iOS 6/7 Deltas

မနေ့ညက စာ App ကို ပြင်ရင်း iOS 6 အတွက်ကော 7 အတွက်ကော လုပ်ဖို့က ပြဿနာ ဖြစ်နေတယ်။ အဓိက ပြဿနာက status bar ပဲ။ iOS 7 tool bar အပေါ်မှာ status bar ရှိနေပြီးတော့ 6 မှာတော့ မရှိနေဘူး။ 6 နဲ့ 7 အပြောင်းအလဲမှာ Design ပြဿနာတွေ ဖြစ်ကုန်တယ်

ဥပမာ။

အထက်က ပုံက iOS 7 မှာ toolbar ပေါ်မယ့် ပုံပါ။

အဲဒါကို iOS 6 view နဲ့ ပြောင်းကြည့်လိုက်ရင် အောက်ကလို ဖြစ်သွားတယ်။

 

ဒါနဲ့ iOS 6 မှာ အဆင်ပြေအောင် ဒီလို ထပ်ရွှေ့လိုက်တော့ iOS 7 မှာ နေရာလွှဲသွားပြန်ကော။

 

 

6 န့ 7 က y position က 20 px လောက် ကွာနေတယ်။ Stackover flow မှာ အခြားတစ်ယောက် ဖြေထားတာက Deltas ကို အသုံးပြုဖို့ပြောထားတယ်။

Deltas က အသုံးပြုရလွယ်ပါတယ်။

ကျွန်တော် က iOS 7 ကနေ iOS 6 ပြောင်းတဲ့ အခါမှာ toolbar ကို 20 px ထပ်တိုးစေချင်တယ်။ ဒါကြောင့် toolbar ကို select လုပ်ပြီးတော့ Size Inspector  ကို သွားလိုက်တယ်။ ပြီးတော့ y deltas ကို ပြင်လိုက်တယ်။

 

အဲဒါဆိုရင် 7 ကနေ 6 ကို ပြောင်းတဲ့ အခါမှာ လက်ရှိ select လုပ်ထားတဲ့ toolbar position ကို 20 ထပ်ပေါင်းလို့ ဆိုလိုက်တာပါ။ ဒါဆိုရင် status bar ပြဿနာ လွယ်လင့် တကူ ရှင်းလို့ရပါပြီ။

တစ်ခါတစ်ရံ 6 ကနေ 7 ကို သွားတဲ့ အခါမှာ 6 position ပြောင်းချင်ရင် File Inspector  အောက်မှာ

 

လို့ အရင်ပြောင်း။ ပြီးရင် ကိုယ်ရွှေ့ချင်တဲ့ control ကို select လုပ်ပြီး Deltas value ပြောင်း။ ပြီးရင် View As iOS 7 နဲ့ ပြန်ကြည့်ပြီး ချိန်ညှိလို့ရပါတယ်။

 

 

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.