What is Domain Name ?

Domain အကြောင်း မပြောခင် Network အကြောင်းလေး အရင် ပြောရအောင်။

Network တွေမှာ Computer တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါမှာ IP Address တွေ လိုအပ်ပါတယ်။ ဥပမာ။။ 192.168.0.1 လိုမျိုးပေါ့။ အဲဒီလို IP တွေရှိမှသာ computer တစ်ခုနဲ့ တစ်ခု ချိတ်ဆက်လို့ရပြီး Data တွေ Transfer လုပ်လို့ရမှာပါ။ ဘာနဲ့ တူသလဲဆိုတော့ အိမ်လိပ်စာတို့ ဖုန်းနံပတ်တို့လိုပေါ့။ အိမ်လိပ်စာရှိမှပဲ စာတွေ ပို့လို့ရမယ်။ ပစ္စည်းပို့ထားတာတွေ လက်ခံလို့ရမယ်။ အဲလိုပဲ။ IP address နဲ့ Network ပေါ်မှာ Computer တွေ အလုပ်လုပ်ကြပါတယ်။

Inernet ဆိုတာကလည်း Network အကြီးစားကြီးပေါ့။ နိုင်ငံတကာ Server တွေ အများကြီး တစ်ခုနဲ့ တစ်ခုချိတ်ဆက် ထားပါတယ်။ အဲဒီတော့ IP Address တွေလည်း အများကြီးပေါ့။ ဒီ website ကို ကြည့်ချင်ရင် 10.1.2.50 ကို သွား။ ဒီ Website ကို ကြည့်ချင်ရင်တော့ 10.3.50.2 ကို သွား ဆိုပြီး ဖြစ်ကုန်တာပေါ့။ အဲဒီတော့ Domain System ဆိုတာ ပေါ်လာရပါတယ်။ 10.1.2.50 ကို သွားရင် example.com ။ 10.3.50.2 ကိုသွားရင် exaple2.com ပေါ့။ ဒါက သဘောတရား အနေနဲ့ပါ။

အဲဒီလို Domain name တွေမှာ .com က commercial အတွက် .org က organization အတွက် .edu က တော့ education အတွက် .net ကတော network အတွက် .biz ကတော့ business အတွက်ဆိုပြီး ခွဲခြားထားပါတယ်။ .edu site ဆိုတာနဲ့ ဒီ site ဟာ Education sites အတွက်ဆိုပြီး တန်းသဘောပေါက်နိုင်ပါတယ်။ အဲလိုပဲ နိုင်ငံတကာ ကိုယ်စားပြု domain တွေလည်း ရှိလာပါတယ်။ .com.mm ဆိုရင် မြန်မာ ။ .com.sg ဆိုရင် singapore ။ .co.jp ဆိုရင် japan ။ .co.uk ဆိုရင် အင်္ဂလန်။ အဲလိုမျိုး နိုင်ငံတကာ ကိုယ်စားပြု domain တွေလည်း ရှိလာပါတယ်။

example.com ရှိတဲ့သူတွေဟာ subdomain တွေလည်း ဖန်တီးလို့ရလာပါတယ်။ main domain ဝယ်ထားရင် subdomain အတွက် သီးသန့် ပိုက်ဆံ ထပ်မံပေးဆောင် ရန်မလိုတော့ပါ။ ဥပမာ။ ။ example.com ရှိတဲ့သူဟာ blog.example.com ။ sample.example.com ။ sub.example.com ဆိုပြီး ဖန်တီးနိုင်ပါတယ်။

