Pixelmator

အခုတလော Photoshop အစား Pixelmator ကို သုံးဖြစ်တယ်။ Photoshop ထက်စာရင် ပေါ့ပေါ့ပါးပါးရှိသလို သုံးရတာလည်း photoshop အတိုင်းပါပဲ။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ဘူး။ သို့ပေမယ့် သူ့မှာ layer properties တွေတော့ မပါဘူး။ ပုံမှန် ပုံဖြတ်တာ ။ ပုံပြင်တာ စတာတွေတော့ အသုံးပြုလို့ရတယ်။ ရှိတဲ့ PNG file ကို ဖြုတ်ထုတ်တာတို့ ဒါမှမဟုတ် background အတွက် noise တွေ shape တွေ ထည့်တာတို့ စတာတွေတော့ ရတယ်။

pixelmator

နောက်ပြီး အခြား အသုံးဝင်တာတွေ အများကြီး ရှိပါသေးတယ်။ Tutorial ကိုတော့ http://www.pixelmator.com/tutorials/ မှာ ကြည့်လို့ရတယ်။ ရုတ်တရက်ကြည့်လိုက်ရင် tutorial တွေက အပျံစားတွေပဲ။ တကယ်တန်းကြည့်လိုက်တော့ နဂိုလှလို့ ပြင်ထားတာတွေ ပိုလှတယ်ဆို မှန်မယ်။ သူ့ tutorial မှာ သုံးထားတဲ့ ပုံတွေက တော်တော်လေးကိုကောင်းပါတယ်။ ဒါကြောင့် ပြင်ထားတဲ့ပုံတွေက အရမ်းလှတယ်လို့ ထင်နေရတာပါ။ Pixelmator မှာ Photoshop မှာ လူ အသုံးအများဆုံး Tool တွေနဲ့ Filter တွေကို ထည့်ပေးထားတယ်။ ခက်တာက ကျွန်တော် အသုံးအများဆုံး Layer Properties မပါတာပဲ။ သူ့မှာ button တစ်ခုကို ဖန်တီးရင် photoshop ထက်တော့ နည်းနည်းလက်ဝင်တယ်။

http://www.pxm-tuts.com/tutorials/web-design/modern-website-design-pixelmator/

မှာ web design ကို pixelmator နဲ့ ဘယ်လို တည်ဆောက်လဲဆိုတာကို ဖတ်ရှုနိုင်ပါတယ်။

pxm-tuts.com ကတော့ စုံစုံလင်လင်တော့ မရှိလှဘူး။ Photoshop ထက်စာရင် resources တွေ အရမ်းနည်းတယ်။ ကျွန်တော် သုံးနေကျ http://365psd.com/ , http://www.premiumpixels.com/ , http://designmoo.com/ စတာတွေက သုံးမရတော့ဘူး။ သူတို့ရဲ့ PSD တွေကလည်း Layer Properties တွေ သုံးထားတော့ Pixelmator ဖွင့်လိုက်ရင် အရောင်တွေ design တွေက လွဲကုန်တယ်။

နောက်အဆိုးဝါးဆုံးကတော့ ကျွန်တော် သုံးနေကျ iOS 5 UI PSD ကို သုံးလို့မရတာပဲ။

Photoshop ကို အရမ်းလိုမှသာ အခုသုံးတယ်။ ဖြစ်နိုင်ရင် Pixelmator နဲ့ ကြိုးစားပြီးဆွဲတယ်။

ဘာပဲပြောပြော S$19 ပဲ ပေးရတဲ့ အတွက် တန်ပါတယ်။ သို့ပေမယ့် Designer က PSD file ကြီးပေးလိုက်တဲ့ အခါမှာတော့ Pixelmator နဲ့ ဖွင့်လိုက်ရင် တလွဲတွေ ဖြစ်ကုန်တာတော့ ဆိုးတယ်။ PSD file တွေကိုတော့ Photoshop နဲ့ သုံးနေရတုန်းပါပဲဗျာ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.