How we use dropbox share ?

ကျွန်တော် Dropbox နဲ့ ပတ်သက်ပြီးတော့ ပြောခဲ့ပြီးပါပြီ။ Dropbox ကို အခုတလော ကျွန်တော် အပါအဝင် တော်တော်များများ သုံးလာကြတာကို တွေ့ရတယ်။ နောက်ပြီး Dropbox public folder ထဲမှာ ထည့်ပြီး public link က direct download link က mediafire တို့4shared တို့ထက် download ချရတာ မြန်ပါတယ်။ နောက်ပြီးတော့ bandwidth limit မရှိတဲ့အတွက် တော်တော် အဆင်ပြေတယ်။ bandwidth limit ရှိနေရင် ကျွန်တော်တို့ share ချင်သလောက် share လို့မရပဲ ဖြစ်နေမှာပေါ့။

လက်ရှိ ကျွန်တော်တို့ ebook တွေကို share ချင်ရင် website ပေါ်မှာ ဖြစ်ဖြစ် တင်ပြီး share နေရတယ်။ ကျွန်တော်ပြောတာက share တဲ့လူ ၂ ယောက်နဲ့ အထက်ပေါ့။ အခုမှာတော့ web ပေါ်မှာ post တွေ တင်တာထက် dropbox folder sharing ကို ပြောင်းလဲအသုံးချနေပါပြီ။ သင့် သူငယ်ချင်းတွေ က သူတို့ သဘောကျတဲ့ ebook လေးကို ebook folder ထဲ ထည့်လိုက်တာနဲ့ share ထားတဲ့သူတွေ အကုန်လုံးမှာ ရောက်သွားပြီလေ။ ကိုယ်လည်း ဖတ်လို့ ကောင်းတဲ့ စာအုပ်လေး တစ်အုပ်ကို ထည့်လိုက်တာနဲ့ သူတို့ ဆီ ရောက်သွားပြီပေါ့။ သတိထားသင့်တာကတော့ space ပဲ။ မလိုအပ်ပဲ အရမ်း စွတ်ပြီး share လိုက်တာက ကိုယ့်မှာက space ရှိပေမယ့် သူ့မှာက space တွေ အလကား ကုန်တာပေါ့။ ဥပမာဗျာ။။ ကျွန်တော်က PHP သမား။ ဒါကြောင့် ရှိသမျှ PHP စာအုပ်တွေ အကုန် share folder ထဲမှာ ထည့်လိုက်ရင် PHP သမားမဟုတ်တဲ့ သူငယ်ချင်းတွေ အတွက် အသုံးမဝင်သလို သူတို့ ရဲ့ space တွေလည်း အလကား ကုန်တာပေါ့။ ဒါကြောင့် share မယ်ဆိုရင်လည်း သူတို့အတွက်လည်း အသုံးဝင်မယ် ကိုယ့်အတွက်လည်း အသုံးဝင်မယ့်ဟာလေးတွေပဲ share သင့်တယ်ထင်တယ်။

နောက်ပြီး ရုံးမှာက project တွေကို share နိုင်တာပေါ့။ Designer မလာဖြစ်တဲ့နေ့တွေဆိုလည်း စာလေး တစ်ကြောင်းလောက် ပြင်ဖို့ project share ထဲက designer ရဲ့ file လေးကို ကိုယ့်ဘာသာ ကိုယ် ပြင်နိုင်တာပေါ့။ နောက်မို့ဆို email ပို့။ ဖုန်းဆက်ပြီး designer ကို file ပို့ခိုင်းနေရင် အလုပ်တွေ ပိုကုန်တာပေါ့။ ကိုယ် ပြင်လိုက်တဲ့ file ကိုလည်း designer က လည်း အလိုလို သိရတာပေါ့။ နောက်ပြီး dropbox ကို သုံးပြီး  message ပို့တဲ့ ပုံစံကို Poto Salad ဆိုတဲ့ ကာတွန်းလေးနဲ့ ပုံဖော်ထားတာ ရယ်ရတယ်။ အဲဒီ ကာတွန်းထဲမှာပါတဲ့ Growl ဆိုတာ mac က application ပါ။ Notification message ပေါ့။

တစ်ချိန်တစ်ခါတုန်းက အကုန်လုံး Web ပေါ်သွားမယ်လို့ စိတ်ကူးတွေ ယဉ်ခဲ့ကြပေမယ့် အခုတော့ ကျွန်တော့် idea တွေက အဲဒီ စကားလုံးကို သံသယ ဖြစ်လာပြီ။ အကုန်လုံး Web ပေါ်သွားတာထက် အကုန်လုံး web ပေါ်က data ကို အခြေခံတဲ့ cloud ကို သွားတာဆို ပိုမှန်မယ်လို့ ထင်မိတယ်။ ဘာလို့လည်းဆိုတော့ လူတိုင်းက Offline access လိုချင်နေတုန်းပဲ။ နေရာတိုင်း အချိန်တိုင်းမှာ ကောင်းမွန်တဲ့ connection တွေ လိုအပ်နေတုန်းပဲ။ free wifi မရှိခဲ့ရင်တောင် 3G ထက်သာတဲ့ 4G network တွေက device တွေတော်တော်များများမှာ သုံးနိုင်ဖို့ လိုသေးတယ်။ 3G network က ထင်သလောက် မမြန်တဲ့အတွက်ကြောင့် ကျွန်တော်ကတော့ အားမရဘူး။ ဒါပေမယ့် မရှိတာထက်တော့ ကောင်းတယ်လို့ ဆိုရမှာပေါ့လေ။

အခုတလော ဘယ်သွားသွား Dropbox ကို တွေ့တွေ့နေရတယ်။ iPad နဲ့ dropbox ထဲက file ကို ပြတာတို့။ iPhone နဲ့ ပြတာတို့။ dropbox ထဲကနေ file sharing လုပ်ပေးနေတာတို့ကိုပေါ့။ တကယ်တန်းတော့ အခုအချိန်မှာ အကုန်လုံး web ထက် application+web data က ပိုအောင်မြင်နေတဲ့ အနေအထားဆိုရမလားပဲ။ တနည်းပြောရင် cloud data ပေါ့ဗျာ။ web ပေါ်ကနေပဲ ဖြစ်စေ window,mac,linux ပေါ်ကနေ ဖြစ်စေ iPhone, Android, iPad ကနေ ဖြစ်စေ access လုပ်နေလို့ ရရမယ်ဆိုတဲ့ သဘောတရားက dropbox မှာ အပြည့်အဝ တွေ့နေရပါတယ်။

ကဲ.. သင်ကော dropbox ကို ဘယ်လို အသုံးချသလဲ။

2 Comments

  1. နတ်ဆိုးလေး says:

    အခုလို ဖတ်ရတု့အတွက် ကျေးဇူးတင်ပါတယ်..။

  2. Linnaingingyin says:

    ခုမှကြားဖူးတယ်…ကိုစေတန်ရေ့…
    ကျေးဇူးပဲဗျာ…အားလုံး….မှတ်စရာနဲ့သင်ယူစရာတွေပါပဲဗျာ…

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.