Basic Programming Chapter 4 Done

Basic Programming စာအုပ်ကို ဆက်မရေးဖြစ်တာ အတော်ကြာနေတာနဲ့ ဒီ အပတ်တော့ Chapter 4 ကို ပြီးအောင် ရေးဖြစ်တယ်။ နောက်ပြီး Chapter 10 ခု လောက် ထည့်မယ်လို့ ဆုံးဖြတ်ပြီးတော့ Chapter အလိုက် ခေါင်းစဉ်တွေ ခွဲပြီးတော့ ထည့်ထားပါတယ်။ အဓိကတော့ အခြား Programming စာအုပ်တွေလို programming language ကို သင်တာ မဟုတ်ပဲ logic အကြောင်းကို အဓိက ရေးချင်လို့ Data Structure ပိုင်းကို အဓိက ထားပြီး ခေါင်းစဉ်ကို ခွဲထုတ်ထားပါတယ်။

အပြင်မှာ programming ကို တတ်ရင် language ပိုင်းကို သိနိုင်ပေမယ့် Data Structure ပိုင်းတွေ အားနည်းနိုင်တယ်။ ဒါကြောင့် စာအုပ်ကို Data Structure အပိုင်းတွေပဲ Chpater 4 ကနေ စပြီး ရေးသွားမှာပါ။ ရှေ့ဘက် Chapter တွေမှာ Flow chart , Pesudo code တွေ အပြင် programing basic တွေ ထည့်သွင်းထားတာကြောင့် Chapter 4 ထိ ဖတ်ပြီးရင်တော့ Programming ဆိုတာ ဘာလဲ သဘောပေါက်လောက်ပါတယ်။ တခြား language တွေ လေ့လာချင်ရင် လေ့လာလို့ ရလောက်ပါပြီ။

4 Comments

  1. Myat Htut says:

    U should do it to Unicode bro!!
    Thanks for sharing!!!

    1. saturngod says:

      because I want everybody can read instead of few unicode ppl.

  2. san lin says:

    PDF လေးလုပ်ပေးပါလားအကို

    1. saturngod says:

      No plan for PDF now

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.