Startup ?

ရန်ကုန်ပြန်လာချင်တယ်။ Startup လုပ်ရင် ကောင်းမလား ? Startup လုပ်ချင်ဆိုရင်တော့ လုပ်ရင် ကောင်းမလား ဆိုတာထက် လုပ်ကြည့်လိုက်ပါ။ မလုပ်ဘူးရင် သူများပြောတာတွေ နားထောင် စာဖတ်တာနဲ့ ပဲ အချိန်ကုန်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ် ယုံကြည်မှုရှိတယ် စာတွေ့ နဲ့ လက်တွေ့ ပေါင်း ကြည့်မှပဲ သိလိမ့်မယ်။

မိသားစုကို ထောက်ပံ့နေရလား ?

မိသားစု ကို ထောက်ပံ့နေရတယ်ဆိုရင်တော့ Startup လုပ်မယ်ဆိုရင်တော့ စဉ်းစားစေချင်တယ်။ Startup လုပ်မယ်ဆိုရင်တော့ အနည်းဆုံး ၃ နှစ်လောက် ထိ မိသားစုကို ပြန်ပြီး ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိသားစုကို ထောက်ပံ့ နေရသည့် သူတွေက အခြားသူတွေ အတွက် risk ပိုများပါတယ်။ ဖြစ်နိုင်ရင် မလုပ်စေချင်ဘူး။ မိသားစုက ကိုယ့်အပေါ် မှီခိုနေရတယ်ဆိုရင်တော့ ကိုယ့်အိပ်မက်တွေ နောက် ကိုယ်က လိုက်ရင်း သတိထားမိသည့် အချိန်မှာ မိဘတွေ အိုမင်းနေပြီး ကိုယ်က ဘာမှ ပြန်မလုပ်ပေးနိုင်တာဖြစ်မှာ စိုးရိမ်မိတာလည်း ပါတယ်။

Funding

နောက်ပြီးတော့ Funding ရှာမယ်ဆိုရင် ပြဿနာ အချို့ကို ရင်ဆိုင် နေဖို့ ပြင်ထားရပါမယ်။ Company ဟာ ကိုယ့်တစ်ယောက်တည်း ဆုံးဖြတ်ချက်နဲ့ မဟုတ်ပဲ investor တွေရဲ့ အကြံပေးချက်တွေပါ ပါဝင်လာပါတယ်။ နောက်ပြီး Funding ကို ကိုယ်က ရှာသည့် အခါမှာ မဖြစ်သေးတာတွေကို ဖြစ်လာမယ်ဆိုပြီး ပြောပြီး ရှာရတာပဲ။ ဒါကြောင့် ပေးထားသည့် ကတိက ကိုယ် မလုပ်ဘူးသည့် market မှာ လုပ်ရသာ ဖြစ်သည့် အတွက်ကြောင့် ပိုပြီး ကြိုးစားဖို့ လိုတယ်။ Risk တွေ ယူရဲ ဖို့လိုတယ်။ ကိုယ် product ကို အောင်မြင်မယ် ပြိုင်ဘက်တွေ ပေါ်လာလည်း ယှဉ်နိုင်မယ်လို့ ယုံကြည်တယ် ဆိုရင်တော့ Funding ရှာပြီး ပြန်လာပြီး startup လုပ်ဖို့ အဆင်ပြေပါတယ်။

Self Funding

ကိုယ့်ဘာသာကိုယ် စုထားသည့် ငွေကနေ startup လုပ်မယ် ဆိုရင်တော့ stable ဖြစ်သည့် လစာ လိုမျိုး လကုန်ရင် လခ မရဘူး။ နောက်ပြီး လကုန်ရင် ကိုယ်က လစာတွေ ရှင်းပေးရသည့် အတွက်ကြောင့် buring rate ကို cover ဖြစ်အောင် မနည်းရုန်းကန်ရပါတယ်။ ကိုယ့်ငွေ ဖြစ်သည့် အတွက်ကြောင့် အများကြီး ချွေတာ သုံးဖြစ်တယ်။ ဒါကြောင့် လူတွေ အများကြီး မငှားနိုင်ဘူး။ ဒါကြောင့် ပိုပြီးတော့ ရုန်းရတာတွေ ရှိတယ်။ စီနီယာ တွေ အများကြီး မငှားနိုင်သည့် အတွက် ကိုယ်တိုင် အများကြီး ဝင်လုပ်ရမယ်။ ဂျူနီယာတွေ များတာဖြစ်သည့် အတွက် အများကြီး ပြန်သင်ပေးဖို့ လိုတယ်။

