Email စွဲလမ်းခြင်းရောဂါ

အဲဒီအကြောင်းကို Internet Journal မှာဖတ်မိလိုက်တော့ ဒီ Topic လေးကို ရေးမိလိုက်တာ…
အဲဒီက အကြောင်းလေးတွေကို reference လုပ်ထားပါတယ်..
ကျွန်တော်တို့မှာ E-mail ကိုစွဲလမ်းနေတယ်လို့ထင်တယ်…
ကျွန်တော်တို့မှာ E-mail ကို တစ်နေ့ကို တစ်ခါထက်မက စစ်နေပါတယ်…
အမှန်တိုင်းပြောမယ်ဆိုရင် ကျွန်တော်လည်း E-mail ကို တစ်နေ့ကို ၃ ခေါက်လောက်စစ်ဖြစ်တယ်…
ဒါတောင် အနည်းဆုံးပါ…တစ်ခါတစ်လေ ဘယ်နှစ်ခေါက်မှန်းတောင် မသိတော့ပါဘူး..
ဘာဖြစ်လို့လည်းဆို သူငယ်ချင်းတွေဆီက စာလာလာတတ်လို့ပါ…
တစ်ခါတစ်လေ Inbox ထဲမှာ စာတစ်စောင်မှ မရှိရင် ဘယ်လိုမှန်းမသိဘူး…
နည်းနည်းဟာတာတာဖြစ်သွားတယ်…ဘာဖြစ်လို့မှန်းမသိဘူး….
အဲ Inbox ထဲမှာ စာတွေက ၃ စောင်လောက်ဆိုရင်ပျော်သွားရော…
အဲဒီလို ပျော်သွားခြင်းက ကျွန်တော်တို့ကို စွဲလမ်းခြင်းရောပါဖြစ်စေတာပဲ…
ကျွန်တော်တို့ ခရီးသွားတယ်ဆိုရင်တောင် E-mail စစ်လို့ရနိုင်မယ့် နေရာလေးကို ရှာတတ်ကြပါတယ်…
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ စာတွေမျှော်နေတတ်ပါတယ်…
အဲဒီလို စွဲလမ်းမှုဟာ မဖြစ်သင့်ဘူးလို့ကျွန်တော်ထင်ပါတယ်…
တနည်းအားဖြင့် ဒါဟာ စိတ်ရောဂါ တစ်မျိုးလို့ထင်တယ်…
ဒါကြောင့် ကျွန်တော် အခုချိန်မှာ ကြိုးစားပြီး E-mail စစ်တဲ့ အချိန်ကိုလျှော့ချနေပါတယ်…
အပြင်မှာသိတဲ့ သူငယ်ချင်းတွေကိုလည်း စာမပို့ခိုင်းပါဘူး…
ကျွန်တော်လည်း သူတို့ဆီကို စာမပို့ပါဘူး..
လိုအပ်တဲ့ File တွေရှိမှသာ E-mail ပို့ပါတယ်…
တတ်နိုင်ရင် ဖုန်းဆက်ပြောတယ်….
အဲလို လုပ်ခြင်းအားဖြင့် ကျွန်တော့်မှာ အချိန်တွေပိုလာပါတယ်…
အချိန်ပိုလာတော့ အကျိုးရှိတာလေးတွေ ပိုလုပ်နိုင်လာပါတယ်…
ကျွန်တော်ထင်တယ်… ရုံးမှာ အလုပ်လုပ်နေတဲ့ လူတွေဟာလည်း ရုံးရောက်ရောက်ခြင်း E-mail စစ်ကြမှာပဲ…
အဲလို စစ်ပြီးမှ နေသာထိုင်သာဖြစ်သွားမယ်နဲ့တူတယ်…
ဘာဖြစ်လို့လည်းဆို ကျွန်တော် ကျောင်းကနေ ပြန်ရောက်တာနဲ့ E-mail စစ်တတ်လို့ပါ…
E-mail တင်မဟုတ်ဘူးဗျာ… Blog က cbox မှာလည်းအဲလိုပဲ…သွားသွား check နေမိတယ်..
အချိန်တွေကို အကျိုးရှိအောင် အသုံးချဖို့အတွက် E-mail စစ်တာကို လျှော့ချကြည့်ရအောင်ဗျာ…

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.