Resume

တချို့တွေက CV လို့ ခေါ်ကြပြီး တချို့တွေက Resume လို့ ခေါ်ကြတယ်။ အဓိကတော့ အလုပ်လျှောက်ဖို့ ကိုယ်ရေး အကျဉ်းပေါ့။ Resume ကတော့ cover letter လေးပါတတ်ပြီးတော့ CV ကတော့ မပါလာပါဘူး။ သိပ်တော့ အကွာကြီး မဟုတ်လောက်ပါဘူး။ အခုတလော Resume တွေ ဖတ်ကြည့်ဖြစ်သည့် အခါမှာ ကျောင်းပြီးကာစ fresh graduated တွေက resume ကောင်းကောင်း မရေးတတ်တာကို တွေ့ရတယ်။ နောက်ပြီးတော့ တချို့တွေက ပုံစံတူတွေ များတော့ စာစီစာရိုက်ဆိုင်မှာ form ပုံစံ ရှိပြီး အဲဒါလေးကိုပဲ ဖြည့်လိုက်တာများလားလို့တောင် ထင်မိတယ်။ ကျွန်တော် စင်္ကာပူ စရောက်ကာစ Resume ကောင်းကောင် မရေးတတ်လို့ ကိုမျိုးအောင် (ကိုဒီဘီ) […]

Server is slowing

မနေ့က မနက်က အထိ server က ပုံမှန် အလုပ်လုပ်သေးပေမယ့် မနေ့ညနေမှာတော့ သိသိသာသာ နှေးသွားတယ်။ ဒါနဲ့ Digitalocean က support team ကို သွားမေးတော့ သူပြန်မေးတာတွေကို ပြန်ဖြေ ။ ကိုယ့်မှာ ရှိတဲ့ information လေးတွေ ပေးရင်း သူက database ကြောင့်နှေးနေတာလို့ ဆိုတယ်။ ဒါနဲ့ ပုံမှန် .html လေးကို စမ်းကြည့်တော့ server က မနှေးတာကို တွေ့တယ်။ mysql connection ပါရင် နှေးနေကော။ nginx ရဲ့ access log ကို ကြည့်လိုက်တော့ မြန်မာ blog ရဲ့ ajax-admin.php က ခဏခဏ ခေါ်နေတာ […]

အိန္ဒိယ ရုံးခွဲ

မတ်လ တုန်းက လုပ်ငန်းခွင် ဆိုပြီး post တစ်ခု ရေးခဲ့ဖူးပါတယ်။ အခုတလော ရုံးက အိန္ဒိယ ရုံးခွဲ နဲ့ အလုပ်လုပ်ရင်း သဘောပေါက်လာတာတွေ ရှိတယ်။ အိန္ဒိယမှာ ရုံးခွဲ ဖွင့်ပြီးကတည်းက လူကောင်းကောင်း မရသေးဘူး။ အခုနောက်ပိုင်း ခန့်ထားတဲ့ UI designer ကတော့ တော်တော် တော်တယ်။ အခြား iOS developer တွေ resume တွေထဲမှာ ရေးသလောက် သုံးမရဘူး။ နောက်ပြီး ရုံးခွဲအတွက် web developer ရှာတော့ resume ဖတ်ပြီး အင်တာဗျူးခေါ်ဖို့ လူရွေးရတဲ့ အလုပ်က ကျွန်တော့် ဆီ ရောက်လာပါကော။

Copyright

တနင်္လာနေ့လောက်တုန်းက ကို မောင်မောင်ဆန်း facebook မှာ share ထားတာနဲ့ C-O-P-Y ကိုယ်ပိုင် ဆိုတဲ့ post ကို ဖတ်ဖြစ်သွားတယ်။ အဲဒါနဲ့ မှတ်မှတ်ရရ အရင်တုန်းက deviantArt မှာ windows XP theme တွေ ကျွန်တော် ဆွဲတုန်းက deviantArt မှာ မူရင်း ပိုင်ရှင်က သူ့ ကိုယ် icon တွေ ခွင့်ပြုချက် မယူပဲ ယူသုံးထားပါတယ်ဆိုပြီး ပြောခံထိဖူးတယ်။ အဲတုန်းက ကျွန်တော့် အသက် ၁၇ လောက်ပဲ ရှိအုံးမယ်။ ခွင့်ပြုချက်တောင်း ရမယ်ဆိုတာကို မသိခဲ့တာလည်း ပါတယ်။ ဒါကြောင့် အဲတုန်းက သူ့ကို တောင်းပန်ပြီး icon တွေ ပြန်ဖြုတ်ပေးရမလား မေးခဲ့ဖူးတယ်။ အဲဒီက […]

