To Developers From Developer

ကျွန်တော် ရန်ကုန်က ဖန်တီးရာ မှာ “To Developers From Developer” ခေါင်းစဉ်နဲ့ developer တစ်ယောက် အနေနဲ့ သိသင့် သိထိုက်တာများကို ဆွေးနွေးပါမယ်။ ဇွန် လ ၇ ရက်နေ့ ညနေ ၆ နာရီ ကနေ ၈ နာရီ ဖြစ်ပါတယ်။ တက်ရောက်ချင်သူများ အနေနဲ့ ဒီမှာ စာရင်း ပေးသွင်းကြပါ။ လိပ်စာကတော့ အမှတ် ၅၆၁ ကုန်သည်လမ်း , MAC Tower , ၁၁ ထပ် ဖြစ်ပါတယ်။More

Editing the OpenStreet Map Road

OSM မှာ လမ်းနာမည်တွေ ဘယ်လို ပြင်ရသလဲ ဆိုတာကို video လေးနဲ့ ပြထားပါတယ်။ ဇော်ဂျီ နဲ့ ရေးထားတဲ့ လမ်းနာမည်တွေကို unicode နဲ့ ပြင်ပေးချင်သူတွေ ၊ ဒါမှမဟုတ် ကိုယ့် အိမ်ရှိတဲ့ လမ်းနာမည်တွေ ထည့်ချင်တဲ့ သူတွေ အတွက် အသုံးဝင်ပါလိမ့်မယ်။More

Becoming Steve Jobs

Walter Isaacson ရဲ့ Steve Jobs စာအုပ်ထွက်ပြီး နောက်ပိုင်းထွက်တဲ့ Steve Jobs အကြောင်းရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို Steve Jobs နဲ့ တွဲ လုပ်ဖူးတဲ့ လက်ရှိ Apple က executives တွေက သဘောကျတဲ့ စာအုပ် ဆိုတာ ကြောင့် ထပ်ပြီးတော့ ဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်က အတ္ထုပတ္တ ထက်စာရင် drama ပိုဆန်ပါတယ်။ ဖတ်ရတာ ပိုပြီးတော့ အရှိန်ရပါတယ်။ ကျွန်တော်ကတော့ Walter Isaacson စာအုပ်ထက် စာရင် Becoming Steve Jobs စာအုပ်ကို ဖတ်ရတာ ပိုအားရတယ်။ Walter Isaacson က Steve Jobs အကြောင်း အသေးစိတ်ပါတဲ့ အတွက်…More

Changed to the Strip Payment at HTML 5 Book Website

HTML 5 စာအုပ်ကို online ပေါ်မှာ စပြီး ရောင်းတော့ အဓိက ပြဿနာက မြန်မာနိုင်ငံက ဝယ်မရတာ ပဲ။ ဝယ်ချင်တဲ့ သူတွေ ရှိပေမယ့် မြန်မာနိုင်ငံကနေ ဝယ်မရဘူးလို့ ဆိုပါတယ်။ Gumroad က မြန်မာနိုင်ငံကို ပိတ်ထားတဲ့ အတွက် ပြည်တွင်းကနေ ဝယ်မရတာပါ။ ဒါကြောင့် Stripe ကို ပြန်ပြောင်းရေးရပါတယ်။ Stripe ကို ပြန်ပြောင်းရေးတော့ အဓိက ပြဿနာက backend ပိုင်း code တွေ database တွေပါ ရေးရတာတွေ ပါလာပါတယ်။ ပြီးတော့ ပထမ ဆုံး အကြိမ် Stripe ကို အသုံးပြုတာကြောင့် စမ်းသပ်နေတာနဲ့တင် အချိန် တော်တော်ကြာသွားတယ်။ Gumroad ကို အသုံးပြုရင်တော့…More

