Shortest URL

bit.ly နဲ့ tinyurl တို့ရဲ့ service ကိုယူပြီးပြန်ရေးထားတယ်။ မူရင်း site ထက် မြန်တာပေါ့။ ဘာလို့လည်းဆိုတော့ ဘာပုံမှ မပါလို့ပဲဗျ။ ကျွန်တော် bit.ly မှာ ဆို ကြာတယ်လို့ထင်ရတယ်။ သူ့ ပုံတွေ loading လုပ်နေတာကြောင့်လည်းပါတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ် သုံးဖို့အတွက် ရေးထားတာပါ။ PHP code ကိုတော့ http://davidwalsh.name ကနေ ယူပြီး jquery နဲ့ ပေါင်းပြီး ရေးထားတာ။ လိပ်စာကတော့ http://www.saturngod.net/webtool/ အဲ..မေ့တော့မလို့… HTML5 ကိုသုံးထားတော့ firefox3.5 နဲ့ chrome 2 မှာမှ အဆင်ပြေမှာနော်… :DMore

ZawgyiKB 1.3.3

zawgyi.tar.gz ကိုဖြည်ချလိုက်။ ပြီးရင် terminal ကနေ ဖြည်ချထားတဲ့ ပတ်လမ်းကြောင်းကိုသွားလိုက်။ပြီးတာနဲ့ $./install.sh လုပ်လိုက်ရုံနဲ့ keyboard သွင်းပေးသွားတယ်။ တစ်ခါတည်း Left Alt ဆိုရင် keyboard change ပြီးတော့ Right Ctrl ဆိုရင် thrid level key ပြောင်းပေးတယ်။ –္စ လိုမျိုးရိုက်ချင်ရင် r-ctrl+p နှိပ်လိုက်ရုံပဲလေ။ Download HereMore

Update Zawgyi Fixed

Myanmar 3 font ကို ထည့်ပေးထားတယ်။ မြန်မာ Unicode page ဆို မြန်မာ ၃ နဲ့ ပြပြီးတော့ ဇော်ဂျီ page တွေကိုတော့ ဇော်ဂျီနဲ့ပြတယ်လေ။ firefox က ဘယ်လိုလုပ်လဲတော့မသိဘူး။ တော်တော်လေးကို ကောင်းတဲ့ browser ပဲဗျာ။ ကျွန်တော်တို့ မြန်မာတွေအတွက် အရမ်းအဆင်ပြေတယ်။ KDE လည်း firefox လိုမျိုး လုပ်နိုင်ရင်ကောင်းမယ် :( မြန်မာ ၃ နဲ့ my.wikipedia.org ကိုကြည့်လိုက်တာ ပူး ၊ နှင့် ၊ ဖြင့် စတဲ့စာလုံးတွေက လွဲနေသေးတယ်။ တဖြည်းဖြည်းနဲ့ အကုန်တူလာမှာပေါ့ဗျာ… :D http://www.4shared.com/file/72949146/efea28c1/firefox_Zawgyi.htmlMore

Remastersys Backup For Ubuntu

ကျွန်တော်တို့အနေနဲ့ ubuntu ကို backup လုပ်ချင်တယ်ဆိုရင်တော့ အရှေ့မှာ ကျွန်တော်ပြောခဲ့သလို လုပ်ရင်လည်းရပါတယ်။ တကယ်လို့ … မင်းမှာရှိတဲ့ ပုံစံအတိုင်းငါ့ကို လုပ်ပေးကွာလို့ ပြောလာရင်တော့ ခေါင်းစားရလိမ့်မယ်။ ဒါမှမဟုတ် live cd or dvd , ကိုယ်ပိုင် buntu တွေလုပ်ချင်ရင် အဆင့်တွေအရမ်းများတယ်ဗျာ။ အဲဒီလိုတွေအတွက် ကျွန်တော်ကတော့ remastersys ကို အသုံးပြုစေချင်တယ်။ ရိုးတယ်။ရှင်းတယ်။ လွယ်ကူတယ်။ ဘာအဆင့်တွေမှလည်း မပါဘူးလေ။ သူ့ကို သွင်းမယ်ဆိုရင်တော့More

