ဖြစ်တတ်ပါတယ်

အခုတလော 2co က နာမည်ကြီးလာတာနဲ့ မြန်မာနိုင်ငံက သုံးလို့ရမလားဆိုပြီး မနေ့က စမ်းကြည့်တယ်။ ရပါ့ဗျာ။ အေးဆေးပဲ။ singup တွေ ဘာတွေ ဝင်လို့ရတယ်။ ဒါနဲ့ ကျွန်တော်လည်း မနက်ဖြန်မှ ဝင်တော့မယ်လေဆိုပြီး လုပ်ထားတာ။ ဒီနေ့ ဝင်မယ်လည်း လုပ်ရော paypal လိုမျိုး ပိတ်လိုက်တာလားမသိ။ ဝင်မရတော့ပါ။ မနေ့က မြန်မာနိုင်ငံက IP နဲ့ ကျွန်တော်ဝင်လိုက်လို့များ ကြောက်လန့်ပြီး လုပ်လိုက်တာလားမသိဘူး။ ဘာဖြစ်လို့လည်းဗျာ။ မြန်မာနိုင်ငံကလူတွေ အနေနဲ့ကော ဝယ်လို့မရသင့်ဘူးလား။ မြန်မာနိုင်ငံက လူတွေက online ပေါ်ကနေ ငွေသုံးခွင့်မရှိဘူးလား။ အဓိပ္ပာယ်မဲ့သလိုပဲ။ အဲလိုမျိုးကြီးပိတ်တာလည်း သူတို့အကြောင်းနဲ့ သူတို့ရှိမှာပါ။ မပြောချင်တော့ပါ။ မြန်မာနိုင်ငံကို စိတ်မကုန်ဘူး။ မြန်မာနိုင်ငံကို ပိတ်တဲ့ site တွေကို စိတ်ကုန်လာတာ။ ကြီးကျယ်တာလား ကာကွယ်တာလား။ ဘာမှန်းတော့ မသိတော့ပါ။

https://www2.2checkout.com/2co/login


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Up Next:

Don't Install Nero 8.2 with custom Insall

Don't Install Nero 8.2 with custom Insall