The books that I read at 2013

2013 မှာ စာအုပ် ၈ အုပ် ဖတ်ဖြစ်တယ်။ ၂ အုပ်က ပြီးအောင် မဖတ်ရသေးဘူး။ ၁ အုပ်ကတော့ လက်ရှိ ဖတ်နေဆဲ။ ခြေရာပျောက်မြစ် – မြနှင်းဆီ သန်းမြင့်ဦး ရေးထားတဲ့ The River of Lost Footsteps: A Personal History of Burma ကို မြနှင်းဆီ ဘာသာပြန်ထားတာပါ။ မြန်မာနိုင်ငံ သမိုင်းအကြောင်းကို ပုဂံမှ စပြီး ၁၉၈၈ နှောင့်ပိုင်း အထိ ရေးထားတဲ့ စာအုပ်ပါ။ မြန်မာ့ သမိုင်းမှာ မသင်လိုက်ရတာတွေ မသိလိုက်တာတွေ တော်တော်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့ သမိုင်းကို ကျွန်တော်တို့ လက်ထပ်မှာ သေသေချာချာ မသင်တော့ဘူး။…More

iPhone 5s

စနေနေ့က M1 မှာ stock ဝင်မလား ဆိုပြီး အားတာနဲ့ iphone stock ကို refresh ချချ နေတယ်။ ၁၂ နာရီလောက်မှာ stock ရပြီဆိုတာ တွေ့တာနဲ့ ချက်ခြင်း ပြေးပြီး recontract လုပ်လိုက်တယ်။ အခု အချိန် မရသေးလည်း နောက် ၁ ပတ်လောက်ဆိုရင်တော့ stock က လုံလုံလောက်လောက် ရှိတော့မှာပါ။ အစ က တော့ iphone , ipad တွေက စင်္ကာပူ out of stock ဖြစ်တတ်တာ အဆန်းတော့ မဟုတ်ပါဘူး။ Clementi Mall မှာ စနေနေ့မှာတော့ Note 3 ဝယ်တဲ့ လူတွေ က…More

Copy , Another Cloud Storage

သင့်ရဲ့ Dropbox ပြည့်သွားလို့ Sync လုပ်လို့မရတော့ဘူးလား ? ဒါမှမဟုတ် space ပိုများပြီး free ရတဲ့ storage ကို ရှာနေတာလား ? ကျွန်တော့် အနေနဲ့ Copy.com ကို စမ်းသုံးကြည့်စေချင်ပါတယ်။ Copy.com က dropbox လိုမျိုး cloud storage တစ်ခုပါ။ Storage space ကို Registration လုပ်လုပ် ခြင်း 5GB 15GB ပဲ ရပါတယ်။ သို့ပေမယ့် Referral link နဲ့ လုပ်ရင် user အသစ် က 5GB ရပြီးတော့ link ပေးတဲ့ လူက နောက်ထပ် 5GB ရပါတယ်။ ဥပမာ။ https://copy.com?r=8oVB4A နဲ့ register…More

ခြေရာပျောက်မြစ်

ရန်ကုန် ပြန်တုန်းက ခြေရာပျောက်မြစ် စာအုပ် ဝယ်ခဲ့တယ်။ စာရေးဆရာ က ဦးသန့်မြေး ဒေါက်တာသန်းမြင့်ဦး ရေးထားပြီးတော့ မြနှင်းဆီ ဘာသာပြန်ထားတာပါ။ စာအုပ်ကို စဖတ်လိုက်ကတည်းက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ သီပေါမင်း ပါတော်မူတာကနေ စပြီးတော့ မြန်မာ့ သမိုင်း အစအဆုံးကို ရေးသားထားပါတယ်။ အစပိုင်းမှာ သမိုင်း ကြောင်းက အစီအစဉ် မကျလှပဲ ဆက်စပ်ရာ သွားနေတယ်။ သို့ပေမယ့် ကျွန်တော်တို့ မသိခဲ့ရတဲ့ သမိုင်းတွေ ပါဝင်နေတယ်။ ရှေးခေတ်က မွန်တွေ ရဲ့ အကြောင်း ၊ နောက်ပြီး အလောင်းမင်းတရား သာ မရှိခဲ့ရင် တတိယပြည်ထောင်စုက မွန်မင်း တည်ထောင်တယ်များ ဖြစ်သွားလေမလား ဆိုပြီး အံအားသင့်ဖွယ် ဖတ်ခဲ့ရတယ်။ အလောင်းမင်းတရားဟာ အံဩဖွယ်ကောင်းလှတယ်။ မုဆိုးဖို ရွာသူကြီးကနေ…More

