Developer or Programmer

Developer နဲ့ Programmer တွေ မကွဲကြသေးတဲ့သူတွေအရင်ဆုံး dictionary မှာ အဲဒီ စာလုံး နှစ်လုံးကို ရှာကြည့်သင့်တယ်။

Developer (n) : နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူ(သို့)ကုမ္ပဏီ။ (ဖလင်၊ ဓာတ်ပုံ) ပုံဖော်ဆေး။
Programmer (n) : ကွန်ပျူတာအတွက်ညွှန်ကြားချက်ရေးသားပြုစုသူ။

အဲဒါကတော့ ornagai.com မှာ ရှာထားတဲ့ result တွေပါ။ WordNet မှာ ပြထားတဲ့ result တွေကတော့

developer (someone who develops real estate (especially someone who prepares a site for residential or commercial use))

programmer, computer programmer, coder, software engineer (a person who designs and writes and tests computer programs)

လို့ ရေးထားပါတယ်။ wiki မှာဆိုရင်တော့

Programmer

A programmer, computer programmer or coder, is someone who writes computer software. The term computer programmer can refer to a specialist in one area of computer programming or to a generalist who writes code for many kinds of software.

Developer

A software developer is a person or organization concerned with facets of the software development process. They can be involved in aspects wider than design and coding, a somewhat broader scope of computer programming or a specialty of project managing including some aspects of software product management.

ထပ်ရှင်းရရင်တော့ programmer က code ရေးမယ်။ မှားနေတဲ့ဟာတွေ bugs တွေရှိရင် ပြန်ပြင်မယ်ဒီလောက်ပဲ။ Developer အလုပ်ကတော့ development တစ်ခု ပြီးဆုံးအောင်လုပ်ရတယ်။ code ရေးရုံနဲ့ မရဘူး။ Web Developer တစ်ယောက်အနေနဲ့ HTML လည်း ပြင်ရမှာပဲ။ CSS လည်း ပြင်ရမှာပဲ။ code ရေးရုံပဲမဟုတ်ဘူး။ တကယ်လို့ လိုအပ်ရင် server ပေါ်မှာ web application တစ်ခုလုံး run အောင် တင်ပေးရတဲ့ ကိစ္စတွေ လုပ်ရမှာပဲ။ SSH သုံးပြီးတော့ဖြစ်ဖြစ် backup ကိစ္စတွေ လုပ်ရမှာပဲ။ web developer တစ်ယောက်ရဲ့ knowledge တွေကို ဒီပုံ မှာ ပြထားပါတယ်။

Programmer နဲ့Developer အများကြီး ကွာခြားပါတယ်။ Software Developer တစ်ယောက်အနေနဲ့လည်း ဒီ software ကို တစိတ်တပိုင်း ရေးသားရုံသာမက ဒီ software release ဖြစ်ပြီး installer ထုတ်တဲ့ အထိ ပါရင် ပါရမယ်။ ဒါမှမဟုတ် Client တွေနဲ့ပြောဆိုပြီး ညှိရမယ့် ကိစ္စတွေ ရှိကောင်းရှိတယ်။ Software Development လုပ်နေတာ။ Programming လုပ်နေတာမဟုတ်ဘူး။ Programming လုပ်တယ်ဆိုတာက computer ရှေ့မှာ ထိုင် code တွေ ရေးလိုက်။ အမှားတွေကို ပြင်လိုက်။ ဒါလေးပဲ လုပ်ရတာပါ။

Programming တတ်တဲ့သူတိုင်း Programmer တစ်ယောက် ဖြစ်နိုင်ပါတယ်။ Developer တစ်ယောက်ဖြစ်ဖို့ကတော့ programming knowledge နဲ့တင် မလုံလောက်ပါဘူး။ တကယ့် realworld မှာ Web Programmer ဆိုတာ မရှိပါဘူး။ Web Developer ပဲရှိတယ်။ Web Development မှာ code ထိုင်ရေး ရတဲ့ အလုပ်တစ်ခုသာမက အခြား ကိစ္စတွေ ပါဆောင်ရွက်ရလို့ပါ။ Software Development မှာကတော့ programmer ကော developer ပါရှိပါတယ်။

Software Engineer ကိုတော့ အခုထက်ထိမတွေ့ရသေးဘူး။ ရုံးမှာလည်း Software Engineer ဆိုပြီး သီးသန့်ခန့်ထားတာ မရှိဘူး။ wiki မှာကတော့

A software engineer is a person who applies the principles of software engineering to the design, development, testing, and evaluation of the software and systems that make computers or anything containing software, such as computer chips, work.