Domain တွေ ရှိလာခြင်းအားဖြင့် ခုနက IP address တွေထက် မှတ်ရတာ ပိုလွယ်လာပါတယ်။ ထို့အပြင် IP အတွက် တစ်ခုတည်းမှာပဲ domain တွေ အများကြီး host လုပ်လို့ရလာပါတယ်။ website အတွက် file တွေကို Host လုပ်ထားတဲ့ computer (server) ကို Hosting လို့ အလွယ်မှတ်နိုင်ပါတယ်။ တနည်းအားဖြင့် Hosting ဟာ computer တစ်ခုပါပဲ။ သာမာန် အိမ်သုံး computer ထက် space တွေ CPU တွေအပြင် ပိုမို စွမ်းဆောင်နိုင်တဲ့ server လို့ ဆိုလို့ရပါတယ်။ ထို Computer ပေါ်မှာ File တွေ တင်ပါတယ်။ အဲဒီနောက် Dedicated IP တစ်ခုရယူပါတယ်။ အဲဒီ အပိုင်းကတော့ နိုင်ငံပေါ်မှာ မူတည်ပါတယ်။ ဥပမာ။။ ရတနာပုံ တယ်လီပို့ မှာ Server ထားဖို့အတွက် IP အတွက်ကို ရတနာပုံကနေ ထုတ်ပေးပါလိမ့်မယ်။ မြန်မာနိုင်ငံအတွက် IP Range ထဲက လွတ်တဲ့ နံပတ်ပေါ့။ အဲလိုပဲ နိုင်ငံတကာ IP Range တွေထဲက IP Address တစ်ခုကို ရယူပါတယ်။

IP Address ရပြီဆိုရင် ခုနက domain က IP address ကို ညွှန်လိုက်ပါတယ်။ ဒီ Domain က ဒီ IP ကို သွားဆိုပြီးပေါ့။ အဲဒီအခါမှာ Server က ဒီ Domain လာရင် ဒီ Folder အောက်ကဟာတွေပြ။ နောက် Domain လာရင် နောက် Server အောက်ကဟာတွေပြ ဆိုပြီး IP တစ်ခုထဲကနေ Domain တွေအများကြီးအတွက် ဆောင်ရွက်ပေးနိုင်ပါတယ်။ ထို့အတူ IP တစ်ခုထဲကနေ Server ရဲ့ memory တွေ CPU တွေကို share ပြီး web hosting အနေနဲ့ ဌားရမ်းလာနိုင်ပါတယ်။ အဲဒါတွေကို shrae hosting လို့ ခေါ်ကြပါတယ်။ ဒီ IP ပဲ ။ domain တွေ အများကြီး host ထားကြတာပါ။ Memory , CPU တွေ တစ်ခုတည်းကို ရယူသုံးစွဲ ကြတာကို share hosting လို့ခေါ်ပါတယ်။ bluehost , lunarpages တိုလိုမျိုး share hosting တွေပေါ့။ ကိုယ်ပိုင် IP နဲ့ ကိုယ်ပိုင် memory , CPU ကို ကိုယ့် site အတွက်အသုံးပြုချင်ရင် dedicated server တွေကို ဝယ်ယူနိုင်ပါတယ်။

Domain တွေကို ဝယ်ယူဖို့အတွက် လူသုံးများတဲ့ .com , .net , .org စတာတွေကိုတော့ လွယ်လွယ်ကူကူ ဝယ်ယူလို့ရပါတယ်။ name.com ကနေ ဝယ်ယူနိုင်သလို google , yahoo တို့နေလည်း ဝယ်ယူလို့ရပါတယ်။ domain ဝယ်ယူလို့ရတဲ့ နေရာက အများကြီး ရှိပါတယ်။ နှစ်စဉ် ကြေးပေးဆောင်ဖို့လည်း လိုပါတယ်။ .com ဆိုရင် $10 ပတ်ဝန်းကျင်မှာ ရှိပါတယ်။ .edu ကတော့ education နဲ့ ပတ်သက်ပြီး လွယ်လွယ်ကူကူ ဝယ်ယူလို့မရပါ။ သက်ဆိုင်ရာ အစိုးကနေ service တွေက တဆင့် ဝယ်ယူဖို့လိုအပ်ပါတယ်။ နိုင်ငံတကာ domain တွေဖြစ်တဲ့ .com.mm , .com.sg တို့ကလည်း သက်ဆိုင်ရာ အစိုးရ registrar တွေကနေ တဆင့်ပဲ ဝယ်ယူရပါတယ်။