Microsoft Surface

Microsoft Surface ကို ထွက်ထွက်ခြင်း နေ့မှာ ဝယ်ဖို့ ကြိုးစားခဲ့တယ်။ ဝယ်လို့ရခဲ့ပေမယ့် နောက်နေ့ရောက်တော့ Microsoft Store က မှာထားတဲ့ order ကို cancel လုပ်လိုက်တယ်။ သူတို့မှာ stock ကုန်သွားလို့ဆိုပြီး cancel လုပ်လိုက်တယ်။ အဲတုန်းကတော့ တော်တော် ဒေါသ ထွက်မိသွားတယ်။ တကယ်လို့ stock ကုန်တယ်ဆိုရင်လည်း ဘာလို့ လက်ခံနေသေးလဲ။ order approve ဖြစ်ပြီးမှ cancel လုပ်လိုက်တာကတော့ microsoft ဘက်က ညံ့တယ်လို့ ဆိုရမယ်။ နောက် ၂ ပတ်လောက် စောင့်ပြီးမှ pre order ရတယ်။ Pre Order က march လ ၁ ရက်နေ့မှ စပြီး…More

Google Nexus 7 – Review

Google Nexus ကို ဝယ်ထားပြီးတော့ အခုတလော စမ်းသုံးကြည့်တယ်။ Speaker က မဆိုးဘူး။ အသံကြည်တယ်။ Mic က built in ပါတယ်။ Camear က ရှေ့ဘက်မှာပဲ ပါတယ်။ နောက်ဘက် မပါတဲ့ အတွက် ရိုက်လို့ မရဘူး။ built in camera app မပါလာဘူး။ camera app ကို သီးသန့် ထပ်ထည့်ရတယ်။ Skype ကို camera နဲ့ ပြောလို့ရတယ်။ Address book ကိုတော့ people လို့ နာမည်ပေးထားတယ်။ Address book ဆိုတာ ရှာမတွေ့လို့ app တွေ အကုန်လိုက်ကြည့်လိုက်ရတယ်။ People app ကို…More

Steve Jobs

Steve Jobs စာအုပ်ကို Nook STR နဲ့ ဖတ်ဖြစ်တယ်။ Nook STR က စာဖတ်လို့ တော်တော်ကောင်းတာတော့ အမှန်ပဲ။ စာအုပ်တစ်အုပ်လုံး ခြုံကြည့်ရင်တော့ စာအုပ်ကောင်း တစ်အုပ်ပါ။ တစ်ချို့ အချက်လေးတွေ သဘောမကျစရာ ပါတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး သေချာမပါဝင်ပေမယ့် Steve Jobs အကြောင်းကိုတော့ ပြည့်ပြည့်စုံစုံ ပါဝင် ပါတယ်။ စာအုပ်ထဲမှာကတော့ Steve Jobs စမွေးတဲ့ အကြောင်းကနေ ကင်ဆာဖြစ်ပြီး အနားယူလိုက်တဲ့ အထိ ပါဝင်ပါတယ်။ ငယ်စဉ် ဘဝအကြောင်းကို ဖတ်မိရင်တော့ Pirate Of the Silicon Vally မှာ Steve Jobs က ဘာကြောင့် ဒီလောက် ဆိုးရသလဲဆိုတာကို နားလည်လို့…More

CB Bank iPhone app

CB Bank iPhone app ဟာ CB Bank ရဲ့ Branch တွေ အားလုံးကို တစ်နေရာတည်းမှာ ကြည့်ရှုလို့ ရပြီး ဖုန်း နံပတ် ၊ လိပ်စာ ၊ fax စတဲ့ အချက် အလက်တွေ ပါဝင်ပါတယ်။ နောက်ပြီး မြေပုံကနေ တဆင့် အနီး ဆုံး branch ကို ရှာဖွေလို့ရပါတယ်။ အင်တာနက် connection ရှိဖို့ တော့လိုတာပေါ့။ Mobile Banking တွေ မရသေးပေမယ့် လက်ရှိ bank လိပ်စာတွေ နဲ့ ဖုန်းနံပတ်တွေကို လွယ်လွယ်ကူကူ ရအောင် ဖန်တီးပေးထားတာပါ။ နောက်ပြီး အတိုးတွက်တဲ့ Calculator တစ်ခု ပါဝင်ပြီး ကိုယ်ငွေစုထားရင် ဘယ်နှစ်နှစ်…More