For PHP Developer

ဒီ post ကို ဖတ်မိကတည်းက ချက်ခြင်း ဘာသာပြန်ချင်စိတ် ရှိနေပေမယ့် မအားတာနဲ့ လုံးဝကို ဘာပြန်မပြန်နိုင်ဘူး ဖြစ်သွားတယ်။ ရတဲ့ အချိန်လေးမှာ ၂ ပိုင်းခွဲပြီးတော့ ရေးလိုက်တယ်။ အစကတော့ ဘာသာပြန်မလို့ပဲ နောက်တော့ ခေါင်းစဉ် အချက်လောက်ပဲ ယူပြီး ကိုယ့်ဘာသာကိုယ် ရေးချင်တဲ့ အကြောင်းတွေပဲ ရေးဖြစ်လိုက်တယ်။ ဘာသာပြန်တာကနေ မှီငြမ်းတာ ဖြစ်သွားတာပေါ့။ Education နဲ့ သက်ဆိုင်တာကြောင့်လည်း MZ Blog မှာပဲ သွားရေးဖြစ်တယ်။ နောက်ပြီး အခုတလော မအားရဘူးဆိုတာကလည်း Ava အတွက် Documentation ရေးနေတာကြောင့်လည်း ပါတယ်။ အခုထက်ထိတော့ Documentation က မပြီးသေးဘူး။ စလုံးရေးစ ပဲ ဖြစ်နေသေးတယ်။ Documentation ကတော့ လက်ရှိ framework ရဲ့ အသက်ပဲ။ အချိန်ပေးရတာ မှန်ပေမယ့် နောက်ပိုင်း အသုံးဝင်မှာမို့ သေချာရေးဖို့လိုတယ်။ နောက်ပိုင်း အသုံးဝင်မှာမို့ဆို ဘာသုံးမှာမို့လဲဆိုတော့ မသိသေးဘူးပဲ ပြောရမလားပဲ။ python ကလည်း လေ့လာနေရင်း objective -c ရောက်သွားတာနဲ့ Django တောင် မလုပ်ဖြစ်တော့ဘူး။ ROR ပဲ လုပ်ရင် ကောင်းမလား Django ပဲ လေ့လာရင် ကောင်းမလား စဉ်းစားနေတုန်းပဲ။ အခုလောလောဆယ်တော့ objective -c နဲ့ပဲ လုပ်နေရတော့ အဲဒါပဲ လုပ်ဖြစ်နေတယ်။ များများလုပ်တော့ များများသိလာတာပေါ့။

PHP Developer တွေအတွက် အသုံးဝင်မယ့် အချက် ၁၀ ချက် ဆိုပြီး အပိုင်း ၁ နဲ့ အပိုင်း ၂ ခွဲရေးထားတယ်။ လက်ရှိ လေ့လာနေတဲ့သူတွေအတွက်တော့ အသုံးဝင်မယ်လို့ ထင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.