VB6 suck ?

မနေ့က အောင်စည်သူနဲ့ Food court မှာ စကားပြောဖြစ်တယ်။ ထုံးစံအတိုင်း computer သမားဆိုတော့ စကားပြောတော့ computer အကြောင်းရောက်သွားတယ်။ သူက ပြောတယ် သူ VB6 လုပ်လိုက်တာ အချိန် တော်တော်ကုန်သွားပြီး C++ ကို မလုပ်မိလိုက်တာ မှားသွားတယ်ပေါ့။ VB6 နဲ့ သူ အလုပ်လုပ်ခဲ့တဲ့ Project အကြောင်းလေးလည်း ပြောဖြစ်တယ်။ ကျွန်တော်ကကော …. အင်း.. ကျွန်တော်လည်း VB 6 နဲ့ ၂ နှစ်လောက် အချိန်ကုန်သွားတယ်။ UCSY ကျေးဇူးနဲ့ C++ ကို စပြီး သိခဲ့ရတာ။ နောက်မို့ဆို သိဖြစ်မယ်မထင်။ အခု အချိန်ထိ လေ့လာဘူးတဲ့ language တွေထဲမှာ VB6 နဲ့ Python က အလွယ်ဆုံးပဲ လို့ ဆိုရမှာပဲ။ အဲ… Python နဲ့ကတော့ ဘာ project မှ မရေးဘူးပါ။ Django လုပ်မယ်ဆိုပြီး နည်းနည်းပါးပါး ဖတ်ဘူးတာပဲ ရှိတယ်။ အခြား language တွေလေ့လာရတာထက် လွယ်တယ်လို့ ဆိုရမယ်။ VB 6 ကို ပထမဆုံး Programming Language အနေနဲ့ စတင်ထိတွေ့ခဲ့ရတာကတော့ ဗိုလ်တထောင် ကောလိပ်မှာ SE diploma တက်တုန်းကပေါ့။ Programming ဆိုတာ ဘာမှန်းမသိ။ Virus က programming နဲ့ ရေးရတာ။ Game က Programming နဲ့ ရေးရတာ စသည်စသည်တွေကြောင့် Diploma သင်တန်းကို တက်ဖြစ်ခဲ့တာပေါ့။

အင်း.. ဒီအကြောင်းတွေပဲ ခဏခဏ ပြန်ပြောနေမိပါရဲ့။ ကျွန်တော့် Blog ထဲမှာပဲ ဗိုလ်တထောင် ကောလိပ် တက်ခဲ့တဲ့ အကြောင်းတော်တော် များနေပြီ ထင်ရဲ့။ ကျွန်တော်တို့ဟာ C++ နဲ့ မစခဲ့ရဘဲ VB6 နဲ့ ပွဲဦးထွက်လိုက်တာ မှားသွားတယ်လို့ ဆုံးဖြတ်ရလိမ့်မယ်။ အမှန်ဆုံး လွယ်လွယ်ကူကူ တတ်ကျွမ်းနိုင်တာကတော့ VB6 ဆိုတာကတော့ မမှားပါဘူး။ Database နဲ့ ချိတ်တဲ့ အပိုင်းတွေအတွက် မြန်မြန်ဆန်ဆန် သင်လို့ရတယ်ဆိုတာကလည်း ဟုတ်နေပြန်ကော။ ကံကောင်းတဲ့ အချက်က ကျောင်းက Flow Chart နဲ့ Pseudo ကို သင်ပေးလိုက်တာပဲ။ အဲဒီအခြေခံက ကျွန်တော့် အတွက် တော်တော်ကောင်းသွားတယ်ဆိုတာ ကျွန်တော် မသိခဲ့သလို VB6 သင်လိုက်တာကလည်း ကျွန်တော့်အတွက် လမ်းကြောင်း တစ်ခုပေါ်ရောက်ဖို့ နောက်ကျသွားစေတယ်ဆိုတာလည်း မသိခဲ့ဘူး။