Software Engineer ဆိုတာ Software Engineering နဲ့ ဘွဲ့ရထားတဲ့ သူကိုခေါ်တာပဲလားတော့ မသိ ။ အားမှပဲ ရှာဖတ်ကြည့်အုံးမယ်။ project manager တွေကတော့ Software Engineering ကို တတ်မြောက် ကျွမ်းကျင်မှသာ project management လုပ်ရတာ အဆင်ပြေမှာပါ။ Software Engineering ကို ကျောင်းမှာ သင်တုန်းကတော့ ပျင်းဖို့ ကောင်းလိုက်တဲ့ subject တရပ်လို့ ဆိုရမလားပဲ။ ကျောင်းက လူတွေခေါ်တာကတော့ ကျက်စာ တဲ့။ SE က တကယ် အခြေခံမပိုင်ပဲ Project Manger ဖြစ်လာခဲ့ရင် တော်တော် ကမောက်ကမ နိုင်တယ်လို့ ဆိုရမယ်။ Risk Managemement တို့ Testing တို့ဆိုတာက ကျောင်းမှာ အလကားသင်တာ မဟုတ်မှန်း အခုမှ သဘောပေါက်တော့တယ်။ တစ်ခါတစ်လေတော့လည်း စဉ်းစားမိပါတယ်။ ကျောင်းမှာ စာတွေကို သေသေချာချာ ဖတ်ခဲ့ပြီး ဆရာမ သင်တာ ကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေ နားထောင်ဖြစ်ခဲ့ရင် ကောင်းသားလို့။

ကိုယ့်ဘာသာကိုယ် Developer လား Programmer လား ဆိုတာ စဉ်းစားကြည့်ပါ။ ကျောင်းတုန်းက အချို့လူတွေ ပြောပြောနေတာ တွေ့ဘူးတယ်။ Programmer လုပ်မယ်ဆိုတာကြီးပဲ။ ဘာလို့ Developer မလုပ်ချင်တာလည်းတော့ မသိပါ။

7 Comments

  1. ုkom says:

    အစကတည်းကကွဲကွဲပြားပြားနားလည်ပါတယ်ဆရာ..

    1. saturngod says:

      ဟုတ်ကဲ့… ဖွားဖွား နားလည်ပြီးသားဆိုတာ သိပါတယ်… :D

  2. Htain Linn Htoo says:

    ၆လလောက် Delay ဖြစ်နေတဲ့ Project တစ်ခုကို အစအဆုံး Design ချ ပြန်ရေးပြီးသွားရင် Software Engineering ကဘာလဲဆိုတာ ရေးရေးလေးမြင်သွားနိုင်ပါတယ်..

  3. စေတန်ရေ ရေးတာ ကောင်းသဗျ။ ညီလေး ဆီကပဲ ပညာတွေ ယူနေရတော့တာပဲ။ ရေးသမျှ နောက်ကနေ ဖတ်နေရတယ်။

    1. saturngod says:

      thank အစ်ကိုရေ..

  4. Nyunt win Aung says:

    U Ye` Yint Win (Bizsoft) said software engineers are general words for programmers, system analysts, project managers, etc.

    I have a question, please reply. How long does I need to take to be a programmer if my IQ is normal but with best efforts? Which path is short to work quickly between software, web and network jobs?

    1. saturngod says:

      question is easy.

      1. How much are you crazy ? IQ is not important. Important things is how much are you crazy in there.
      2. It’s from your side. This is your hobby. Base on your hobby for your work.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.