ရန်ကုန် အခြေခံ အခြေအနေ

မီးက နွေရာသီကလွဲပြီး အခြားရာသီတွေမှာ အဆင်ပြေပါတယ်။ ပျက်လည်း ခဏလောက်ပဲ ပျက်တယ်။ အင်တာနက် က လည်း ရွေးချယ်စရာတွေ များလာပါပြီ။ မြို့ထဲမှာဆိုရင် Myanmar Net လိုမျိုး wifi service တွေ ရှိပြီးတော့ fiber လိုင်း ရသည့် company ကလည်း တစ်ခု ထက် မက ရှိနေပါပြီ။ တခြားနိုင်ငံတွေ ထက်စာရင် fiber အင်တာနက်က ဈေးကြီးပေမယ့် အရင်တုန်းကထက် စာရင် ပိုပြီး stable ဖြစ်လာသည့်အတွက် အလုပ်တော့ဖြစ်တယ်။ အဓိက ကုန်ကျနိုင်တာက အခန်းငှားခ ၊ နောက်ပြီး အခန်းပြင်ဆင်မှုပါ။ နည်းပညာ company အနေနဲ့ အင်တာနက် နှင့် လျှပ်စစ်မီး မှန်ရန် အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ Banking စနစ်က အကောင်းကြီး မဟုတ်သေးဘူး။ ဒါပေမယ့် သုံးလို့ရတယ်။

လူစွမ်းအား အရင်းအမြစ်

ရန်ကုန်မှာ tech startup အတွက် အဓိက ပြဿနာက လူရှာရတာပဲ။ ကျွန်တော်တို့ စလုံးမှာ လုပ်ခဲ့သလို အကုန်လုံးက တတ်ပြီးသား လူတွေ ဖြစ်ပြီးတော့ လုပ်ရကိုင်ရတာ အဆင်ပြေတယ်။ အခု ရန်ကုန်မှာတော့ ကိုယ်လိုချင်သည့် အရည်အသွေးကို ရဖို့ ခက်တယ်။ ကိုယ်လိုချင်သည့် အဆင့်ကို ရောက်လာဖို့ ကိုယ်တိုင် သင်ပေးမှ ရမယ်။ နောက်ပြီးတော့ ကိုယ့်ဘာသာကိုယ် လေ့လာနိုင်အောင် လည်း တွန်းအား ပေးဖို့လိုတယ်။ အများအားဖြင့် အင်္ဂလိပ်လို ဆို သိပ်မဖတ်ဖြစ်ကြတာ များတယ်။ ဒါကြောင့် ဖတ်လာအောင် ကိုယ်တိုင်လေ့လာတတ်အောင် တွန်းပေးဖို့ လိုမယ်။

လူငှားခြင်း

နောက်ပြီး Startup ဖြစ်သည့် အတွက်ကြောင့် လူခေါ်ရတာက company ကြီးတွေထက် ပိုခက်တယ်။ Startup company ကို လျှောက်သည့်သူတွေ တော်တော်များများဟာလည်း အချို့ company တွေလောက် လခ မပေးနိုင်တာ ကြောင့်ပါပါတယ်။

ပွင့်ပွင်းလင်းပြောရရင် စင်္ကာပူ မှာ popular ဖြစ်ပေမယ့် ရန်ကုန်မှာ မသုံးသည့် သူတွေ အများကြီးပါပဲ။ ဥပမာ React JS လိုမျိုး ကျွန်တော်တို့ သုံးချင်တယ် ဆိုရင် လူရှာရခက်တယ်။ local မှာ သင်တန်း တက်ပြီး အလုပ်လုပ်သည့် လူတွေ များတော့ သင်တန်းမရှိသည့် နည်းပညာဆိုရင် လူလည်း ရှာလို့ မရဘူး ဖြစ်နေပါတယ်။ ရန်ကုန်က သင်တန်းတွေက PHP Laravel , .NET , Java တွေ များသည့် အတွက် ကိုယ်က python နဲ့ ချမယ် node.js ချမယ် ဆိုရင် လူမရှိဘူး ဖြစ်နေတတ်တယ်။

