Chapter 8 Done

အခုတလော အားတာနှင့် စာအုပ် ကိုသာ ဖိရေးဖြစ်တယ်။ အခုတော့ အခန်း ၈ ပြီးသွားပြီ။ အခက်အခဲဆုံး ၃ ပိုင်းဖြစ်သည့် ၈ ၊ ၉ ၊ ၁၀ ထဲက အခန်း ၈ ပြီးသွားတော့ နည်းနည်းလေး စိတ်သက်သာသွားတယ်။ အခန်း ၉ မှာ binary tree အကြောင်းပါမယ်။ ဒီအပိုင်းကို နားလည်အောင် ပြောဖို့ က နည်းနည်း ခက်တယ်။ ကြိုးစားပြီးတာ့ နားလည်အောင်တော့ ရေးပါမယ်။ အခု အခန်း ၈ မှာ array searching , sorting တွေပါတယ်။ လုပ်ငန်းခွင်ဝင်နေပေမယ့် array sorting ကို built in function မသုံးပဲ စီတတ် သလား ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်ကြည့်ပါ။ အကယ်၍ မစီ တတ်ဘူး ဆိုရင်တော့ အခု ရေးထားသည့် chapter 8 ကို ဖတ်သင့်တယ်။ Array Sorting တွေ ဖြစ်သည့်

  • Bubble Sort
  • Selection Sort
  • Insertion Sort
  • Shell Sort
  • Merge Sort
  • Quick Sort

စတာတွေ ကို မကြားဘူးရင် ဖတ်သင့်တယ်။ programmer လုပ်နေရင်တော့ ဒါတွေက ဘဝမှာ တစ်ချိန် ချိန် အသုံးဝင်လာပါလိမ့်မယ်။ ဒီ အခန်းကို စာဖတ်တာထက် ကိုယ်တိုင် လိုက်တွေး ရေးနိုင်မှ ရမယ်။ စာဖတ်ရုံပဲဆိုရင်တော့ သိသလို မသိသလို နဲ့ပဲ ပြီးသွားပါလိမ့်မယ်။

5 Comments

  1. PiRson says:

    I guess something wrong with this statement “4 က array အခန်းထဲမှာ မရှိလို့ပါ။” @ http://books.saturngod.net/programming_basic/CH8/searching.html

  2. လေးစားတယ် ညီလေးရေ။ ညီလေးဆီကနေ တဆင့် အများျကြီး သင်ယူခဲ့ရပါတယ်။

  3. ညီလေး စာအုပ်ကို အရမ်းတန်ဖိုးထားပါတယ်ဗျာ

    1. saturngod says:

      ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Leave a Reply to saturngod Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.