Image Verify

အင်တာနက်စသုံးကာစက image verify ဘာကြောင့်လုပ်ရတယ်ဆိုတာကို ကောင်းကောင်းနားမလည်ဘူး။ သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့မျက်စိကောင်းမကောင်း စစ်တဲ့အနေနဲ့ ထည့်ထားတာလားလို့တောင် ကျွန်တော့်ကို မေးဘူးတယ်။ အခုတလော MZ မှာ ပြသနာတွေ ကြုံတော့မှ ကောင်းကောင်း နားလည်တော့တယ်။More

PHP Manual

တခြားလူတွေတော့ မသိဘူး.. ကျွန်တော်ကတော့ PHP ရေးမယ်ဆို အရင်တုန်းက online ရှိမှ ရေးလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ http://php.net/manual/en ကနေ လိုချင်တဲ့ code နဲ့ပတ်သက်ပြီး သွားသွားရှာရလို့ပါ။ အမှန်တိုင်းပြောရင် mysql နဲ့ အခုချက်ချင်း ချိတ်ပြဆို ချိတ်ပြဖို့ ခက်ခဲပါတယ်။ manual လေးကို သွားပြီး တစ်ခေါက်ဖတ်ပြီးမှ ရေးနေကြမို့ပါ။ အဲဒီအတွက် သူများတွေမေးရင် ပြန်ဖြေဖို့ မလွယ်ဘူး။ online လည်းတက်ကြည့်လို့မရဘူး။ ဒါကြောင့် php.net က manual ကို website တစ်ခုလုံး download ဆွဲဖို့ ကြိုးစားသေးတယ်။ နောက်မှ မဖြစ်သေးပါဘူး။ ဘာလို့ online မှာမရှိရမှာလဲဆိုပြီး google ကနေ တက်ရှာလိုက်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုတွေ့ပါတယ်ဗျာ။ http://www.php.net/download-docs.php မှာ…More

regular expression

အခုမှပဲ သိတော့တယ်… ပထမနှစ်မတိုင်ခင်ကတည်းက regular expression ဆိုတာ သိလာတာ.. နားမလည်ဘူး… ဒါဆိုရင် နားလည်အောင် ကြိုးစားမလား… မထင်နဲ့… ဖတ်ကို မဖတ်တာ… အဲဒါကြောင့် ထိပြီ… တကယ်ဗျာ.. တကယ်အသုံးဝင်တဲ့ဟာကို မလေ့လာမိတဲ့အတွက် တော်တော်နောင်တရမိတယ်.. ဘယ်မှာ သုံးရမှန်းမသိ.. ဘယ်လို သုံးရမှန်းမသိတော့ မလိုဘူး.. လိုမှ ရှာမယ်.. ကူးလိုက်မယ်… အဲလို မှတ်ထားတာ.. ကိုယ်လိုချင်တဲ့ ပုံစံရဖို့ ရေးရတာ တကယ်မလွယ်ဘူးဗျာ.. အခြေခံအားနည်းတာလည်း ပါမှာပေါ့… ညီအစ်ကိုတို့တွေလည်း လေ့လာထားစေချင်တယ်.. တကယ်ကောင်းပြီး အသုံးတကယ်ဝင်ပါတယ်… အထူးသဖြင့် data input validation တွေ replacement တွေမှာ မဖြစ်မနေ သုံးရပါတယ်… searching တွေမှာလည်း သုံးရပါတယ်… ကျွန်တော့်လို ပေါ့ပေါ့ဆဆ မလုပ်မိကြပါစေနဲ့ဗျာ…More

Joomla! 1.5 Availabe

www.joomla.org မှာ Joomla 1.5 ကိုဆွဲလို့ရနေပြီနော်။ ထွက်တာတောင် ကြာနေပြီ။ ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်ဘူး။ Joomla 1.5 ကတော့ လုံးဝကို ကွဲပြားသွားကတော့ Admin Panel ပါ။ တော်တော်လေးလှလာတယ်။ Plugin တွေ template တွေ Install လုပ်ရတာ ရိုးရှင်းလွယ်ကူလာတယ်။ ကျွန်တော်ကတော့ 1.5 ကိုပိုကြိုက်တယ်ဗျာ။More

PHP And Apache on Windows

Apache 2.0.59 ကို download ချလိုက်ပါ.. 2.2.4 ကိုတော့ download မချနဲ့… php run လို့မရဘူး… အရင်ဆုံး IIS ကိုပိတ်ပါ.. ထို့နောက် run တွင် service.msc ကိုrun လိုက်ပါ… IISAdmin ကို right click -> Stop လုပ်ပါ.. ထို့နောက် Apache ကို install စလုပ်ပါ… network domain ကို localhost, servername ကို localhost, admin email ကိုadmin@localhost.com လို့ထည့်ပါ.. install သွင်းပြီးလျှင် browser တွင် localhost လို့ရိုက်ထည့်ကြည့်ပါ… ပြီးသွားရင်တော့ စပြီး config လုပ်ရမယ်… D:/Localhost/…More

PHP

အရင်ဆုံး PHP ကို http://www.php.net ကနေ Download ချ လိုက်ဗျာ။ ပြီးရင် Zip ဖြည်ပြီးတော့ C:\PHP ဆိုတဲံ folder ဆောက်လိုက်။ အဲဒီအထဲကို ကူးချ Zip ဖြည်ထားတဲ့အထဲမှာ ပါတာတွေကို ကူးချလိုက်။ ကျွန်တော် ပြောတဲ့ သဘောက C:\PHP\ မှာ ထည့်ခိုင်းတာနော်။ အဲဒီ အောက်ကို Folder လိုက်ကူးခိုင်းတာမဟုတ်ဘူး။ အဲဒီအောက်ကို php-cgi.exe ပါတဲ့ ဟာကို ကူးခိုင်းတာ။ အဲဒီမှာ ဘာ Folder တွေရှိလာမလဲဆိုC:\PHP.\dev.\ext.\extras.\includes.\Pearsဆိုပြီးရှိရမှာ။php.ini-recommended ကို နောက်က -recommended ကိုဖြုတ်လိုက်ပါ။ ပြီးရင် C:\PHP\php.ini ကိုပြင်မယ်။;cgi.force_redirect = 1 ရှေ့က ; ကိုဖြုတ်လိုက်။ cgi.force_redirect = 0…More

PHP VS ASP.NET 2005

PHP လည်း web programming ပါပဲ။ ဒါပေမယ့် ဘာကြောင့်လူသုံးများလဲဆိုရင် Free Download ရလို့ပါ။ နောက်ပြီး သူနဲ့တွဲသုံးတဲ့ MySQL Database ကလည်း Free Download ပါပဲ။ နောက်ပြီး Free Hosting တွေလည်း အများကြီးရှိပါတယ်။ ဘာဖြစ်လို့လည်းဆို Linux sever မှာ run နိုင်လို့ပါ။ Linux server ကဈေးသက်သာပါတယ်။ ASP.NET ဆိုတာ Microsoft က ထုတ်လိုက်တဲ့ web programming ပါ။ တနည်းပြောရရင် VB.NET သို့မဟုတ် C#.NET ကို HTML နဲ့ တွဲလိုက်တာပါ။ အဲဒါက လွယ်အောင်ပြောလိုက်တာပါ။ ဒီထက်ကျယ်ပြန့်ပါသေးတယ်။ ASP.NET က ရေးမယ်ဆိုင် Visual…More