Build Media Center with Raspberry Pi

Raspberry Pi က S$45 လောက်ပဲ ရှိပါတယ်။ သို့ပေမယ့် Media Center တည်ဆောက်မယ်ဆိုရင်တော့ ဒီ ထက် ပိုကုန်ကျပါမယ်။

လိုအပ်တဲ့ ပစ္စည်းတွေက

၁။ Raspberry Pi (S$48)
၂။ HDMI cable (S$3)
၃။ mini USB to (S$ 5)
၄။ USB Keyboard (S$18)
၅။ 3 Heat Sink (S$15) ( Heat Sink မဝယ်ပဲ ပန်ကာဖွင့်ထားပေးရင်လည်း အဆင်ပြေပါတယ် )
၆။ 8 GB SD card (S$13)
၇။ Internet
၈။ Network Cable
၉။ Wireless Router ( For Mobile Remote Control )

ဒီ ပစ္စည်းတွေ စုစုပေါင်းဆိုရင်တော့ S$ 102 ဖြစ်နေပါပြီ။

အခြား Free ရနိုင်တဲ့ ပစ္စည်းတွေကတော့

၁။ OS , XBian
၂။ iPhone/Android XBMC remote
၃။ Home Made enclosure

တကယ်လို့ enclosure ကို ကိုယ့်ဘာသာကိုယ် မဖန်တီးဘဲ ဝယ်မယ်ဆိုရင်တော့ S$10 ~ S$100 အထိ ရှိပါတယ်။ enclosure အတွက် ဒီ PDF file ကို download ချ။ print ထုတ်ပြီး ကိုယ့်ဘာသာကိုယ် ကပ်ထူ စက္ကူ တစ်ခုခု နဲ့လည်း ဖန်တီးနိုင်ပါတယ်။ ကျွန်တော်ကတော့ mouse ဝယ်သုံးက ဘာလာတဲ့ စက္ကူ ဘူးကိုပဲ အပေါက်တွေ ဖောက်ပြီး သုံးပါတယ်။

OS သွင်းခြင်း

ပထမဆုံး ကျွန်တော်တို့တွေ XBian အတွက် img ကို http://205.185.121.41/xbian/XBian1.0Alpha2.7z မှာ download ချပြီး SD card ထဲ သွင်းပါ။

ပြီးရင်တော့ Raspberry Pi ထဲမှာ ထည့်ပြီး run စက်ဖွင့်လိုက်တာနဲ့ XBMC တက်လာပါမယ်။

XBMC

XBian XBMC က အခု အချိန်မှာ သိပ်ပြီး stable မဖြစ်သေးပါဘူး။ Alpha 2 အဆင့်ပဲရှိသေးပါတယ်။ လက်ရှိမှာတော့ XBian XBMC က အခြား raspbmc နဲ့ opencelec ထက်တော့ မြန်ပါတယ်။ Heat တက်လာတဲ့ အခါမှာ တက်ထားတဲ့ keyboard ကို မသိတော့တာ ဖြစ်တတ်တာကို သတိထားပါ။ Heat Sink မတက်ထားရင် ပန်ကာဖွင့်ထားပေးပါ။

HD video တွေကို ဖွင့်တဲ့ အခါမှာ raspberry pi က မနိုင်ပါဘူး။ ဖွင့်ရင်းနဲ့ ရပ်သွားတတ်ပါတယ်။ ဒါကြောင့် Heat Sink သို့မဟုတ် ပန်ကာ လိုအပ်ပါတယ်။ 1080 p လောက် ကို ကြည့်ချင်ရင်တော့ over clock လုပ်ပြီး ကြည့်ရင်တော့ အဆင်ပြေပါတယ်။

XBMC performance

XBMC ကို Default Skins အစား Quartz ကို သုံးပါ။ Apple TV ရဲ့  skin ပုံစံ အတိုင်းဖြစ်ပြီး အခြား skin တွေ ထက် ပေါ့ပြီး ရိုးရှင်း ပါတယ်။ System > Appearance > Skin > Get More… > Quartz ကို ရွေးပြီး install လုပ်ပါ။ Download ပြီးသွားတာနဲ့ skin ပြောင်းလို့ရပါမယ်။

Quartz မှာ မလိုတဲ့ default skin setting တွေ အကုန် ဖြုတ်ထားပြီးသားပါ။ ဒါကြောင့် ထွေထွေ ထူးထူး ပြင်စရာ မရှိတော့ပါဘူး။ အခြား Skin သာ သုံးမယ်ဆိုရင် RSS နဲ့ Weather တွေကို ဖြုတ်ပေးဖို့ လိုပါတယ်။ ဒါမှသာ Raspberry Pi မှာ အဆင်ပြေပါလိမ့်မယ်။

Add Movie source XBMC

USB နဲ့ External Hard Disk ကို raspberry pi မှာ တပ်လိုက်ရင် သူ့ အလိုလို mount လုပ်ပါမယ်။ ရုပ်ရှင်တွေ ထည့်ဖို့ အတွက် Movie > Browse > Files > Add Videos ကို ရွေးလိုက်ပါ။

Browse လုပ်ပြီးတော့ /media/usb/ ထိ သွားပြီး မိမိ ရဲ့ Video Folder ကို ရွေးပေးလိုက်ပါ။ ကျွန်တော်ကတော့ /media/usb/Movies/ ဆိုပြီး ထည့်ထားပါတယ်။ ကိုယ်ထည့်ချင်တဲ့ folder ရောက်တဲ့ အခါမှာ <code>c</code> ကို နှိပ်ပြီးတော့ Sub Menu ခေါ်ပါ။ ပြီးရင် Add Source  ဆိုပြီး ထည့်လိုက်ပါ။

