလဲ…
    စောင့်မျှော်ကြပါဦးစို့ ။

    ရေးတာရှည်သွားရင် ခွင့်လွှတ်ပါ.. မဆိုင်တဲ့နေရာမှာ.. ဒီလိုစကားမျိုးလာပြောသွားတာကိုလဲ.. ကိုစေတန့်ကိုတော့ အားနာပါတယ်။ အကို့ဆိုက်ကလေးလဲ အနီမပြခံရဖို့ ဆုမွန်ကောင်း အထူးတောင်းပေးလိုက်ပါတယ်။

    နှစ်သစ်မှာ ပျော်ရွှင်ပါစေသား…

  4. share mal naw ko saturn… a yan kg par tal

  5. Myint Kyaw says:

    I am Myint Kyaw in South Korea right now.
    Could I know Email address of Ko Saturn.
    And Ph No. if possible..
    I apologize you all for my introducing letter in this section..
    Pls reply me..

    Repectfully..
    MK (myinkyaw – gmail)

  6. million says:

    animated notice box code လေးရှိရင်ပေးဘာလား..ခင်ဗျာ..
    kp3family ..က..ပေးတဲ့..code က ကျွန်တော့blogger မှာအလုပ်မလုပ်လို့ဘာ

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.