SCRUM

ရန်ကုန်မှာတော့ ဘာကို သုံးလဲတော့ မသိဘူး။ ကျောင်းမှာတုန်းက Waterfall , VModel , Spiral တွေ သင်ခဲ့ရတယ်။ သင်တာ သင်ခဲ့ရတာ ဘာမှန်းလည်း သိခဲ့တာဟုတ်ပါဘူးလေ။ ပြီးခဲ့တဲ့ စနေနေ့က ရုံးမှာ SCRUM tranning ပေးတော့ သွားတက်လိုက်ရသေးတယ်။ Boss က ရုံးမှာ SCRUM သုံးပေမယ့် လက်ရှိ SCRUM ပုံစံနဲ့ အလုပ်လုပ်နေတာ စနစ်မကျသေးဘူးဆိုပြီး အကုန်လုံးကို ခေါ်ပြီး trainning ပေးတာပါ။

SCRUM ဆိုတာကတော့ Project Management ပညာတစ်ခုဖြစ်ပြီး Agile Development ထဲမှာ ပါဝင်တယ်လို့ဆိုလို့ရတယ်။ SCRUM ပေါ်လာတာကတော့ 10 နှစ်ကျော်နေပါပြီ။ ( ကျောင်းက SE စာအုပ်က ဘယ်ခုနှစ်ထုတ်လဲမသိ ) Agile Development မှာ SCRUM ဟာ လက်ရှိ ရေပန်းအစားဆုံးနဲ့ Development တော်တော်များများကို SCRUM Project Management ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ SCRUM က အခြား Development နဲ့ မတူတဲ့ အချက်ကတွေက Project Management ထဲမှာ Client (customer) ပါဝင်လာတာပဲ။ Client က project စကတည်းက ပါဝင်လာပြီး Project နောက်ဆုံး ပြီးသွားတဲ့ အထိပါဝင် ဆောင်ရွက်ရပါတယ်။ နောက်တဆင့်က UAT ကို project တစ်ခုပြီးမှ စစ်တာမဟုတ်တော့ပဲ Spirnt တစ်ခုပြီးတိုင်း UAT လုပ်ဖြစ်ပါတယ်။ တနည်းပြောရင် project လုပ်နေချိန်မှာ ပိုပင်ပန်းရပေမယ့် Project ပြီးတဲ့အခါမှာ ရလဒ်က Waterfall ထက်စာရင် အများကြီး ပိုမိုသာလွန်ပါတယ်။

SCRUM ဆိုတာ ဘာလဲဆိုတာကို အောက်က Video လေးမှာ အရင်ကြည့်လိုက်ပါ။

အရင်ဆုံး Back log တွေနဲ့ To do list တွေ ချရေးလိုက်တယ်။ ပြီးရင် တစ်ခုကို အချိန်ဘယ်လောက် ကြာမလဲဆိုတာကို မှန်းလိုက်ပါတယ်။ အချိန်မှန်းတဲ့ ကိစ္စကို Poker Drawing လို့ခေါ်တာလဲ။ ဘာလဲဆိုတော့ အချိန် မှန်းတာက Developer တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အဲဒီဟာလေးကို Wave မှာ ပြထားတယ်။

တပြိုင်တည်းနဲ့ Developer ၂ ယောက် ဖြစ်ဖြစ် ၃ ယောက်ဖြစ်ဖြစ် ဘယ်လောက် ကြာမယ် မှန်းလိုက်တယ်။ အရမ်းကွာနေရင် နောက်တစ်ခေါက် ထပ်မှန်းခိုင်းတယ်။ အဲလို လုပ်တဲ့အခါမှာ ညီမျှတဲ့ ခန့်မှန်းချိန်ကို ရပါတယ်။ Estimate Time ကို ရရင် Sprint တွေ ခွဲလိုက်တယ်။ ဘာတွေကို အရင်လုပ်မယ်။ ဘာတွေကို နောက်မှ လုပ်မယ်ဆိုပြီး ခွဲလိုက်တယ်။ Client နဲ့ တိုင်ပင်ပြီး Sprint ကို ခွဲတာ လုပ်ကြပါတယ်။ Client အနေနဲ့ ဘယ်အပိုင်းတွေကို အရင်လုပ်စေချင်တယ်ဆိုပြီး ခွဲခိုင်းလိုက်ပါတယ်။

ပုံမှန်အားဖြင့် ၂ ပတ် ၁ ကြိမ်လောက် Client နဲ့ တွေ့ပြီး လက်ရှိပြီးတာတွေ ပြတယ်။ လိုအပ်တာတွေကို စစ်ခိုင်းတယ်တယ်။ အဲဒီအခါမှာ Client အနေနဲ့ idea အသစ်တွေပေါ်လာရင် ထပ်ဖြည့်တာတွေရှိတယ်။ လက်ရှိ အခြေအနေ ပြတဲ့ ဇယားကို Burn down chart လို့ခေါ်ပါတယ်။ Burn Down Chart မှာ Estimate Time ပါသလို လက်ရှိ task တွေ ဘယ်အထိ ပြီးသွားပြီလဲဆိုတာကို ပါပါတယ်။ အချိန် ဘယ်လောက် ကျန်သေးတယ်ဆိုတာကိုလည်း Burn Down Chart ကို ကြည့်ပြီး ခန့်မှန်းနိုင်တဲ့အတွက် Client အနေနဲ့ ယုံကြည်မှုကို ရစေပါတယ်။