လူရှာပြီးရင် လူမြဲအောင်လည်း ကြိုးစားဖို့ လိုပါတယ်။ Startup တွေဟာ လူနည်းသည့် အတွက် လူအများကြီး ရှိသည့် company တွေ ထက် ပိုပြီး အလုပ်လုပ်ရတယ်။ Startup တွေမှာ ဝန်ထမ်းတွေဟာ အစိတ်အပိုင်း တစ်ခု ထက် ပိုတယ်။ လူနည်းသည့် အတွက်ကြောင့် လုပ်ရတာတွေ များတယ်။ ကိုယ်လုပ်နေသည့် project အကုန်လုံး သိဖို့ လိုတယ်။ ဒါကြောင့် ပိုပြီးတော့ လေ့လာသင်ယူနိုင်တယ်။ သို့ပေမယ့် လခ နည်းတာရယ် အလုပ်များတာရယ်ကြောင့် ဝန်ထမ်းတွေကို ရေရှည် ထိန်းဖို့တော့ ကြိုးစားဖို့ လိုပါတယ်။ Company အောင်မြင်လာတာနှင့် အမျှ အစက ဒုက္ခခံပြီး လုပ်ခဲ့သည့် ဝန်ထမ်းတွေကို မမေ့ဖို့လည်း လိုအပ်တယ်။

စီးပွားရေး

တကယ်လုပ်မှသာ စီးပွားတစ်ခု ဘယ်လို လုပ်ရမလဲ ဆိုတာကို သိပါလိမ့်မယ်။ စာအုပ်တွေ ဖတ်ထားတာတွေက စာတွေ့ အနေနဲ့သာ ရှိပြီး အချို့ အရာတွေဟာ လက်တွေ့မှာ ခက်ခဲတာတွေ တွေ့နိင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့တွေ ဖတ်ထားသည့် စာအုပ်တွေဟာ မြန်မာနိုင်ငံနဲ့ မကိုက်ညီမှု အရာတွေ ရှိတယ်။

Product လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ facebook ကသာ အရာရာ အားလုံးပဲ။ ပစ္စည်းရောင်းလည်း facebook ။ သင်တန်းကြော်ငြာလည်း facebook။ အလုပ်ခေါ်တာ ကြော်ငြာတာလည်း facebook ပဲ။ ဒါကြောင့် Facebook ထဲကနေ ဆွဲမထုတ်နိုင်ရင်တော့ ကိုယ်က facebook ထဲ ဝင်ပြီး ဘယ်လို လုပ်လုပ်လို့ ရမလဲဆိုတာ စဉ်းစားထားဖို့ လိုတယ်။

အခြား အလုပ်အကိုင်

နည်းပညာသမားတွေ အနေနဲ့ နည်းပညာ လုပ်ငန်း အပြင် အခြား ဘာလုပ်ငန်းနဲ့ လုပ်လို့ ရသေးလဲ ရှာကြည့်ဖို့လိုတယ်။ ပန်းချီကား ရောင်းတာ မြန်မာ့ လက်မှုတွေ ရောင်းတာ စသည် ဖြစ် အခြား စီးပွားရေး အမျိုးအစား တစ်ခုခု ကို နည်းပညာနဲ့ ပေါင်းပြီး လုပ်ဖို့လည်း ထည့်စဉ်းစားသင့်တယ်။

Code နည်းနည်းသာ ရေးနိုင်ခြင်း

ကျွန်တော်တို့လို Developer လုပ်ခဲ့သည့် သူတွေ အနေနဲ့ Startup စသည့် အခါမှာ code တွေ ရေးနေတာထက် အခြားအလုပ်တွေ နဲ့ ပိုပြီး ရှုပ်နေရ ပါတယ်။ ဒါကြောင့် ကိုယ်တိုင် code ရေးဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကိုယ်တိုင် code ရေးဖို့ အချိန်ဟာလည်း အလုပ်ချိန် အပြည့် မရနိုင်သည့် အတွက် timeline တွေ တွက်သည့် အခါမှာ သတိထားဖို့ လိုတယ်။

Team Work

Startup တစ်ခုမှာ team က အရေးကြီးတယ်လို့ မြင်တယ်။ ကိုယ် လုပ်ချင်တာတွေ အနောက်က လိုက်လုပ်ပေးနိုင်မယ့် team တစ်ခု လိုအပ်တယ်။ ကိုယ့်စိတ်ကြိုက် team လေး တစ်ခုဖြစ်လာအောင် တော်တော် အချိန်ပေးရတယ်။ အဲဒီအတွက်လည်း ငွေကြေးက အတော့်ကို ကုန်ကျတယ်လို့ ဆိုရမယ်။

