Is it worth ?

အခုတော့ infinity Blade ဆော့တာ အကုန်ပြီးပြီ။ Achievements ကတော့ ၃၈ ခု ပဲရှိသေးတယ်။ နောက်ထပ် ၄ ခုလောက် ရရင်တော့ ပြည့်ပြီ။ သို့ပေမယ့်လည်း မဆော့ချင်တော့ဘူး။ အခု All master ဖြစ်သွားတဲ့အတွက်ကြောင့် ထပ်ပြီး level တက်စရာ မရှိတော့သလို God King နဲ့ ချရင်လည်း လွယ်လင့် တကူနိုင်နေပြီ။ အဲ… အဆိပ်မမိသွားရင်ပေါ့။ God King နဲ့ ချတဲ့အခါမှာ ဓားစာ တချက်မိသွားရင် အဆိပ်မိသွားတတ်တယ်။ Heal ပြန်မလုပ်နိုင်ရင် သေပြီပဲ။ အဲဒါ တော်တော်ဆိုးတယ်။ တနည်းပြောရင် ညစ်ထားတာပေါ့ဗျာ။ ဆော့ရင်းနဲ့ ဂရုပြုမိလာတာက Infinity Blade company က တော်တော် ညစ်ထားတာပဲ။…More

iချင်း

iBell သံနှင့် မနက်မိုးလင်း iBus stop မှာ iPeople များ… iphone များနှင့် အလုပ်ရှုပ်နေ… iMRT ဝယ် iPhone များနှင့် ကလိကလိ… iPad များနှင့် iBook ကြီးကို ဖတ်နေကြပြန်… iOffice မှာ iApp များ ရေးရပြန်သည်… iApp အကြောင်း ဆွေးနွေးပြန်သည်… iOS အသစ်အကြောင်း ပြောကြပြန်၏…More

Do not upgrade Ornagai 1.4

Ornagai 1.4 ကို upgrade မလုပ်နဲ့အုံးဗျ။ ကျွန်တော် iPodTouch ကို jailbreak လုပ်လိုက်တာ မှားသွားတယ်ဗျာ။ မြန်မာ font embed ကို စမ်းမရပဲ simulator မှာ ပေါ်တာနဲ့ တင်လိုက်တာ။ အခု jailbreak မဟုတ်တဲ့  device တွေမှာ မပေါ်ဘူးဆိုလို့ ပြန်စမ်းကြည့်မှ error တွေ့တယ်။ sorry ဗျာ။ ဒီည Ornagai 1.4.1 ကို တင်ပေးပါ့မယ်။ အခုတော့ ကျွန်တော့် device ကို restore လုပ်ထားတယ်။ iPhone simulator က မယုံရတော့ဘူး =(More

time to change ve ?

မနေ့က MZ 2.0 ကို server မှာ တင်တော့ view တွေ ပါနေတော့ မရဘူး ဖြစ်နေတယ်။ ဒါနဲ့ MT ကို မေးရတယ်။ ၁ ရက်ကျော်ကျော်လောက် စောင့်လိုက်မှပဲ ပြန်ဖြေတယ်။ gs က view ဆောက်ခွင့်မရှိဘူးတဲ့။ dv ဝယ်ပါတဲ့။ dv တော့ မဝယ်နိုင်သေးဘူး။ ve ဆို၇င်ကော ရမလား မေးထားအုံး။ eee…. server ဖိုးက ကုန်အုံးမယ်။ iPad ကြောင့် ပိုက်ပိုက် တွေ ခမ်းသွားတာ။ server ထပ်ဝယ်ရအုံးမယ်ဆိုရင်တော့ =( VE က ဈေးများတယ်ဗျ။ တနှစ်ကို $300 တောင် ဆိုတော့ ကျွန်တော့်အတွက် နည်းတာမဟုတ်ဘူးလို့ ဆိုရမလိုပဲ။ ဟူး…. Django ပါရရင်တော့ VE ကို ပြောင်းဖို့ များပါတယ်။ ဒီလ တော့ MZ 2.0 တင်လို့တော့ မရလောက်သေးဘူး။…More

