Facebook Chat with Messages

Moutain Lion မှာ Messages ဆိုပြီး အသစ်ပါလာပါတယ်။ အရင်တုန်းက ichat နဲ့ အတူတူပါပဲ။ iPhone , iPad တွေကို message ပို့လို့ရတဲ့ feature တစ်ခုထပ်တိုးလာတာပဲ ရှိတယ်။

တကယ်လို့ facebook chat ကို messages မှာ သုံးချင်ရင်တော့

၁။ System Preference > Mail, Contacts & Calendars ကိုသွားပါ။

၂။ ညာဘက် အောက်နားမှာ + icon လေးကို ဖြစ်ဖြစ် ဘယ်ဘက်က Add Other Account ကို ဖြစ်ဖြစ် နှိပ်ပါ။

၃။ Add A Messages account ကို ရွေးပြီး create လုပ်ပါ။

၄။ Account Type : Jabber

Account Name : username@chat.facebook.com

Server : chat.facebook.com

Port : 5222

ကို ဖြည့်လိုက်ပါ။

username ကတော့ သင့် facebook ရဲ့ username ပေါ့။ ကိုယ့်ရဲ့ wall ကိုသွားရင် facebook.com/xxxxxx ဆိုပြီး ရောက်သွားပါတယ်။ xxxxxx က ကိုယ့် username ပေါ့။

ပြီးရင် Create လုပ်။ Application ကနေ Messages ကို ဖွင့်။

ဇော်ဂျီ နဲ့ မြင်ရချင်ရင်တော့

Messages Menu > Preferences > Messages ကို သွား။

My Background color ကို ရွေး။ အဲဒါကို ရင် Set Font… ကို နှိပ်လို့ရမယ်။ Set Font… ကို နှိပ်ပြီး ဇော်ဂျီပြောင်း။

Sender’s Background မှာလည်း Set Font… နှိပ်ပြီး ဇော်ဂျီပြောင်း။ ပြီးရင် Preferences dialog ကို ပိတ်။

ပြီးရင် message ကို ပြန်သွားပြီး username@chat.facebook.com ကို Available လုပ်ပေးလိုက်ရင် facebook ကို ဇော်ဂျီနဲ့ Messages ကနေ chat လို့ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.