Myanmar Tutorials’ Web Design Contest [Review]

ဒီနေ့ MMTut မှာ web design ပြိုင်ပွဲက website တွေကို ကြည့်ဖြစ်လိုက်တယ်။ အကုန်လုံးကတော့ ရှိသမျှ အစွမ်း အကုန်ထုတ်ထားပဲ။ လက်ရှိ design တွေထဲမှာတော့ professional အနေနဲ့ လုပ်နေတဲ့သူတွေ မပါလောက်ဘူးလို့ ထင်ရတယ်။ အကုန်လုံးရဲ့ အားနည်းချက်က typography ကို သွားတွေ့ရတယ်။ အစကတော့ တစ်ခုခြင်းဆီကို ပြောအုံးမလို့ စဉ်းစားပေမယ့် အများကြီး ဖြစ်သွားမှာဖြစ်လို့ရယ်.. အခုမှ ရုံးက ပြန်ရောက်လို့ ပင်ပန်းနေတာရယ် ကြောင့် ခြုံပြီးတော့ပဲ ရေးလိုက်တော့မယ်။ ကျွန်တော့် ထက်စာရင် web designer အလုပ်လုပ်နေတဲ့ သူတွေရဲ့ အမြင်နဲ့ ဝေဖန်ချက်တွေက ပိုကောင်းမယ်လို့ ထင်ပါတယ်။ လက်ရှိ web design တွေ အားလုံးနည်းပါးက HTML4 + CSS2 မှာ အခြေခံထားတာကြောင့် အခုခေတ်ကာလ design တွေနဲ့ ယှဉ်လိုက်ရင် နောက်ကျနေတယ်လို့ ခံစားရတယ်။

Information

အချို့ site တွေက Information တွေ မပါဘူး။ အချို့ site တွေကျပြန်တော့လည်း Information ပြွတ်သိပ်နေတယ်။ တော်တော်များများကတော့ သင့်တော် သလောက်ပဲ Information တွေ ထည့်ထားပေမယ့် Tranning co မှာက မလိုအပ်ပဲ ထည့်ထားတာ များနေတယ်လို့ ခံစားရတယ်။ အထူးသဖြင့် Header က 1,2,3,4 က ဘယ် page မဆို ပါနေတော့ ပိုဆိုးသွားတယ်။ 1,2,3,4 ဆိုတဲ့ square လေးကို home page လောက်မှာပဲ ထည့်လိုက်ရင် တော်တော် အဆင်ပြေလိမ့်မယ်။ နောက်ပြီး အောက်မှာ Column ၄ ခုလောက်ထည့်ထားတော့ information တွေ အရမ်းကို များနေတယ်။

Lorem ipsum

Lorem ipsum က စာလုံးအတွက် အကြမ်းသဘောမျိုး ထည့်တဲ့ နေရာမှာ အသုံးပြုကြပါတယ်။ ဒီလို ပြိုင်ပွဲတွေမှာ ဆိုရင်တော့ အသုံးမပြုသင့်ပါဘူး။ သူ့ထက်စာရင် ယုတ္တိရှိတဲ့ information စာသားတွေကို အသုံးပြုခြင်းအားဖြင့် ကိုယ့်ရဲ့ design ကို ပိုမို မြင်သာစေပါတယ်။ ဥပမာ။။ client ကို website သွားပြတဲ့ အခါမှာတော့ Lorem ipsum ကို အသုံးမပြုသင့်တော့ပါဘူး။ ဒီ နေရာက ဘာလုပ်ဖို့လဲဆိုတဲ့ သဘောမျိုး ပြန်မေးတာကို ထပ်ရှင်းပြနေရလိမ့်မယ်။

theme တွေ template တွေမှာဆိုရင်တော့ အသုံးပြုသင့်ပါတယ်။ ရှင်းလင်းလွယ်ကူစွာ မြင်သာစေသလို ဘယ်နေရာမှာ ဘယ်လို စိတ်ကြိုက်ထားလို့ရတယ်ဆိုတာကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ သို့ပေမယ့် ပြိုင်ပွဲဆိုတာက client ကို information သွားပြသလိုဖြစ်တဲ့ အတွက်ကြောင့် Lorem ipsum ကို အသုံးပြုတာက လှပတဲ့ ကိုယ့် design ကို နည်းနည်း ကြည့်ရတာ ဆိုးသွားစေတယ်။

