Why Cloud Server ?

ကျွန်တော် Why SaaS ? ကိုတော့ ရေးပြီးပါပြီ။ Why SaaS ကို ရေးရခြင်း အဓိက အကြောင်းကိုတော့ Why Cloud Server ? အကြောင်းကို ရေးချင်တာကနေ အစပြုခဲ့တယ်ဆိုလည်း မမှားပါဘူး။ SaaS တွေရဲ့ အောင်မြင်လာမှုမှာ Cloud Server က မပါမဖြစ် ဆိုလည်း မမှားပါဘူး။ Cloud Server ဆိုတာ ဘာလဲ ။ ဘာလို့ Cloud Server ကို သုံးသင့်တာလဲ။ ဘာလို့ Cloud ကို စဉ်းစားသင့်တာလဲ။ Cloud Computing ဆိုတဲ့ စကားလုံးက အရမ်းကို ကျယ်ပြန့်ပါတယ်။ Cloud Server တွေကိုလို့ ပြောလိုက်ရင် ၂ မျိုး ထပ်ပြီး ခွဲပြောရမယ်။ Cloud Server နဲ့ Cloud File Host ပါ။

Server လို့ဆိုတာနဲ့ တော်တော်များများက File နဲ့ OS တစ်ခုတည်း တွဲမြင်တတ်ကြတယ်။ Cloud မှာကတော့ အဓိက core လောက်ပဲ ပါပြီး တော်တော်များများကို Cloud File Host မှာပဲ သိမ်းပါတယ်။ Cloud Server ဆိုတာကတော့ Server ပေါ့။ သို့ပေမယ့် amazon မှာဆိုရင်တော့ AIM လို့ ခေါ်တဲ့ virtual တွေကို အဓိက အသုံးပြုတယ်။ ကြိုက်တဲ့ OS ချက်ခြင်း ကောက်တင်လို့ရတယ်။ မကြိုက်ရင် ပြန်ဖြုတ် နောက်တစ်ခု ထပ်တင်။ OS တစ်ခု တင်တာကလည်း နာရီဝက်လောက် ပဲ ကြာတယ်။ တနည်းပြောရင် ကိုယ့်စိတ်ကြိုက် ကြိုက်သလို လုပ်ပေါ့။ VPS တွေလို Dedicate Server တွေလို OS တစ်ခါတင်ပြီး ပြန်ပြောင်းလို့ မရတာမဟုတ်တော့ဘူး။ Amazon ရဲ့ သုံးနေကျ စာလုံးကို သုံးရရင်တော့ Elastic ဖြစ်တယ်ပေါ့။ IP လည်း အဲလိုပဲ Elastic IP ပဲ။ ကြိုက်တဲ့ IP ကြိုက်သလို ပြောင်း။ ကြိုက်သလို တတ်ပဲ။ Elastic ဖြစ်တယ်။ အဓိက ကောင်းမွန်တဲ့ အချက်ကတော့ သုံးသလောက်ပဲ ပေးရခြင်းပဲ။

SaaS တွေက ပထမဆုံး နေ့မှာ လူတွေ အများကြီးဝင်တာမျိုး ၊ ဒါမှမဟုတ် တစ်ပတ်မှာ လူတွေ အများကြီး ဝင်တာမျိုးတွေ ရှိတတ်တယ်။ တစ်ခါတစ်လေကျပြန်တော့လည်း နာမည်ကြီး site တစ်ခုကနေ review ရေးပြီး ညွှန်းလိုက်လို့ ရုတ်တရက် trafic တွေ မြင့်တက်လာတာတွေ ရှိတယ်။ server တစ်လုံးဝယ်ထားရင် ပုံမှန် အချိန်မှာ ဟုတ်ပေမယ့် trafic တွေ များလာရင် မနိုင်တော့ဘူး။ trafic တွေ များများခံနိုင်အောင်ဆိုပြီး တန်ဖိုးကြီးကြီး ဝယ်ထားပြန်တော့လည်း အမြဲတန်း trafic က တက်တာ မဟုတ်ဘူး။ တချက်လေး တက်သွားပြီး နောက်တော့ ပုံမှန်ထက် နည်းနည်းလေးပဲ များတာတွေ ရှိတတ်တယ်။ အဲဒီတော့ အပိုတွေ ကုန်နေပြန်ကော။ Cloud မှာက သင်သုံးသလောက်ပဲ ပေး။ သင်သုံးတဲ့ bandwidth ပေါ်မှာ မူတည်ပြီး ပေးရပါတယ်။ သင်သုံးသွားတဲ့ usages ပေါ်မှာ မူတည်ပြီး ပေးရတာ ဖြစ်တော့ ၁ လ ဘယ်လောက်ကျမလဲဆိုတာ မှန်းခြေပဲ တွက်လို့ရတယ်။ Traffic တွေ အရမ်းများရင် ပိုက်ဆံပိုပေးရပြီး trafic နည်းတဲ့အချိန်မှာဆို ဈေးက သက်သာသွားပါတယ်။

