MySQL

MySQL ဟာ Free Database Software တစ်ခုပါ… MySQL ဟာ Free Version တင်မက Enterprise version ပါရှိပါတယ်… အဲဒီဟာကို တော့ ဝယ်ယူရပါတယ်… Free Version ဆိုပေမယ့် မဆိုးဘူးဗျ… Microsoft SQL Sever က မြန်မာနိုင်ငံမှာ ဈေးပေါပေါနဲ့ဝယ်လို့ရတာကို…ဒီတော့ MySQL လို အလကားရတဲ့ဟာကို လူတွေက မသိတော့ဘူး… MySQL က Window မှာရော Linux မှာပါ အသုံးပြုနိုင်တယ်…. PHP အတွက်တော့ အကောင်းဆုံးပဲ… MySQL ကို programming Language တော်တော်များများနဲ့ အသုံးပြုနိုင်အောင် Driver များလည်းရှိတယ်.. ရနိုင်တဲ့ driver တွေကတော့
These drivers are developed and maintained by MySQL AB
ADO.NET Driver for MySQL (Connector/NET)
ODBC Driver for MySQL (Connector/ODBC)
JDBC Driver for MySQL (Connector/J)
MXJ Driver for MySQL (Connector/MXJ)
PHP Driver for MySQL (Connector/PHP – Windows Only)
C API for MySQL (mysqlclient)
These drivers are developed and maintained by the MySQL Community.
PHP Driver for MySQL (mysqli)
Perl Driver for MySQL (DBD::mysql)
Python Driver for MySQL (MySQLdb)
Ruby Driver for MySQL (DBD::MySQL)
Ruby Driver for MySQL (ruby-mysql)
C++ Wrapper for MySQL C API (MySQL++)
အစရှိတဲ့ ဟာတွေကို http://www.mysql.com/products/connector/ ကနေ download ချနိုင်ပါတယ်…
ကျွန်တော်ကတော့ အဓိက php အတွက်ပဲသုံးပါတယ်…ဘာဖြစ်လို့လည်းဆို PHP မှာ MySQL အတွက် သုံဖို့အသင့်ပါပြီး ဖြစ်သလို web hosting တွေမှာလည်း free ပေးလို့ပါ… နောက်ပြီး PHP သမားတွေကိုလည်း MySQL သုံးဖို့ပြောချင်တယ်ဗျ… စာအုပ်တော်တော်များများမှာ PHP ကို MySQL နဲ့သုံးနည်းတွေပဲရေးထားကြတယ်… တခြားဟာတွေနဲ့ တွဲသုံးဖို့အပိုင်းတွေကို မတွေ့ရဘူးဗျ….
MySQL ကို http://dev.mysql.com/downloads/mysql/5.2.html ကနေ download ချနိုင်ပါတယ်.. GUI Tool ကိုတော့ http://dev.mysql.com/downloads/gui-tools/5.0.html ကနေ download ချလို့ရပါတယ်.. ကျွန်တော်ကတော့ MySQL ကော GUI Tool ကိုရော download ချသင့်တယ်လို့ထင်တယ်..ဘာဖြစ်လို့လည်းဆို MySQL ပဲဆိုရင် command mode မှာအသုံးပြုရလိမ့်မယ်… Datbase တစ်ခုဆောက်ဖို့ဆိုရင် အချိန်တွေ အများကြီးပေးရမယ်ဗျ… နောက်ပြီး GUI Tool တင်မဟုတ်ဘူး… PhpMyAdmin (http://www.phpmyadmin.net/ ) ကိုပါ download ချစေချင်တယ်… PhpMyAdmin ကတော့ တခြားမဟုတ်ဘူးဗျ…သူက MySQL Sever ကို GUI Design နဲ့ပြန်လုပ်ထားတာပဲ…PHP နဲ့ရေးထားတဲ့ opensource ပဲပေါ့…. သူ့ကိုတော့ MySQL သုံးတဲ့သူတွေ သုံးကိုသုံးသင့်တယ်… သူက database က data တွေကို export , input လုပ်လို့ရတယ်…နောက်ပြီး… web hosting တွေကလည်း PhpMyAdmin ကိုသုံးတယ်… သူ့ကိုသုံးမှ ကိုယ့်စက်ထဲက data တွေကို web hosting က MySQL Server ပေါ်တင်ရင် မြန်မယ်… ကိုယ့်စက်နေ export လုပ်…. Web hosting မှာ input လုပ်ရင်ရပြီ… အစပိုင်းသုံးရတာ နည်းနည်းရှုပ်ပေမယ့်…နောက်ပိုင်းသုံးတတ်ရင်တော့ တော်တော်ကောင်းတယ်ဆိုတာကို တွေ့ရမှာ… အဲသူက php နဲ့ရေးထားတာနော်… Web browser မှာ run ပြီးသုံးရတာ… Application မဟုတ်ဘူးဗျ….

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.