iOS Development ဘယ်လို လေ့လာမလဲ ?

အမြဲတန်းလိုလို ပြောနေကျ Topic ဖြစ်ပေမယ့် ဒီတစ်ခေါက် barcamp မှာတော့ Swift ထွက်လာသည့် အတွက် အချို့ အကြောင်းအရာတွေ ပြောင်းပြီးတော့ ပြောဖြစ်တယ်။

ဘာတွေ လိုအပ်လဲ ?

iOS Development လုပ်ဖို့ လိုအပ်တာတွေကတော့

  • Mac OS
  • iPhone , iPad (Optional)
  • Apple Developer Account

Apple Developer Account

  • Free For Development
  • $99/year for App Store

Mac OS ရှိရင် ရပါပြီ။ Development လုပ်မယ်ဆိုရင်တော့ Macbook pro က ပိုကောင်းပါတယ်။ အရင်တုန်းကတော့ iPhone သို့မဟုတ် iPad လိုအပ်တယ်။ အတော်များများက simulator နဲ့စမ်းလို့မရဘူး။ iCloud စမ်းဖို့ အတွက် iPhone လိုအပ်တယ်။ အခုနောက်ပိုင်းတော့ မလိုအပ်တော့ပါဘူး။ ပုံမှန် App အတွက် simulator နဲ့ စမ်းရင်ရပါတယ်။

Developer account ကိုလည်း အခမဲ့ register လုပ်လို့ ရပါပြီ။ App store ပေါ်မှာ တင်မယ် ဆိုမှသာ $99 per year ပေးရပါမယ်။

Language

iOS လေ့လာမယ်ဆိုရင် language ၂ ခု နဲ့ လေ့လာလို့ ရပါတယ်။

  • Swift
  • Objective-C

Objective-C

- (NSString *)getText {
    return @"HELLO WORLD";
}

NSString *world = [self getText];

ပုံမှန် programming သမားတွေ အနေနဲ့ syntax က သမာရိုးကျ မဟုတ်ပါဘူး။ Objective-C ကို လေ့လာမယ်ဆိုရင် သူ့ syntax နဲ့ ရင်းနှီးအောင် အရင်ဆုံး ကြိုးစားဖို့ လိုပါတယ်။

Project အဟောင်း တော်တာ်များများဟာ Objective-C နဲ့ ရေးထားတာဖြစ်သည့် အတွက်ကြောင့် iOS သမားတွေ အနေနဲ့ လေ့လာထားသင့်တယ်။ မလေ့လာထားရင် တချိန်ရောက်ရင် ပြဿနာ တက်လာလိမ့်မယ်။ အခုမှ လေ့လာကာစ သူတွေ အနေနဲ့ကတော့ Swift ကို လေ့လာပါ။ ပြီးမှ Objective-C ကို လေ့လာပါ။

Swift

func getText() -> String {
        return "HELLO WORLD"
}

let world = getText()

သူ့ code ကတော့ ရှင်းပါတယ်။ programming လေ့လာဖူးသည့် သူတိုင်း ဖတ်ရုံနဲ့ သိနိုင်ပါတယ်။

Swift ကတော့ လေ့လာရတာ လွယ်ကူပေမယ့် နှစ်တိုင်း version အသစ်ထွက်နေတာကြောင့် up to date ဖြစ်အောင် အမြဲတန်းကြိုးစားနေဖို့ လိုပါတယ်။ Swift 2 code တွေဟာ Swift 3 မှာ အလုပ်မလုပ် သလို swift 4 မှာလည်း အပြောင်းလဲ များစွာလာပါအုံးမယ်။

iOS SDK

SDK != Language

SDK ဟာ language နဲ့ မတူပါဘူး။ Java language တတ်တယ်ဆိုတာနဲ့ Android ရတယ်လို့ မပြောနိုင်ပါဘူး ။ သို့ပေမယ့် Android သမားတိုင်းဟာ Java language သိတယ်ဆိုတာ သေချာပါတယ်။ အဲလိုပါပဲ Swift , Objective-C တို့ဟာ language ဖြစ်ပြီးတော့ iOS development အတွက် iOS SDK ကို နားလည် ဖို့ လိုအပ်ပါတယ်။

IDE

IDE အနေနဲ့ Xcode ကို အသုံးပြုပါ။ အခြား AppCode လိုမျိုး IDE တွေ ရှိပေမယ့် ကျွန်တော်ကတော့ Xcode ကိုပဲ recommend လုပ်ပါတယ်။ Xcode မှာ auto layout ပိုင်းတွေပါဝင်ပြီးတော့ နှစ်စဉ်နှစ်တိုင်း Update လုပ်နေသည့် IDE တစ်ခုပါ။

Layout Design

App Design ကို လုပ်သည့် အခါမှာ အခြေခံအားဖြင့်

  • IBAction
  • IBOutlet
  • Auto Layout

စတာတွေ ရှိပါတယ်။

IBAction ကတော့ action event တွေ အတွက်ပါ။ Button click event မျိုး တွေ အတွက်ပေါ့။ IBOutlet ကတော့ Storyboard မှာ Label ကို ဒီဘက်က code ဘက်က variable နဲ့ ပြန်ပြီး တွဲချိတ်ပေးဖို့ပါ။