သာမာန် သမာရိုးကျ website တွေအနေနဲ့ကတော့ VPS ဖြစ်ဖြစ် share hosting ဖြစ်ဖြစ် လုံလောက်ပါတယ်။ သို့ပေမယ့် VPS တွေ share hosting တွေက သင့်ရဲ့ CPU usages များလာရင် traffic တွေ အရမ်းများလာရင် အာမခံချက်ပေးထားတာ ရှားပါတယ်။ အာမခံချက်ပေးနိုင်တဲ့ provider တွေကလည်း ဈေးကများလွန်းပါတယ်။ ဒါကြောင့် SaaS အနေနဲ့က Cloud Server တွေက အသင့်တော်ဆုံးပဲ။ သို့ပေမယ့် SaaS မဟုတ်ရင်တော့ ပုံမှန် server လေးတွေက ကောင်းပါတယ်။ Cloud Server သုံးပြီးဆိုရင် Cloud File storage အတွက် ကိုယ်ရေးထားတဲ့ code အချို့ကို ပြန်ပြင်ရတာတွေ ရှိပါတယ်။ Amazon ဆို S3 မှာ storage လုပ်ဖို့အတွက် API ကို ပြန်ရေးရတာမျိုးတွေပေါ့။

ကဲ .. သင်ကော ဘယ်လို ထင်သလဲ။

4 Comments

  1. အကိုရှင်းပြထားတာလေး သိပ်ကောင်းတယ် အကိုရေ။ ကျွန်တော် စကားဝါမြေ အွန်လိုင်းစာကြည့်တိုက်လေး လုပ်ထားတယ် အကို။ ပထမ shared hosting မှာအဆင်ပြေပေမဲ့ နောက်ပိုင်း ဝင်ကြည့်တဲ့သူများလာတာနဲ့ အမျှ trafic ကဘယ်လိုမှ မလိုက်နိုင်တော့လို့ အဲ့ဒီဝယ်ခဲ့တဲ့ Host တွေနဲ့ စကားများရပေါင်းလည်း များပြီ အကို။ လောလောဆယ်တော့ အသိတစ်ယောက်ဆီမှာ ခနတင်ထားရတယ်အကို။ ညီ တစ်ခုလောက် အကူအညီ တောင်းချင် တာက ညီ့ရဲ့ အဲ့ဒီဆိုဒ်လေးဆိုရင် စာအုပ်ပေါင်း ၂၅၀၀ ကျော်ပြီ စုပြီးတင်ခဲ့တာ။ စုစုပေါင်း ဆိုဒ် တစ်ခုလုံး 30 GB လောက် လိုတယ်အကို။ နော်ကပြီး တစ်ရက်ကို လူ ၁၀၀၀ ဝန်းကျင် လာပြီး စာဖတ်ကြ Download လုပ်ကြတယ် အကို။ အဲ့တော့ အဲ့ဒီလို ဆိုဒ် တစ်ခု အတွက် ဘယ်လို Server က အသုံးတည့်နိုင် မလဲဆိုတာ ညွှန်ပြပေးစေလိုပါတယ် အကို။ ညီ့အနေနဲ့ server ပိုင်းတွေကိုတော့ နားမလည်နိုင်ဘူးအကို။ အဲ့ဒါ ဘယ်လိုကြာရှည် တည်တံ့ဖို့ အတွက် လုပ်သင့်သလဲဆိုတာ တတ်နိုင်ရင် အကြံပြုပေးစေလိုပါတယ် အကိုခင်ဗျာ။
    လေးစားစွာဖြင့်
    စကားဝါမြေ

    1. saturngod says:

      over 1000 is not too much … do you know how much income traffic and outgo traffic ? you should use VPS but 30GB is too much for VPS. In cloud server, you will meet and problem with file storage. It will take charge read/write bandwidth for files , too. So, try on dreamhost is the best for current situation. If you can afford, try rackspace. It will cost around $50 per month because of 30GB file storages.

  2. Alphazero says:

    Some news said Cloud is not true. Is that right?

    1. saturngod says:

      Cloud is a internet … So, cloud just a name …. the real thing is internet..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.