ပြီးသွားတဲ့ အခါမှာ Type ကို Movie ရွေးပေးပါ။ တကယ်လို့ TV Shows တွေ ဆိုရင်တော့ TV Shows ကို ရွေးပေးဖို့ လိုပါတယ်။ တကယ်လို့ Folder တွေ ကို video name ပေးထားခဲ့ရင်တော့ Movies are in spearate folders that match the movie title ကို ရွေးပေးခဲ့ဖို့ လိုပါတယ်။

မိမိ ရဲ့ Files List ပေါ်မှာ မူတည်ပြီးတော့ update လုပ်တာ ကြာပါလိမ့်မယ်။ ပြီးရင်တော့ raspberry pi ဖွင့်တာ နဲ့ Movie အောက် က ကိုယ်ပေးထားတဲ့ နာမည် ကို ဖွင့်ပြီးတော့ Video တွေ လွယ်လင့် တကူကြည့်လို့ရပါမယ်။ TV shows တွေလည်း အဲလိုပါပဲ။ This directory contains အဆင့်မှာ (Movies) အစား (TV Shows) ပြောင်းပေးဖို့ လိုပါတယ်။

အသေးစီတ်ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။

Mobile Remote

Remote အတွက် Android ကိုတော့ http://code.google.com/p/android-xbmcremote  မှာ ရ ယူနိုင်ပါတယ်။ iOS အတွက်ကတော့ https://itunes.apple.com/us/app/official-xbmc-remote/id520480364?mt=8 မှာ ရယူနိုင်ပါတယ်။ Remote အတွက် စက်ရဲ့ IP address , Mac Address သိ ဖို့ လိုပါတယ်။ XBMC ရဲ့ Setting > System Information မှာသွားပြီး ကြည့်နိုင်ပါတယ်။ System Info မှာ အမြဲ တန်း CPU က 100% လောက် ဖြစ်နေတတ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ system info အတွက် CPU က update information တွေ အလုပ်လုပ်ပေးနေရလို့ပါ။ ပုံမှန် idle အချိန် အခြား page တွေမှာ CPU က အဲလောက် မရှိပါဘူး။ မစိုးရိမ်ပါနဲ့၊ System Info က network အောက်မှာ IP Address , Mac Address တို့ကို ကြည့်ပြီးတော့ remote မှာ host ထည့်နိုင်ပါတယ်။

Heat Sink

Heat Sink အတွက် size တွေကတော့

  • Heatsink CPU: 13X15X9 millimiters
  • Heatsink chip Eternet/USB: 13X15X9 millimiters
  • Heatsink voltage regulators: 7X8X12 millimetri

စတဲ့ အရွယ် တွေ ပါ။ ကျွန်တော်ကတော့ ebay ကနေ ပဲ ဝယ်လိုက်တယ်။ အပြင်မှာ ကိုယ့်ဘာသာကိုယ် ရှာဝယ်ရင်တော့ ဈေးသက်သာပါလိမ့်မယ်။ Network IP သိ ရဖို့အတွက် System Information ဝင်တဲ့ အချိန်မှာ CPU က တော်တော် heat တက်လာပါတယ်။

အခြား သူတွေကတော့ Network Manager addon သွင်းတာ ဖြစ်ဖြစ် SSH ကနေ တဆင့်ဖြစ်ဖြစ် ဝင်ပြီး ကြည့်ကြပါတယ်။

Wireless Network

Wireless Wifi အတွက် ကတော့ Wifi Adapter တစ်ခု ဝယ်ဖို့ လိုပါလိမ့်မယ်။ XBian က raspbian ပေါ်မှာ တင်ထားတာ ဖြစ်တဲ့ အတွက်ကြောင့် လက်ရှိ brand wifi adapter တော်တော် များများကို သိပါတယ်။ တက်လိုက်တာနဲ့ သုံးလို့ရပါတယ်။ XBMC ကနေ wifi config လုပ်ဖို့ အတွက်ကတော့  System > Add-ons > Get Add-ons > XBMC.org Add-ons > Program Add-ons > Network-Manager > Install လုပ်လိုက်ပါ။

install ပြီးရင်တော့ Programs > Network-Manager and Add on configure your WiFi network settings ကနေ wifi ကို ချိတ်လို့ရပါပြီ။ Raspberry Pi မှာ USB ၂ ခု ပဲ ရှိတဲ့အတွက်ကြောင့် Keyboard + USB hard disk နဲ့ ဆို ပြည့်နေပါပြီ။ wifi adapter အတွက် usb extension ထပ်လိုလာပါလိမ့်မယ်။ ဒါမှမဟုတ် keyboard မသုံးပဲနဲ့ iOS remote ဖြစ်ဖြစ် android remote ဖြစ်ဖြစ် သုံးရင် အဆင်ပြေပါတယ်။

ဒီလောက် ဆိုရင်တော့ raspberry pi နဲ့ media center တစ်ခု ဆင်ပုံ လေး သိလောက်ပြီ ထင်ပါတယ်။ Raspberry Pi တစ်ခု က ဈေးဘယ်လောက်မှ မရှိပေမယ့် ပြန်ပြုပြင်ရတဲ့ စရိတ် နောက်ပြီး အချိန် နဲ့ အခြား hardware တွေ ပေါင်းလိုက်ရင် Raspberry Pi နဲ့ media center က ထင်သလောက် ဈေးမသက်သာပါဘူး။ Media Center သီးသန့် လိုချင်တဲ့ သူတွေ အတွက် roku က ပို ဈေးသက်သာ သွား မလား မပြောတတ်ဘူး။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.