Knowledge Sharing and training

မြန်မာနိုင်ငံကို ပြန်လာပြီး Startup လုပ်သည် ဖြစ်စေ အခြား company မှာ ဝင်လုပ်သည် ဖြစ်စေ Knowledge Sharing လုပ်ဖို့ လိုပါတယ်။ Team တစ်ခုလုံး ကောင်းမှသာ ကိုယ့်တာဝန် သက်သာမှာပါ။ Team တစ်ခုလုံး ကောင်းလာအောင် ကိုယ်တိုင် team ကို ပြန်ပြီး train ပေးဖို့ လိုတယ်။ ကိုယ့်မှာ ရှိခဲ့သည့် အတွေ့အကြုံတွေ ကိုယ့် တခြားနိုင်ငံမှာ ရလာသည့် ဗဟုသုတ တွေကို ပြန်ပြီး မျှဝေခြင်း အားဖြင့် ကိုယ့်ရဲ့ team ကို လုပ်နိုင်စွမ်းရှိလာအောင် ကြိုးစားပေးဖို့ လိုပါတယ်။

နိဂုံး

ပြန်လာချင်တယ်။ စွန့်စားကြည့်ချင်တယ်ဆိုရင် ပြန်လာခဲ့ပါ။ မလုပ်ကြည့်ရင်တော့ မသိနိုင်ပါဘူး။ နောက်ပြီး ကျွန်တော်တို့ဆီမှာ တကယ်လုပ်နိုင်သည့် သူတွေ နောက်ပြီး နောက်မျိုးဆက်ကို မျှဝေပေးမယ့် လူတွေ လိုအပ်နေပါတယ်။ ပွင့်ပွင့်လင်လင်း ဆိုရ ရင် စင်္ကာပူမှာ သုံးနေသည့် နောက်ဆုံး popular ဖြစ်နေသည့် technlogy တွေဟာ local မှာ မသုံးသလောက် ဖြစ်ပြီး ကိုယ်သုံးမယ်ဆိုရင်လည်း လူငှားဖို့ အရမ်းကို ခက်ပါတယ်။ ဒါကြောင့် ကိုယ့် team ကို ကိုယ်လိုချင်သည့် ပုံစံ ရအောင် ပြန် train ရတာ အချိန်ကော ငွေကော ကုန်တယ်။ နောက်ပြီး ကျွန်တော် အမြဲ ကြားကြားနေရသည့် ပြဿနာက သင်ပြီးရင် ထွက်ထွက်သွားတယ်ဆိုသည့် ပြဿနာဟာလည်း ရန်ကုန်မှာ မဆန်းဘူး ဆိုရမှာပဲ။ တတ်သွားသည့် အခါမှာ အခြား company ကြီးတွေမှာ လခ ပိုပေးနိုင်သည့် အတွက် ပြောင်းသွားကြတာလည်း မမှားပါဘူး။ ဒါတွေကိုတော့ Startup ပြန်လာလုပ်သည့် အခါမှာ မဖြစ်မနေ ကြုံရမည့် ဟာတွေပါပဲ။

ရန်ကုန်မှာ အပြင်ကနေ မမြင်ရသည့် နည်းပညာ ပြဿနာတွေ အများကြီးရှိတယ်။ ဖြေရှင်းနိုင်မယ့်သူကိုလည်း တစ်ယောက်ယောက် ရဲ့ recommend နဲ့သာ ရှာလေ့ရှိတာကတော့ မြန်မာ့ ယဉ်ကျေးမှု တစ်ခုလိုပဲ။ ဒါကြောင့် ဘယ် company ကတော့ ဘယ် ပြဿနာတွေကို ဖြေရှင်းပေးနိုင့်သူ လိုပါမယ်ဆိုတာကို အပြင်မှာ နေရင် တွေ့နိုင်မှာ မဟုတ်ဘူး။ အထဲကို ဝင်ရောက်ပြီး လုပ်ကိုင်မှသာ တွေ့ရလိမ့်မယ်။

ဘာပဲပြောပြော ကိုယ့်နိုင်ငံ ပြန်လာပြီး လုပ်ရတာ အချိန်ကော ငွေကော ကုန်တယ်။ အခုအချိန်ထိ နားလည်တာကတော့ "အောင်မြင်ဖို့ကတော့ formula မရှိဘူးပဲ" ပြောရမှာပဲ။


 
38 Kudos
Don't
move!

Leave a Reply