readability on wordpress

ဟိုနေ့က iReader လေး ရေးရင်း iReader မသုံးပဲနဲ့ကော blog တွေမှာ ပေါ်အောင် လုပ်လို့မရဘူးလား လို့စဉ်းစားမိတယ်။ iReader က readability နဲ့ safari reader ၂ ခုကို ပေါင်းထားတာ။ ဒါနဲ့ readability ကို သုံးဖို့ ဆုံးဖြတ်လိုက်တာ။ အဲဒါနဲ့ wordpress plugin တစ်ခု ကောက်ရေးပြီး လက်ရှိ blog နဲ့ mz blog မှာ စမ်းထားတယ်။ public တော့ မထုတ်သေးဘူး။ public ထုတ်ရင် setting တွေထည့်ရမှာ အလုပ်ရှုပ်လို့။ setting page လေး မရေးချင်လို့ public ကတော့ စိတ်ကူးပေါက်မှပဲ ထုတ်တော့တယ်။ အခု MZ blog နဲ့ ကျွန်တော့် blog ကို pdf ထုတ်ချင်တဲ့သူတွေကတော့ readability ဆိုတာလေးကို နှိပ်ပြီး ဘယ်ဘက်က print နဲ့ ထုတ်လို့ရတယ်။ အဲ.. pdf printer တော့ ရှိဖို့လိုတာပေါ့။

11 Comments

  1. ကေထူး says:

    ကိုစေတန် ခင်ဗျား

    ကျွန်တော်တခုလောက် သိချင်လို့ပါ။ ကျွန်တော်က php လေ့လာနေတာ ၁နှစ်ကျော်လောက်ရှိပါပြီ။ wordpress ကိုကျတော့ တခါမှမလုပ်ဖူးဘူး။ မထင်မှတ်ဘဲ ဒီကိုရောက်လာတော့ wordpress နဲ့အလုပ် လုပ်ရတယ်။ ecommerce ဆိုဒ် တခုကို wordpress နဲ့ တစ်ယောက်တည်း လုပ်ရတော့ ကျွန်တော်လည်း ရွာလည်နေပါပြီ။ အထူးသဖြင့် wp ecommerce plugins မှာ သူ့ရဲ့ ဖိုင် structure တွေဘယ်တည်ထားမှန်းမသိတော့ ပိုဆိုးတာပေါ့။

    ဥပမာ မှာ ကျွန်တော်က shipping value ကို customize ပြန်လုပ်ချင်တယ်ဆိုယင် က ဘယ်ဖိုင်မှာ ရှိနေမှန်းမသိတော့ ရှာရလည်းမလွယ်ပါဘူး။ နောက် wordpress forum တွေမှာလည်း ရှာတာမတွေ့ဘူူး။ အဲလိုပြသနာတွေက နေ့တိုင်းလိုလိုပါပဲ။

    ကျွန်တော်သိချင်တာက အဲလိုပြသနာတွေအတွက် reference site တွေများရှိမလား။ ပြသနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ အကြံဉာဏ်များ ရှိမလားလို့ သိလို့ပါ။ ဒီနေရာမှာ personal case လိုမျိုးဖြစ်သွားယင်လည်း တောင်းပန်ပါတယ်။ ကြံရာမရတော့လို့ပါ။

    1. saturngod says:

      plugin တွေအားလုံးက wp-content/plugins/ ဆိုတဲ့ အောက်မှာ ရှိတယ်။ သူများရေးထားပြီးသား plugin ကို ပြင်ဖို့အတွက် dreamweaver လိုမျိုး search ရှိဖို့လိုတယ်။ ဒါမှ folder ထဲက file တွေအားလုံးမှာ ရှာလို့ရမှာလေ။ wp ecommerce နဲ့ ပတ်သက်ရင်တော့ http://www.instinct.co.nz/e-commerce/docs/ နဲ့ http://getshopped.org/forums/ ကိုသွားပါ။

      1. ကေထူး says:

        http://www.instinct.co.nz/e-commerce/docs/ နဲ့ http://getshopped.org/forums/ ကိုတော့ မကြာမကြာ သွားကြည့်ဖြစ်ပါတယ်။ လုံလောက်တဲ့ information မတွေလို့ပါ။ ထပ်ကြိုးစားကြည့်ပါအုံးမယ်။ ကျေးဇူးတင်ပါတယ်။

        1. saturngod says:

          သူတို့နဲ့ ဆိုင်တဲ့ forum မှာပဲ မေးပါ။ plugin တွေက ပြန်ပြင်တဲ့အခါမှာ ကိုယ့်စိတ်ကြိုက်ပြင်ရခက်တာတော့ အမှန်ပါပဲ။

          1. ကေထူး says:

            ဟုတ်။ တတ်နိုင်သမျှတော့ လိုက်လုပ်နေပါတယ်။ ကိုစေတန်ရဲ့ Post ကို
            အရမ်း သဘောကျပါတယ်။ ဆက်လက်အားပေးနေပါတယ်။

  2. zinmyo says:

    ကိုစေတန် ကျွန်တော်တို့ ဖုန်းတွေကနေ တစ်ဆင့်ဖတ်ရင်ရော အဲဒီ readabitily အတွက် zawgyi font ဒါမှမဟုတ် မြန်မာ font တွေတခုမှမရှိပဲ ပေါ်မလားဗျ… font အသေသွင်းထားတာမျိုးလားလို့ မေးချင်တာပါ…

    1. saturngod says:

      စက်ထဲမှာ font ရှိမှ ပေါ်မှာပါ… ဖုန်းထဲမှာ font ရှိမှ ပေါ်မှာပါ..

      1. zinmyo says:

        အဲဒါဆို စကားမစပ်ဗျာ… စက်ထဲမှာဖောင့်ရှိစရာမလိုပဲနဲ့ Website မှာ font ပါရင် ဖတ်လို့ရတဲ့ နည်းပညာကို ဘာခေါ်သလဲဗျ…

        1. saturngod says:

          font embed

  3. kk says:

    Readability .. အိုင်ဒီယာလေး သဘောကျတယ်ဗျာ ..

  4. jane says:

    Your topic readability on wordpress | Saturngod was interesting.I found it on Wednesday searching for or printer.Please Keep posting on or printer.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.