Domain Name registration ကို Internet Corporation for Assigned Names and Numbers (ICANN) ကနေ သတ်မှတ်ပေးနေတာပါ။ ICANN ကနေလည်း လူတိုင်း တိုက်ရိုက် ဝယ်ယူလို့မရပါဘူး။ ICANN ရဲ့ အသိအမှတ်ပြုregistrar ကနေ တငဆင့် ဝယ်ယူရပါတယ်။ Registrar တွေက ICANN ကို အာမခံကြေး သဘောမျိုးပေါးပြီး ICANN ရဲ့ အသိအမှတ်ပြုတွေ ရယူထားကြတာပါ။ Godday ကတော့ အကြီးဆုံး registrar ဖြစ်ပြီး eNom , Tucows ကလည်း အောင်မြင်နေတဲ့ registrar တွေ ဖြစ်ပါတယ်။

Domain name တွေ အသုံးပြုခြင်းအားဖြင့် Hosting တစ်ခုကနေ တစ်ခုပြောင်းတဲ့ အခါမှာ Files တွေ database တွေသာ ပြောင်းလဲစရာလိုဘူး Domain Name အတွက် CNAME သို့မဟုတ် A-Record တို့ကို ပြောင်းလဲ လိုက်ရုံပါပဲ။ CNAME , A-Record တို့ဆိုတာက ဘယ် server လဲဆိုတာကို ညွှန်ပြပေးထားတဲ့ လိပ်စာတွေလို့ လွယ်လွယ်မှတ် နိုင်ပါတယ်။

Domain တွေကို ဝယ်ထားတဲ့ registrar တွေကနေ အခြား registrar ကို ပြောင်းလဲနိုင်ပါတယ်။ အဲဒါကို Domain Transfer လို့ ခေါ်ပါတယ်။ Transfer လုပ်တဲ့အခါမှာ authentication code ဖြစ်တဲ့ EPP transfer code ကို အသုံးပြုပြီး transfer လုပ်ကြပါတယ်။ အသေးစိတ်ကို http://en.wikipedia.org/wiki/Domain_name_registrar#Domain_name_transfer မှာ ဖတ်နိုင်ပါတယ်။

ဒီထက် ပိုသိချင်ရင်တော့ အောက်က Link တွေမှာ ဖတ်နိုင်ပါတယ်။

http://mmwordpress.com/what-is-domain-name/
http://en.wikipedia.org/wiki/Domain_name
http://en.wikipedia.org/wiki/Domain_name_registrar

3 Comments

  1. ဝေယံ112 says:

    ကျေးဇူးဗျ။အဲဒါ ကျွန်တော်စဉ်းစားရခက်နေတဲ့ အဖြေပါ။
    တစ်ခုလောက်မေးကြည့်ချင်တယ်။
    ဥပမာပေါ့ဗျာ။
    ကျွန်တော့ကွန်ပျုတာကို အင်တာနက်ပေါ်က ကျွန်တော့်ဝက်ဆိုဒ်လေးအတွက် သီးသန့် hosting လေးတစ်ခုလုပ်ချင်တယ်ဆိုပါတော့။ဘာတွေလိုအပ်မလဲ။ဖြစ်ကောဖြစ်နိုင်ပါသလား။မြန်မာနိုင်ငံမှာပဲနော်။

    1. saturngod says:

      ကျွန်တော် ရေးတဲ့အထဲမှာ ပါပါတယ်။ Global IP လိုပါတယ်။ နိုင်ငံတကာက သိတဲ့ IP လိုပါတယ်။ အစ်ကို့ server သီးသန့်အတွက် IP တစ်ခုလိုအပ်တယ်။ အဲဒီ IP ကို လာတာနဲ့ အစ်ကို့ server ထဲရောက်လာမှဖြစ်မှာ။ ပြည်တွင်းမှာကတော့ Gobal IP ကိုလျှောက်လို့ရမရ ကျွန်တော် လည်း မသိပါ။

  2. ဒီပ says:

    ကျေးဇူးတင်တယ်ဗျာ…ထပ်ရေးပေးပါဦး

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.