Information Technology

IT , IT ဆိုပြီး ခေတ်စားလာသလို IT သမားတွေပေါ်လာသလို IT ကို လေ့လာနေတယ်ဆိုတဲ့ စကားလုံးတွေလည်း တချိန်တခါတုန်းက သွင်သွင်ကြီး သုံးခဲ့ကြတာ မှတ်မိသေးပါရဲ့။ IT ဆိုတာက ဘာလဲလို့ဆိုရင် Information Technology ပါပဲ။ အရင်တုန်းက IT နဲ့ programming ဘာဆိုင်လို့လဲ။ web development နဲ့ IT နဲ့ ဘာဆိုင်လို့လဲ။ IT လို့ ပြောပြီး programming တွေ လေ့လာ web site ဆွဲတာတွေကို လေ့လာ။ နောက်ပြီးတော့ ဘာလို့ IT ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ခဲ့တာလဲဆိုတာကို လုံးလုံးကြီးကို မသိခဲ့တာ အမှန်ပါ။ အခုအချိန်မှာ လုပ်ငန်း အတွေ့အကြုံရှိလာတော့မှပဲ IT ဆိုတဲ့ […]

ရဲရဲနီကုန်ပြီ

ဘယ်သွားသွား ငါတို့ browser တွေ ရဲရဲနီကုန်ပြီ ဘယ်ဝင်ဝင် မီးလျှံမြေခွေး ရဲရဲနီကုန်ပြီ ဘာလုပ်လုပ် ရောင်စုံဘောလုံးလည်း ရဲရဲနီကုန်ပြီ ငါလုပ်နေတာ မဟုတ်တာ မပါဘူး ငါလေ့လာချင်တာ မဟုတ်တာ မဟုတ်ဘူး ငါဖတ်ချင်တာ မဟုတ်တာ မဟုတ်ဘူး မင်းတို့ကို ထိခိုက်မှာလည်း မဟုတ်ဘူး ဒါပေမယ့် ငါတို့ website တွေ တဖက်သက် စွပ်စွဲချက်တွေနဲ့ အယူခံဝင်ခွင့်တောင် မရခဲ့ဘူး

WTF!!! Where is unsubscribe link

ရန်ကုန်မှာ အင်္ကျီဝယ်တုန်းက ကံစမ်းမဲ form လေးပေးလို့ email ပါ ထည့်ဖြည့်လိုက်ပါတယ်။ နောက်ပိုင်း ကြော်ငြာတွေ အလကားနေရင်း ဝင်လာတယ်။ ဒါနဲ့ Filter လုပ်ထားလိုက်ရတယ်။ အဲလိုပဲ တက်ခဲ့ဘူးတဲ့ သင်တန်းတွေရဲ့ ကြော်ငြာတွေလည်း ခဏခဏ ဝင်လာတယ်။ အဲဒါတွေလည်း Filter လုပ်ရတာပဲ။ မြန်မာနိုင်ငံက ပို့တဲ့ Mail တော်တော်များများက unsubscribe link မပါလာဘူး။ အဲဒါက Spam နဲ့ အတူတူပဲဗျ။ တကယ်လို့ သတင်းတွေ ပို့ချင်တယ်ဆိုရင်တောင် အနည်းဆုံး မလိုချင်တဲ့အခါမှာ Unsubscribe လုပ်ခွင့်ရသင့်တယ်။ ကြည့်ရတာ မြန်မာနိုင်ငံမှာ email marketing ဆိုပြီး email ပဲ အကုန်လုံးကို To တွေ ခံပြီး ပို့တယ်နဲ့တူတယ်။ No […]