Need Grid

အချို့တွေကတော့ Grid နဲ့ တည်ဆောက်ထားပေမယ့် အချို့တွေကျပြန်တော့လည်း ရိုးရိုး ကိုယ့်ဘာသာ CSS နဲ့ အဆင်ပြေသလို ရေးထားတာကို တွေ့ရတယ်။ my_portfolio ဆိုရင် grid နဲ့ တည်ဆောက်လို့ရပေမယ့် အကုန်လုံးကို table နဲ့ တည်ဆောက်ထားတာကို တွေ့ရတယ်။ Table နဲ့ ဆောက်တော့ ဘာဖြစ်လည်းဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး။ သို့ပေမယ့် ပို အချိန်ကြာပြီး ပြင်ရတဲ့ အပိုင်းတွေ နည်းနည်းလေး ပြန်လက်ဝင်တာမျိုး ရှိတတ်တယ်။ နောက်တချက်က center ကို မပို့ဖြစ်တော့တဲ့ အတွက် wide screen monitor တွေ အတွက် အဆင်မပြေတော့ဘူး။ Div ကို center ကို ပို့တတ်ရင် 960gs , blueprint စတာတွေကို သုံးပြီး လွယ်လင့်တကူ ဖြေရှင်းလိုက်လို့ရပါတယ်။ frozencity မှာလည်း အဲလိုမျိုး ပြဿနာလေးတွေ တွေ့ရတယ်။

Fluid or Fixed

တော်တော်များများကတော့ Fixed နဲ့ ရေးထားတာတွေ့ရတယ်။ သို့ပေမယ့် အချို့က Fluid ကို ကောင်းကောင်း အသုံးမချတတ်တာလား ဒါမှမဟုတ် monitor ကြီးကြီးနဲ့ မစမ်းဖြစ်တာကြောင့်လား မသိဘူး ရုံးက Monitor နဲ့ ကြည့်လိုက်တော့ နေရာတွေ လွဲထွက်ကုန်တာတွေရှိတယ်။ Fluid ကို သေသေချာချာ မကိုင်နဲ့အခါမှာ 960 fluid ကို အသုံးပြုလိုက်ရင် ပိုအဆင်ပြေလိမ့်မယ်။ CSS က properties တွေ သိရုံနဲ့ မရပါဘူး။ အကုန်လုံးကို ပေါင်းစပ် အသုံးချတတ်ဖို့ လေ့လာရပါသေးတယ်။ ဒါကြောင့် Fluid ကို သုံးမယ်ဆိုရင်တော့ ကျွမ်းကျင်စွာ အသုံးချတတ်ဖို့ လိုပါတယ်။ နောက်ပြီး Monitor အကြီးတွေ အတွက်ပါ ပေါင်းစပ် စဉ်းစားတတ်ဖို့ လိုအပ်ပါတယ်။

Don’t forget about Cross Browser

web site တစ်ခုဟာ cross browser ဖြစ်နိုင်ရင် အကောင်းဆုံးပဲ။ CSS properties က မဖြစ်ခဲ့ရင် design ပဲ ပြဿနာဖြစ်ပေမယ့် javascript ကသာ ပြဿနာဖြစ်ခဲ့ရင်တော့ website တစ်ခုလုံး သုံးမတာတွေ ဖြစ်တတ်ပါတယ်။ Online Painting ဆိုတဲ့ site လေးက idea လေး မဆိုးပေမယ့် cross browser မဟုတ်ဘူး။ နောက်ပြီး Canvas ကို အသုံးပြုလိုက်ရင် ဒီ ထက် ပိုကောင်းအောင် ဖန်တီးလို့ရတယ်။ Color Picker အတွက် jquery မှာ ရှိသလို HTML 5 မှာလည်း ပါလာပါတယ်။ HTML5 မှာကတော့ opera တစ်ခုပဲ ရတဲ့အတွက် jquery ui သုံးလိုက်ပြီး color picker နဲ့ ရွေးချယ်လိုက်လို့ရပါတယ်။ website က Chrome မှာ အလုပ်မလုပ်တဲ့အတွက် ရေးထားတာတွေ အကုန်လုံး အလကားဖြစ်သွားပြီလို့တောင် ဆိုရမလိုပဲ။

အခုတော့ ဒီလောက်ပဲ … မနက်ဖြန်မှ ဆက်တော့မယ်… ဒီနေ့ ရုံးပြန်နောက်ကျတာနဲ့ အကုန်လုံးတောင် မရေးနိုင်တော့ဘူး … ကျွန်တော့် review တွေထက်စာရင် ထူးတေဇာ တို့ ကိုမျိုးဟန်ထွန်း ၊ ကိုမျိုးကျော်ထွန်း တို့လို့ ဆရာကြီးတွေရဲ့ ဝေဖန်ချက်တွေက ပိုပြီး ပြည့်စုံမယ်လို့ ထင်တယ်။ MMTut က ကိုသီဟ အနေနဲ့လည်း ဆုပေမယ့်တဲ့အခါမှာ ဘာကြောင့် ဆုရတယ် ဆုမရဘူးဆိုတာကို သေသေချာချာ ပြန်ရှင်းပြနိုင်ရင်တော့ ပြိုင်တဲ့လူတွေ အတွက် အရမ်း အကျိုးရှိလိမ့်မယ်။ site တစ်ခု ခြင်းဆီကို ပြောချင်ပေမယ့် အချိန်မရတာကြောင့် အခု ပထမဆုံး အပိုင်းကို ချုံ့ပြီးပဲ ရေးလိုက်တာပါ။

