HTML 5 (Myanmar) Android App

ကျွန်တော် ရေးထားတဲ့ HTML 5 မြန်မာစာ စာအုပ်ကို Android version ရပါပြီ။ လက်ရှိ version က alpha အဆင့်လောက်တာ ရှိပါသေးတယ်။ ပြင်စရာတွေ အများကြီး ကျန်နေပါသေးတယ်။

Feature

အခု Version မှာတော့ စာအုပ် တစ်ခုလုံးကို ဖတ်လို့ ရအောင် လုပ်ပြီးပါပြီ။ Table Of Content လည်း ထည့်သွင်းထားတဲ့ အတွက် နှစ်သက်ရာ chapter ကို ကျော်ဖတ်နိုင်ပါတယ်။ Seed bar ထည့်ထားတဲ့ အတွက်ကြောင့် လိုအပ်တဲ့ စာမျက်နှာက်ကို အမြန်သွားနိုင်ပါတယ်။

Android 4.4 နှင့် နောက်ပိုင်း version တွေကိုတော့ ttf font embed ထည့်ထားတယ်။ အရင် version တွေကိုတော့ မြန်မာစာ အဆင်ပြေအောင် SVG font embed ပဲ လုပ်ထားတဲ့ အတွက် Text Selection လုပ်ဖို့ အဆင်မပြေပါဘူး။

Bugs

ညာဘက် ကို tab လုပ်ရင် နောက် စာမျက်နှာ ပြောင်းပါတယ်။
ဘယ်ဘက် ကို tap လုပ် ရှေ့ စာမျက်နှာ ပြောင်းပါတယ်။
အလယ်ဘက် ကို tap လုပ်ရင်တော့ bar ကို show/hide လုပ်ပေးပါတယ်။

tap လုပ်တဲ့ အခါမှာ နည်းနည်းကြာသွားရင် မသိတော့တာ ရှိတယ်။ နောက်ပြီးတော့ scroll အမြဲ ဆွဲလိုက်ရင် tab လို ဖြစ်သွားတာ ရှိတယ်။ ပြင်ရမှာတွေတော့ အများကြီး ကျန်သေးတယ်။

အခု Version က စာအုပ်ပုံစံဖတ်တာ ထက် website ပုံစံ ဖြစ်နေသေးတယ်။ ရှည်သွားတဲ့ စာမျက်နှာတွေကို scroll ဆွဲပြီး ဖတ်နေရတယ်။ ebook တွေက ရှည်သွားရင် နောက် တစ်မျက်နှာ ရောက်သွားသင့်တယ်။

Next version ?

နောက်ထပ် version အသစ် လို့ ဆိုလိုက်တာနဲ့ commitstrip က ကာတွန်းလေးကို သွား သတိရမိတယ်။

side project

နောက်ထပ် version ကိုတော့ ပစ်ထားတာ ကြာပြီဖြစ်တဲ့ Ornagai website ကို ပြန်လုပ်ရင်းနဲ့ ဖြည်းဖြည်းပဲ update လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။

Download

Download On Play Store

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.