VB6 မှာ OOP ကို ရေးလို့ ရပေမယ့် ကျောင်းက မသင်လိုက်သလို ၁ နှစ်တာ Diploma ထဲမှာ OOP အခန်းက သိပ်မပါတော့ OOP ဆိုတာ ကြားဘူးနားဝ အနေနဲ့သာ ရှိခဲ့တာ။ VB 6 နဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး program တစ်ခုကို ဆွဲခဲ့သေးတယ်။ ဘယ်လောက်မှတော့ မရခဲ့ပေမယ့် သူငယ်ချင်းတွေ တော်တော်ပျော်ခဲ့ကြတယ်ဆိုလည်း မမှားပါဘူး။ သူငယ်ချင်းတွေ အိမ်မှာ စုပြီး ရေးခဲ့ကြတာတွေ မှတ်မိသေးပါတယ်။ အဲဒါကြောင့် VB 6 ကအပြင် အခြား language ကို မလေ့လာဖြစ်ခဲ့ဘူး။ VB6 က နောင်တချိန်မှာ လူသုံးနည်းသွားမယ့် language ဆိုတာလည်း မသိခဲ့တာလည်း အမှန်ပေ။

VB 6 နဲ့ project တွေ ရေးရင်းနဲ့ VB ထဲက နေ မထွက်နိုင်တော့ဘူး။ ဘယ်လောက်တောင် ဆိုးသလဲဆိုတော့ javascript တောင် မလေ့လာဘဲနဲ့ vbscript ကိုသာ လေ့လာတဲ့ အထိပါပဲဗျာ။ ဒါဟာ ကျွန်တော် လမ်းကြောင်းမှားသွားစေတဲ့ အရာမှန်း ကျွန်တော် မသိခဲ့သလို အဲတုန်းက VB ကိုသာလေ့လာမယ်လို့ တစိုက်မတ်မတ် ခံယူထားဆဲပေါ့။ VB 6 ကနေ VB.NET ကို စတင်ပြောင်းလဲတဲ့ အချိန်မှ စပြီး OOP ဆိုတာကြီးကို နဖူးတွေ့ ဒူးတွေ့ ကြုံပြီး ငါတော့ လွှဲနေပြီ ဆိုတာကို သိလိုက်ရတယ်ဆိုလည်း မမှားပါဘူး။ VB 6 ကိုပဲ လေ့လာနေတာ မဟုတ်တော့ဘူး။ vbscript ပဲ သုံးနေတာ မဟုတ်တော့ဘူးဆိုပြီး သေသေချာချာ သိလိုက်ရတာက second year ( 2004 ) မှ ဆိုလည်း မမှားဘူး။

VB 6 ကနေ VB.NET ကို ပြောင်းတဲ့ အခါမှာ ပြဿနာတွေ တော်တော်များများ စတွေ့ခဲ့ရတာပဲ။ ရေးချင်တဲ့ program လေးတွေ ရှိရင် VB.NET ကို သုံးမယ့် အစား vb6 နဲ့ ချရေးခဲ့တာတွေလည်း အများကြီးပဲ။ VB.NET ရောက်တဲ့ အထိ OOP ကို သေသေချာချာ မသိခဲ့တာ အမှန်ပါ။ OOP သေသေချာချာ သိသွားတယ်ဆိုတာကလည်း ကျွန်တော့် အတွက်တော့ ၁ နှစ် လောက်ပဲ ရှိသေးတယ်နဲ့တူတယ်။ VB 6 ကို လေ့လာပြီးနောက်ပိုင်း C++ ကို ကျောင်းမှာ သင်ခဲ့တော့ C++ သင်ခဲ့တဲ့ ကျောင်းကိုတောင် ကဲ့ရဲ့ ခဲ့သေးတယ်နဲ့ တူပါတယ်။ C++ က ကျောင်းသားတွေအတွက် အသင့်တော်ဆုံး အခြေခံဆိုတာကိုလည်း အဲတုန်းက မသိရေးချာမသိခဲ့တာလည်း အမှန်ပေ။ VB မှ VB ဖြစ်ခဲ့တာကြောင့်လည်း ဆိုရမှာပေါ့လေ။

တကယ်တန်းတော့ VB 6 က စပြီး မလေ့လာသင့်တဲ့ language တစ်ခုဆိုတာ အခုအချိန်မှာတော့ ရဲရဲကြီး ပြောရဲတယ်။ ရုံးက အလုပ်မှာ သုံးတာကတော့ သုံးတာပေါ့။ လက်ရှိ စလေ့လာမယ်တဲ့သူတွေအတွက် မလေ့လာသင့်တဲ့ အချက်တွေကတော့