9 Comments

  1. rlay says:

    ကိုစေတန်ဘလော့နဲ့မြန်မာကျူတိုရီရယ်နဲ့လင့်ဘယ်လိုချိတ်တာလဲဗျ။ မြန်မာကျူတိုရီရယ်မှာ ကိုစေတန်ဘလော့တို့ကိုဇက်ဘလော့လင့်တွေပေါ်နေတာလေ။ ပိုစ့်အသစ်တင်တိုင်း သူဘာသာသူပေါ်တာလား ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ထည့်ရတာလဲဗျ။ plugins လည်း ဘာလဲ ပြောပါအုံးဗျာ

    1. saturngod says:

      it call RSS. you can add RSS from RSS widget. it’s built-in widget.

  2. rlay says:

    ကိုစေတန် ကျေးဇူးပဲဗျာ။

  3. rlay says:

    ကိုစေတန်ဘလော့ကို wordpress သုံးထားတာမဟုတ်လားဗျ။ ပြီးတော့ အမ်ဇက်ကို joomla သုံးထားတာ မလား။ နှစ်ခုယှဉ်ဖွင့်ကြည့်လိုက်တော့ joomla နဲ့ရေးထားတာက တမ်းပွင့်သွားတယ် wordpress ကတော့ ဟိုဟာ loading ဒီဟာ loading ပြီးမှ ပွင့်လာတယ်။ အဲ့နေရာမှာတော့ wordpress က မမိုက်ဘူးထင်တယ်။

    1. saturngod says:

      MZ is using vanilla .. my blog is using wordpress … yes.. it’s may take loading for some plugin and font embed. If there is no plugin and font embed, wordpress also fast loading. I add some lazy load for reduce request connection , so you will see step by step loading :P

  4. rlay says:

    ကိုစေတန် Facebook ထောင်တဲ့သူက ဘယ်ကနေ ဘယ်လိုပိုက်ဆံတွေ ရနေလို့ချမ်းသာနေတာလည်းဗျာ။ web ကနေ ပိုက်ဆံရတယ်ဆိုတာကို Google Ads သုံးပြီးတော့ ရတာပဲ သိသေးတယ်။ အဲ့လိုမျိုး လူဝင်များပြီး free သုံးရတဲ့ social networking site တွေ Facebook,Twitter,Myspace တို့နောက်ပြီးတော့ wekipedia တို့ဘယ်ကနေ ဘယ်လိုပိုက်ဆံရကြတာလဲဗျာ။

    1. saturngod says:

      you should ask in user.mysteryzillion.org or quora or search in google. It’s not relate with this post … Sorry about that … You can find this answer on quora.com ….

  5. aungmyo says:

    မင်္ဂလာပါ ကိုစေတန်
    ကျွန်တော်တို့လို ပြိုင်ပွဲဝင်တွေရဲ့လိုအပ်ချက်တွေကို အခုလိုဝေဖန်ထောက်ပြပြောဆိုပေးတာကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ My_Portfolio ကိုရေးတဲ့သူပါ။ ဟုတ်ပါတယ် ကျွန်တော့်ဆိုဒ်မှာ အားနည်းချက်တွေတစ်ပုံတစ်ပင်နဲ့ပါ နောက်ပြီး အချိန်မရခြင်းကလည်း ကျွန်တော့်အတွက်ကြီးမားတဲ့အခက်ခဲတစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ် မနိုင်မှာကိုသိရက်နဲ့ကိုပြိုင်ခဲ့တာပါပဲ။ ဒါကျွန်တော့်ရဲ့ ပထမဆုံးသောပြိုင်ပွဲပါပဲ။ ကျွန်တော်တို့လိုသူတွေအတွက်ကတော့ ကိုစေတန်တို့လို ပညာရှင်တွေကဝေဖန်ထောက်ပြပေးတော့သိပ်ကိုဝမ်းသာမိပါတယ်။နောက်ကိုလည်းအမှားအယွင်းနည်းနိုင်သမျှနည်းအောင်ကြိုးစားလုပ်ဆောင်သွားပါမယ်။ ကျွန်တော်ဟာအခုချိန်ထိ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်မလာသေးပါဘူး။ဒါပေမယ့် အခုလိုအားပေးမယ့်သူ ဝေဖန်ထောက်ပြမည့်သူတွေရှိတဲ့အတွက် အား ဖြစ်ရပါတယ်။ရှေ့ဆက်ပြီးတော့ကြိုးစားဖို့ အားပိုဖြစ်စေပါတယ်။ ကျေးဇူးအထူးတင်လျက်
    အောင်မျိုး

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.