ပန်းပြားပင်

ရာဇသြင်္ကန် မဲဇာ ပို့ခံထိတဲ့ အကြောင်းကို ငယ်ငယ်တုန်းက ကျွန်တော်တို့တွေ သင်ခဲ့ရတယ်။ နရပတေ့ကို မင်းတင်ခဲ့ပြီး ချီးမြှင့်မြှောက်စားခြင်း မခံရတော့ “ပန်းပွတ်သည် သားမြေးတွေ ကောင်းစားနေသောကြောင့်” ဆိုပြီး နရပတေ့ မင်း ကို ခနဲ့ ခဲ့တယ် ။ အဲဒါကြောင့်ပဲ မဲဇာ ပို့ခံထိတာပေါ့။ သို့ပေမယ့် မဲဇာရောက်တော့ ပန်းပြားပင်ကဲ့သို့ လေယူရာ မယိုင်းခဲ့လေခြင်း ဟု ဆိုခဲ့လေတယ်။More

Keyboard ဘယ်တော့ရမလဲ

FAQ မှာလည်း ရေးထားပြီးပါပြီ။ ဒါပေမယ့် ခဏခဏ မေးနေလို့ post တစ်ခုအနေနဲ့ တင်လိုက်တာပါ။ အဖြေကတော့More

WP Touch with Zawgyi Embed [Fixed]

WP Touch ကို update လုပ်လိုက်တာ Zawgyi font က iPhone ပေါ်မှာ မပေါ်တော့ဘူး။ ဒါနဲ့ ဘာလို့လည်း တော်တော်အဖြေရှာလိုက်ရတယ်။ css တွေဖျက်။ javascript တွေ ဖျက်။ ဘာမှမထူး။ နောက်ဆုံးတော့မှ Doctype ပြဿနာ ဖြစ်နေတယ်။ wp-content/plugins/wptouch/themes/core/core-header.php အဲဒီက <!DOCTYPE html PUBLIC “-//W3C//DTD XHTML 1.0 Transitional//EN” “http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd”> ဆိုတာကို remove လုပ်လိုက်ရင် ရတယ်။ iDevice က Safari တစ်ခုတည်းက အဲဒီ ပြဿနာ ရှိတယ်ထင်တာပဲ။ အဲဒီ DOCTYPE ကြေငြာတာလေး ဖြုတ်လိုက်တော့ အလုပ်လုပ်သွားပါလေရော။More

My Sites has been down

မနေ့က ညနေကနေ စပြီးတော့ blog က ဖွင့်လို့မရတော့ဘူး။ အစကတော့ server restart ချတယ်ထင်ပြီး စောင့်ကြည့်လိုက်သေးတယ်။ ခက်တာက တော်တော်နဲ့ ဖွင့်လို့မရတာနဲ့ ည ၂ နာရီလောက်ရောက်တော့ bluehost ကို live chat နဲ့ မေးလိုက်တယ်။ သူတို့server ဘက်ကို မေးကြည့်ပေးမယ်ဆိုပြီး ခဏလောက်စောင့်လောက်တော့ site က DDos တိုက်နေလို့ down ထားပါတယ်တဲ့။ ပြန်ဖွင့်လို့ရတဲ့ အချိန်ပြန်ဖွင့်ပေးမယ်လို့ reply လာတယ်။ အင်း… ထင်တော့ ထင်သား။ ဘာလို့ DDos တိုက်လဲတော့ မစဉ်းစားတတ်အောင်ပဲ။ အရင်ကတည်းက တစ်ခါမဟုတ် တစ်ခါတိုက်ခံထိနေတာ။ တိုက်ခံထိလိုက်တိုင်း server ပြောင်းရတယ်။ Bluehost ကတော့ မဆိုးဘူးပဲ။ 24 hours…More