ဟန်လင်း social Bookmarks

ဟိုးအရင်တုန်းက digg တို့ StumbleUpon တို့ သုံးဖူးတယ်။ ဒါပေမယ့်လည်း ကျွန်တော်က မကြိုက်တော့ နောက်ပိုင်းမသုံးဖြစ်တော့ဘူး။ အခု မြန်မာလူငယ် ထူးတေဇာ လုပ်ထားတဲ့ ဟန်လင်းကတော့ မြန်မာလုပ်ထားတာကတစ်ကြောင်းလူခြင်းရင်းနှီးတာက တစ်ကြောင်း နောက်ပြီးတော့ လုပ်မယ့်လုပ် အောင်မြင်အောင်လုပ်ဆိုပြီး အားပေးချင်တာက တစ်ကြောင်း ဟန်လင်းကို သုံးဖြစ်တယ်။ အများအားဖြင့် သုံးဖြစ်တာကတော့ google bookmarks ပဲ။ သူကတော့ ရိုးတယ်။ ရှင်းတယ်။ vote တွေဘာတွေ မပါဘူး။ ကိုယ့် တစ်ယောက်တည်းအတွက်ပဲလေ။ ဒါကြောင့် အမြဲသုံးဖြစ်တယ်။ ဟန်လင်းကတော့ vote တွေပါတယ်။တေဇာကတော့ firefox အတွက် addon ရေးပြီးပြီတော့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မရှည်တာနဲ့ ကိုယ်တိုင် bookmarks လေးလုပ်လိုက်တယ်။More

Fedora 10 အတွက် ဇော်ဂျီ keyboard တကယ်ရပြီ

အခုလက်ရှိ fedora ကနေ zawgyi နဲ့တင်လိုက်တာနော်။ မယုံမှာဆိုးလို့ ပုံလေးနဲ့ ပြထားလိုက်တယ်။ အဲ.. copy paste မဟုတ်ဘူးဗျ။ fedora အတွက် ကျွန်တော် အရင်က ubuntu က deb package ကနေ rpm ပြောင်းထားတာ။ ပြသနာတွေကတော့ အများကြီးပဲဗျ။ ဘယ်လောက်များလဲဆိုတာတော့ မမေးနဲ့။ သွင်းလို့ကို မရတာ။ ဘယ်ရမလဲဗျာ။ ကျွန်တော့်မှာက fedora လည်းမရှိ။ နောက်ပြီး fedora ရဲ့ command တွေမသိတာလည်းပါတယ်။ အခုမှ ပြန်ကြည့်မိတယ်။ အကုန်အမှားတွေအများကြီးပဲ။ အခုတော့ fedora 10 ကို VirtualBox နဲ့ run ပြီးတော့ keyboard ကို ပြန်လုပ်လိုက်တယ်။ နောက်ပြီး rpm package…More

Habari

wordpress လောက်တော့ မကောင်းသေးပေမယ့် ပေါ့ပါး မြန်ဆန်ပြီး အောင်မြင်လာနိုင်တဲ့ project တစ်ခုပါ။ JQuery နဲ့ PHP ကို တွဲသုံးထားပြီး wordpress ထက် ရိုးရှင်းတဲ့ GUI ကို အသုံးပြုထားတယ်။ ဒါပေမယ့် wordpress လောက် theme မများသေးခြင်း နှင့် wordpress ရဲ့ one-click installter လိုမျိုး မရှိသေးတာလည်း မကောင်းဘူးပေါ့။ wordpress ကို ကျွန်တော် ကြိုက်တာက plugin တွေ theme တွေကို download ချစရာမလိုပဲ သွင်းလို့ရတာကို ကြိုက်တာ။More

Image Verify

အင်တာနက်စသုံးကာစက image verify ဘာကြောင့်လုပ်ရတယ်ဆိုတာကို ကောင်းကောင်းနားမလည်ဘူး။ သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့မျက်စိကောင်းမကောင်း စစ်တဲ့အနေနဲ့ ထည့်ထားတာလားလို့တောင် ကျွန်တော့်ကို မေးဘူးတယ်။ အခုတလော MZ မှာ ပြသနာတွေ ကြုံတော့မှ ကောင်းကောင်း နားလည်တော့တယ်။More