တိုးတက်လာသော မြန်မာနိုင်ငံ Forum များ

ကျွန်တော် အခုတလော internet တွေမှာ မြန်မာ Forum တော်တော်များများကိုတွေ့လာရတယ်ဗျ….
ကျွန်တော်တို့ အရင်တုန်းကဆိုရင် Planet Forum တစ်ခုတည်းလို့ထင်ရလောက်အောင်ပါပဲဗျာ….
အခုတော့ မဟုတ်ဘူး… Forum တွေက ပေါများလာလိုက်တာ..

အခုလို Forum တွေများလာတာကို ကျွန်တော်ကြိုဆိုပါတယ်ဗျာ…
ဒါပေမယ့် ကျွန်တော်တွေ့ရတာလေးတစ်ခုရှိတယ်…
အဲဒါဘာလဲဆိုရင် Forum တွေဟာ တစ်ခုနဲ့ ဟာကွဲပြားမှုသိပ်မရှိလှဘူး…
ဒါပေမယ့် Forum တိုင်းမှာ သူတို့ ဦးတည်ချက်လေးတွေ ရည်ရွှယ်ချက်လေးတွေရှိကြတယ်..
အတတ်နိုင်ဆုံးကြိုးစားထားတယ်…ဆိုတာကိုတွေ့ရတယ်…

ဒါပေမယ့် အကြောင်းအရာတစ်ခုတည်းအတွက် တည်ထောင်ထားတဲ့ Forum ကရှားပါတယ်..
အကြောင်းအရာပေါင်းမြောက်များစွာရောထွေးထားတဲ့ Forum တွေကိုတွေ့ရတယ်…
ကျွန်တော်ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ အကြောင်းတစ်ခုတည်း (ဥပမာ နည်းပညာနဲ့ ပတ်သက်တာတွေ) ဆွေးနွေးဖို့လုပ်ထားတာရှားပါတယ်..
Forum တိုင်းမှာ အကြောင်းအရာ အစုံအလင်ထည့်ထားပါတယ်…
တဖက်က စဉ်းစားရင်လည်းကောင်းပါတယ်….
ရသအစုံရတယ်… ဗဟုသုတရတာပေါ့…
တဖက်က ကြည့်ပြန်တော့လည်း ကိုယ်လိုချင်တဲ့ အကြောင်းအရာကို သိနိုင်ချေ ရာခိုင်နှုန်းနည်းတယ်…
ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း ဆွေးနွေးတာရှားပါတယ်…
မေးချင်တဲ့ အပိုင်းကို ဖြေတဲ့လူကလည်းရှားပါတယ်…
အဲဒါကြောင့် အံဝင်ခွင်ကျနေတာပဲ…

ဘာပဲပြောပြော အခုလို များပြားလာတဲ့အတွက် ကြိုဆိုပါတယ်ဗျာ…

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.