Autolayout ကတော့ device screen အမျိုးအမျိုးမှာ အဆင်ပြေအောင် အသုံးပြုရပါတယ်။ iPhone 5 SE,iPhone 6, iPhone 6 plus စသည်ဖြင့် အရွယ်အစား အမျိုးမျိုးအတွက် Auto Layout ကို အသုံးပြုပြီးတော့ Design ဖန်တီးရပါတယ်။

After Basic

iOS ကို အနည်းငယ် သိသွားပြီ။ ဘယ်လို development လုပ်ရမယ်လို့ သိပြီးသွားရင် သိသင့်တာတွေကတော့

Upload To App Store

Apple store ပေါ်တင်ဖို့ $99 per year ပေးဆောင်ဖို့ လိုအပ်ပါတယ်။ ပထမဆုံး အကြိမ် account အတွက် review က ၂ ပတ်လောက် ကြာပါတယ်။ နောက်ပြီးတော့ App Store Guide Line ကို နားလည်ဖို့ လိုအပ်တယ်။ App အသစ်ကို review process က ၅ ရက် ကနေ ၂ ပတ် အထိ ကြာတတ်ပါတယ်။ App Update ကို ၂ ရက် ကနေ ၅ ရက် အထိ review ကြာတတ်ပါတယ်။

Sale In App Store

App store ပေါ်မှာ ရောင်းဖို့ အတွက် SWIFT code ရှိသည့် bank လိုအပ်ပါတယ်။ Bank ကို ငွေလွှဲဖို့ကတော့ ဒီမှာ ဖော်ပြထားသည့် currency အရ အနည်းဆုံး $10 ရ ဖို့ လိုပါတယ်။ ၄၅ ရက် တစ်ခါ ငွေလွှဲပါတယ်။ ဒီလ $10 မပြည့်ရင် နောက်လ မှ ပေါင်းပြီး လွှဲပါတယ်။

Recommend Books

No ပါ ဗျာ။ Objective-C နဲ့ လေ့လာမယ်ဆိုရင် စာအုပ်အချို့ ရှိပေမယ့် Swift နဲ့ ဆိုရင်တော့ No ပါပဲဗျာ။ ဘာကြောင့်လဲဆိုတော့

  • နှစ်တိုင်း Swift version အသစ်ထွက်တယ်။ version အသစ်က version အဟောင်းကို backward compatibility ဖြစ်မယ်လို့ အာမမခံဘူး။
  • အခုလာမယ့် ဇွန် မှာ Swift 4.0 ထွက်တော့မယ်။ ကြီးမားသည့် ပြောင်းလဲမှုတွေ ရှိတယ်လို့ ကြားတယ်။
  • နှစ်တိုင်း Xcode အသစ်ထွက်ပြီးတော့ အမြဲတန်း ပြောင်းလဲမှုတွေ ရှိတယ်။
  • နှစ်တိုင်း iOS အသစ်ထွက်ပြီးတော့ SDK လည်း အသစ်ထွက်တယ်။ အသစ်တွေ ထပ်ပြီး လေ့လာရတယ်။
  • Basic စာအုပ် သက်တမ်းက ၁ နှစ်ထက် မပိုပါဘူး။

ဒါကြောင့် basic စာအုပ်လေ့လာမယ်ဆိုရင် အချိန် ၁ နှစ်ပဲ ရပါတယ်။ Swift version အသစ်ထွက်ခါနီး လေ့လာရင်လည်း version အကူးအပြောင်းမှာ ဟိုမရောက်ဒီမရောက်နဲ့ လှည်ထွက်သွားပါမယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ basic စာအုပ်တွေ ဖတ်ဖို့ အကြံမပေးချင်ပါဘူး။

Online မှာလေ့လာပါ

စာအုပ်ဖတ်တာ ထက် online မှာ လေ့လာပါ။

တို့မှာ လေ့လာနိုင်ပါတယ်။ ကျွန်တော်ကတာ့ Stanford iTunes U ကနေ လေ့လာခဲ့တာပါ။ Bus ကားပေါ်မှာ video တွေ ကြည့်ရင်း နဲ့ လေ့လာခဲ့တာပါ။

Beyond Basic

Basic ပိုင်းတွေ ရပြီ။ နောက်ထပ် တဆင့်ကို တက်ချင်တယ် ဆိုရင်တော့ အောက်က စာအုပ်တွေ video တွေကို ကြည့်ဖို့ အကြံပြုချင်ပါတယ်။

  • talk.objc.io
  • NSHipster
  • Advanced Swift (BOOK)
  • Functional Swift (BOOK)
  • Swift Algorithm & Data Structures (BOOK) နှင့်
  • နိုင်ငံတကာက iOS Developer တွေကို follow လုပ်ထားသင့်ပါတယ်။

Slideshow file ကို ဒီမှာ ရယူနိုင်ပါတယ်။

4 Comments

  1. ကျေးဇူးတင်ပါတယ်ဗျာ

  2. eieikhin says:

    အကို free developer account နဲ့ ipa file ထုတ်ပြီး real device မှာ install လုပ်တာမရဘူးဖြစ်နေတာ..အဲဒါလေးသိချင်လို့ပါအကို ကျေးဇူးတင်ပါတယ် အကို

    1. saturngod says:

      Need the adhoc and you cannot use in free version. It need to add device udid in apple developer panel

      1. eieikhin says:

        ကျေးဇူးပါအကို

Leave a Reply to eieikhin Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.