Google Nexus 7

အဒေါ်ကို မွေးနေ့ လက်ဆောင်ပေးဖို့ ဆိုပြီး စနေနေ့က Google Nexus 7 ကို ဝယ်ဖြစ်ခဲ့တယ်။ www.mobilesquare.com မှာ ဈေးကြည့်ပြီးတော့ Orchard က သူတို့ ဆိုင်မှာ သွားဝယ်ဖြစ်ခဲ့တယ်။ 16 GB ကို S$418 ပေးရတယ်။ ကျွန်တော် ဝယ်တဲ့ အချိန်ကတော့ နောက်ဆုံး Stock ပါပဲ။ အခု အချိန်မှာ ဝယ်ချင်တဲ့ သူတွေကတော့ Qisaha မှာ S$399 + $8 (shipping) နဲ့ ဝယ်နိုင်ပါတယ်။

ဝယ်ချင်တဲ့ သူတွေကတော့ စက်တင်ဘာလ မကုန်ခင်မှာ ဝယ်ထားဖို့လိုပါတယ်။ ဘာလို့လည်းဆိုတော့ US $25 Gift က စက်တင်ဘာလ ကုန်သွားရင် မရတော့ပါ။ စက်ကို ဖွင့်ဖွင့်ချင်းမှာ Google Account တွေ မထည့်ပါနဲ့။ အရင်ဆုံး http://www.yogaretnam.com/gadgets/how-to-get-the-25-google-play-credit-outside-us-for-nexus-7/ ကို ဖတ်ပါ။ အဲဒါဆိုရင် ကိုယ့် Google Wallet Account ထဲကို US $25 ဝင်သွားပြီးတော့ Google Play ကနေ ကြိုက်တဲ့ App ကို ဝယ်လို့ရပါတယ်။

google nexus 7

Box ဖွင့်ဖွင့်ခြင်းမှာတော့ စက် နဲ့ USB cable တစ်ခု။ နောက်ပြီး USB adapter တစ်ခုပါပါတယ်။ နားကြပ် မပါပါဘူး။ သုံးရတာကတော့ တော်တော်လေးကို မြန်ပြီးတော့ Touch Sensation ကလည်း တော်တော်လေးကို ကောင်းပါတယ်။ Game ဆော့ရတာကော တခြား App တွေကို သုံးရတာကော အဆင်ပြေပါတယ်။ သို့ပေမယ့် သီချင်း ဘယ်လို ထည့်ရမလဲဆိုတာကိုတော့ မသိသေးဘူး။ သူ့မှာ Google Music ပါပေမယ့် Online Store ကြီးဖြစ်နေတယ်။ အကြမ်းကလည်း ခံတယ်လို့ SquareTrade ရဲ့ testing အရ သိရပါတယ်။

ipad 3 နဲ့ ယှဉ်ပြီး စမ်းထားပုံကိုတော့

http://www.youtube.com/watch?v=nKaPmrXKfO0

မှာ ကြည့်လိုက်ပါ။

တကယ်လို့ Apple Fan သမား မဟုတ်ဘူး။ iPad နဲ့ Google Nexus 7 ဘာ ဝယ်ရမလဲ စဉ်းစားနေရင်တော့ Google Nexus 7 ဝယ်လိုက်ပါ။ Apple Fan boy ဆိုရင်တော့ iPad သာ ဝယ်လိုက်ပါ။ Google Play store မှာ iPad လောက် game ကောင်းကောင်းတွေ မရှိသေးပါဘူး။ အခု Google Nexus 7 Hardware Quality က iPad 3 နဲ့ ယှဉ်နိုင်လောက်ပါတယ်။ Samsung Galaxy Tab 2 7in ကို သွားစမ်းဖူးပါတယ်။ Google Nexus 7 လောက် ကိုင်ရတာ သုံးရတာ စိတ်တိုင်း မကျလှဘူး။

ဘာပဲပြောပြော Tablet တစ်လုံးလောက် လိုချင်သူတွေ ဈေးသက်သက်သာသာနဲ့ လိုချင်သူတွေအတွက် Google Nexus 7 က အကောင်းဆုံးပါပဲ။

3 Comments

  1. Nga Pyae says:

    Can I get US$ 25 Gift without bank account?

    1. saturngod says:

      You need master or visea account for connect with google wallet.

      1. ko myo says:

        where to buy in bangkok … pls tell me bro ;)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.