  • အခု အချိန်မှာ အရမ်းကို အိုဟာင်းနေပြီ
  • OOP ကို ကောင်းကောင်းသိမှာမဟုတ်ဘူး
  • Event ပေါ်မှာ အရမ်းမှီခိုလွန်းတယ်
  • နောက် language တစ်ခုကို လေ့လာဖို့ရာ အထောက်အပံ့ သိပ်မဖြစ်ဘူး

အခြား သူတွေကတော့ ပြောမှာပါ။ language တစ်ခု တတ်ပြီးရင် အခြား language တစ်ခုကို လွယ်လွယ်ပြောင်းနိုင်တယ်ဆိုတာကိုပေါ့။ အဲဒါက 100% မဟုတ်ဘူး။ language တွေ တစ်ခုပြီး တစ်ခုပြောင်းတာက ကိုယ့် စွမ်းဆောင်ရည် အပြည့်မရှိဘူးဆိုတာကို ဖော်ပြနေသလို language တစ်ခုနဲ့ တစ်ခု function တွေ မတူဘူးဆိုတာကို သိထားသင့်တယ်။ language တစ်ခုမှာ ရှိတဲ့ function ဟာ နောက် language တစ်ခုမှာ ပါချင်မှ ပါမယ်။ ဘယ် function တွေ ပါတယ် ဆိုတာက ချက်ခြင်း သိနိုင်မယ့် အရာမဟုတ်သလို အချိန်လည်း ယူရတယ်။ နောက်ပြီး VB ရဲ့ syntax က အခြား language တွေနဲ့ မတူညီတာတွေကြောင့်လည်း ပါတယ်လို့ ဆိုလို့ရမယ်။

ဘယ် programming လေ့လာရမလဲဆိုတာကတော့ ကျွန်တော် ဒီမှာ ရေးဘူးပါတယ်။ ဘာပဲ ပြောပြော VB 6 က အသုံးမကျပေမယ့် ကျွန်တော့်အတွက်တော့ ပထမဆုံး language အဖြစ် ကျေးဇူးတင် အမှတ်ရနေဆဲကတော့ အမှန်ပါပဲ။

7 Comments

  1. m0rRis says:

    yep VB6 is already Dead

  2. kaukyoe says:

    တေပါပီဗျာ…. အနော်က အခု ဗိုလ်တထောင် ကောလိပ်မှာတက်နေတာ SE ဘဲ… အခုဒီpost လေးဖတ်လိုက်တာ 2nd semister တောင် မတက်ချင်တော့ဘူးဗျာ

    1. saturngod says:

      ပြီးအောင်တက်လိုက်ပါ။ ဗိုလ်တထောင်မှာသင်တဲ့ စာတွေက တော်တော်လေးကို ကောင်းတယ်ဗျ။ အခြေခံပိုင်းဆိုင်ရာကို တော်တော်အထောက်အပံ့ပေးပါတယ်ဗျာ။ ပြီးအောင်တော့ တက်သင့်တယ်။ Theory တွေက နေရာတိုင်းမှာ သင်လို့ရတာမဟုတ်ဘူး။

    2. astk says:

      Ya. I was also from Winner Botahtaung Dip.SE.
      Try to finish it. Would like to thank Ma Aye Mon, Ma Wah Wah and other teachers from here. :)

      1. saturngod says:

        yes, Ma Aye Mon is a great teacher for me =) She teach me Pseudo and I understand about programing flow because of her

  3. vb အသုံးမကျ တာ မဟုတ်ပါဘူး..ရွေးချယ်ခဲ့တဲ့လမ်းကြောင်း ဒါမှ ဒါ . ငါမှ ငါ ဖြစ်ခဲ့လို့ပါ..
    vb ကောင်းခဲ့ပါတယ်.. သူ့ထက် ကောင်းတာ တွေ ပေါ်လာခဲ့တော့.. ???

  4. kaukyoe says:

    ဟုတ်ကဲ့ခင်ဗျ.. ဆက်တက်လိုက်ပါမယ်.. အခုလိုအကြံပေးကြတာ ကျေးဇူးပါ

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.