Kindle Paper White 2015

Nook က အတော်လေးကို စုတ်သွားပြီးတော့ page ပြောင်းတဲ့ ခလုတ်တွေ နှိပ် မရတာနဲ့ နောက်ပိုင်း iBooks နဲ့ပဲ ဖတ်ဖြစ်တယ်။ သို့ပေမယ့် iBook နဲ့ ကြာကြာ မဖတ်နိုင်ဘူး။ iPad Air 2 ဆိုပေမယ့် ညအိပ်ခါနီး စာဖတ်တဲ့ အခါမှာ လေးတာနဲ့ နောက်ပြီး အရွယ်အစားကြီးတာရယ်ကြောင့် အကြာကြီး ကိုင်ပြီး မဖတ်နိုင်ဘူး။ ဒါကြောင့် Kindle သို့မဟုတ် Kobo ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ Lazada မှာ discount ချထားတာတွေ့ပြီး coupon သုံးပြီး ဝယ်ရင် အပြင်ပေါက်ဈေးထက် ၁၀၀ လောက် သက်သာနဲ့ Kindle Paperwhite 2015 ကိုပဲ ဝယ်ဖြစ်သွားတယ်။ Kobo Glod…More

Bugs

The pragmatic programmer စာအုပ်ဖတ်ပြီးတော့ ကိုယ့်ဘာသာကိုယ် ပြန်မေးမိတဲ့ မေးခွန်းက အခြား တစ်ယောက် က ငါ program ထဲမှာ bugs ရှာတွေ့ ရင် ငါ ရှက်မိသလား ? ရုတ်တရက် ဖြေမိရင်တော့ မရှက်မိဘူး။ Program တိုင်းမှာ bug ရှိတာပဲ။ bug ဖြစ်ရင် ပြန်ပြင်ပေါ့လို့ ပဲ လွယ်လွယ် ဖြေမိမှာပဲ။ The Pragmatic Programmer ဖတ်ပြီးတဲ့ အခါမှာ bug ရှိနိုင်ပေမယ့် လျော့ချနိုင်တယ်။ Testing အပိုင်းမှာ developer တွေ ရဲ့ ပေါ့လျော့တာကြောင့် bug များရခြင်း ဆိုရမယ်။ ဒါဟာ ရှက်စရာ ဆိုတာကို သဘောပေါက်လာတယ်။ ကျွန်တော်တို့ project…More

Updated On Programming Basic Book

ဒီ ၂ ပတ် ခရီးသွားနေချိန်အတွင်းမှာ ရတဲ့ အချိန်လေးတွေမှာ စာအုပ်ကို ထပ်ပြီး update လုပ်ဖြစ်ပါတယ်။ Programming Basic စာအုပ်မှာ OOP အပိုင်းကို ထပ်ဖြည့်ထားပါတယ်။ Python နဲ့ OOP က အပြည့်အစုံ ရှင်းပြလို့ မရတဲ့ အတွက် နောက် အခန်းတွေ အတွက်လောက်ပဲ အနည်းအကျဉ်း ရှင်းပြလို့ ရတယ်။ စာအုပ်ကို Data Structure က အချို့ အပိုင်းလေးတွေပါ ထည့်ချင်တာကြောင့် တစ်အုပ်လုံး ပြီး ဖို့ ကတော့ နည်းနည်းတော့ ကြာအုံးမယ်။ အခုမှ Stack အပိုင်းကို ရေးတုန်းဆိုတော့ Data Structure အပိုင်းက စလုံးရေစ ဆိုတဲ့ အဆင့်ပဲ ရှိသေးတယ်။ မျှော်မှန်းထားတဲ့…More

Last 9 years

လွန်ခဲ့တဲ့ ၉ နှစ် နိုင်ဝင်ဘာလ ၈ ရက်က blogspot ကနေ ပြီးတော့ blog တစ်ခု ကို စပြီးရေးဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ facebook လည်း မရှိသလို လူတွေလည်း blog စ ပြီး မရေးကြသေးဘူး။ အဲဒီအချိန်က ကိုညီလင်းဆက်တို့ ကိုမောင်လှ တို့ blog ကို ဖတ်ပြီးတော့ blog တစ်ခု စဖြစ်ခဲ့တယ် ဆိုရမယ်။ ကိုညီလင်းဆက် နဲ့ ကိုမောင်လှ ကျေးဇူးကြောင့် မြန်မာစာနဲ့ blog ရေးနည်းကို စပြီး သိခဲ့တယ် ဆိုရမယ်။ အခုအချိန်မှာတော့ မြန်မာလို ရေးတာဟာ ထူးထူးဆန်းဆန်း မဟုတ်တော့ပေမယ့် အဲဒီ အချိန်တုန်းက browser ပေါ်မှာ မြန်မာစာ ကော English…More