No electric => No Idea , No Product

အခုတလော မီးတွေ ပြန်ပြီးတော့ ပျက်နေပြီနော်။ တခြားလူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ တော်တော်လေးကို ညစ်တာ အမှန်ပဲ။ ကျွန်တော်တို့ မြို့ထဲကိုတော့ မီးက ပုံမှန်မလာနိုင်တောင် တခြား မြို့နယ်တွေထက် အချိန်ပိုတာကို ကျေးဇူးတင်ရမယ်ဗျာ။ မီးက လာပေးစေချင်ပါတယ်။ မလာနိုင်တာတော့ ဘယ်တတ်နိုင်မလဲဗျာ။ မီးမရှိတဲ့ နေ့လည်တွေဆို ဘာမှ လုပ်လို့မရ။ ငုတ်တုတ်ထိုင်နေရတယ်။ ဘာမှလည်း လုပ်မရဘူးလေ။ ကျွန်တော်တို့တွေက Computer သမားဆိုတော့ Computer ရှိမှ idea ထုတ်လို့ရတယ်။ Product တွေထွက်လာအောင် ကြံဆလို့ရတယ်။ e-book တွေ ဖတ်လို့ရတယ်။ စာတွေ ဖတ်လို့ရတယ်။ မီးမလာတော့ ဘာမှ လုပ်စရာမရှိ။ စာအုပ်ဝယ်ဖတ်မယ် စဉ်းစားပြန်တော့လည်း စာအုပ်ဈေးတွေက လန်ထွက်တယ်။ တရားစာအုပ်ပဲ ဈေးသက်သာတယ်။ ဖတ်ချင်တဲ့ စာအုပ်တွေက အနည်းဆုံး ၃ ထောင် လောက်ဈေးရှိတာနဲ့ စာအုပ်လည်း မဝယ်ဖြစ်။ ဘာမှလည်း လုပ်မရ။ မီး အချိန်ပြည့်လာနိုင်ပါစေလို့ ဆုတောင်းနေပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.