SCRUM ရဲ့ထူးခြားချက်က နေ့စဉ် အစည်းအဝေးတွေ ရှိနေတာပဲ။ ဘယ်အပိုင်း ဘယ်သူလုပ်နေတယ်။ ဘယ်အပိုင်း ဘယ်သူတွေပြီးသွားပြီ။ ဘာတွေ ဆက်လုပ်ဖို့ ကျန်သေးတယ်ဆိုတာတွေ အမြဲပြောဆိုနေပါတယ်။ အဲဒါကို Stand-up Meeting လို့ခေါ်ပါတယ်။ အဲဒီ Example လေးကို အောက်က youtube မှာ ကြည့်လို့ရပါတယ်။

Waterfall နဲ့ SCRUM ကွာခြားချက်ကို အောက်က video မှာ ဖော်ပြထားပါတယ်။

http://www.youtube.com/watch?v=gDDO3ob-4ZY

Waterfall ရဲ့ အဓိကပြဿနာက client ပါဝင်မှုမရှိခြင်းနဲ့ project အတွက် အချိန် အရမ်းကုန်ခြင်းပဲ။ Requirement တွေအတွက် အချိန်တွေ အရမ်းယူတယ်။ Requirement တွေ ပြည့်စုံသွားပြီ။ Client ဆီက ရပြီဆိုရင် Client အနေနဲ့ ပြန်ပြင်ခွင့်မရှိတော့ဘူး။ SCRUM က develop လုပ်နေချိန်မှာ တစ်ခါတည်း requirment တွေ ယူ။ idea အသစ်တွေ ထပ်ဖြည့် ဆိုတဲ့အတွက်ကြောင့် မူရင်း budget ထက်ပိုပြီး တိုးရလာနိုင်ပါတယ်။ ဒီ feature ထပ်ဖြည့်မယ်လို့ client က စဉ်းစားမိရဲ့ အဲ့ဒီအတွက် အချိန် နဲ့ ကုန်ကျ စရိတ်တွေ ထည့်တွက်ပေးပြီး budget ကို ပိုတောင်းနိုင်ပါတယ်။

MZ edu မှာတော့ အကျယ်တဝန့်ရေးပါ့မယ်။ အခုတော့ အကျဉ်းသဘောလေးကတော့ ဒီလောက်ပါပဲ။

8 Comments

  1. SYKO says:

    Video တွေကတော့ Proxy မရှိလို့ မကြည့်ရသေးဘူး… အခုရေးထားတာ ဖတ်ကြည့်ရတာတော့ Evolutionary နဲ့ ပုံစံဆင်တူသလိုဘဲ…
    MZ Edu မှာ အသေးစိတ်ရေးမယ်ဆိုရင်တော့ လာပြီးဖတ်ပါဦးမယ်…

    ကို စေတန် အဆင်ပြေမယ်ဆိုရင် ဒီက Video တွေကို video.s…… မှာ ပြန်တင်ပေးပါလားဟင်…

    1. saturngod says:

      yes, I will

  2. Agile , SCRUM က နောက်ပိုင်းတော့ Boom ဖြစ်လာပါတယ်.. ဒါပေမဲ့ Waterfall , V အဲဒါတွေကို ပစ်ပယ်လို့မှ မရသေးပဲ.. . IBM တို့လို Enterprise တွေကျ .. Waterfall နဲ့ပဲ သွားရတာပဲ. အပေါ်က တစ်ဆင့် သေချာမှာ နောက်တစ်ဆင့်.. အဲတစ်ဆင့်သေချာမှ နောက်တစ်ဆင့်… ဂလိုပေါ့လေ … Agile ကတော့ နေရာတကာ သူ့ချည်းတွေ့နေရတာ.. သောက်မြင်ကို ကတ်လာပီ xP
    InfoQ က ဆရာကြီးတွေ Agile နဲ့ ပါတ်သတ်ပီး ပြောထားတာ မိုက်တယ်ဗျ ( http://www.infoq.com/agile/ )

  3. jumper says:

    ဘာပဲဖြစ်ဖြစ် SCRUM ကို ကြိုက်ပါတယ်။ကိုစေတန်အသေးစိတ်ရေးမယ့်ပို့စ်ကိုလည်းစောင့်မျှော်
    နေပါတယ်။

    1. saturngod says:

      ကျွန်တော် ဒီ week end ရေးမယ်ဗျ။ စာ သေချာဖတ်ဖို့လည်း လိုတာကြောင့်လည်းပါတယ်။

      1. jumper says:

        ကျေးဇူးအများကြီးတင်ပါတယ်။ http://www.saturngod.net အောင်မြင်ပါစေ..။

  4. Andy Myint says:

    I’m using scrum in my team now. Scrum is good especially/only for small project, small team and young leader/manager who has limited PM experience or knowledge for large scale projects. Burndown chart is useful but most team members do not want to update regularly and hard to get real picture.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.