Why SaaS ?

Software as a Service , Platform As A Service တစ်ခုပြီး တစ်ခုပေါ်လာကြတယ်။ ကျွန်တော် Second Year လောက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတုန်းက နောက်ဆိုရင် Online မှာ လူတွေ software တွေ ရောင်းစားလာလိမ့်မယ်။ PDA တွေနဲ့ နေရာအနှံ့သုံးလာနိုင်တယ်လို့ ပြောခဲ့ဘူးတာ မှတ်မိသေးတယ်။ အဲတုန်းက ရန်ကုန်မှာ HP ရဲ့ PDA iPaq ဆိုတာပဲ ရှိသေးတယ်။ လူတိုင်းလည်း ဝယ်မသုံးနိုင်သလို စိတ်လည်း သိပ်မဝင်စားဘူး။ သို့ပေမယ့် သူငယ်ချင်းက အဲဒီ PDA လေး ဝယ်တော့ တော်တော် စိတ်ဝင်စားသွားပြီး စမ်းကြည့်သေးတယ်။ PDA က နောက်ဆိုရင် နေရာ ပြောင်းလဲယူလာနိုင်တယ်လို့တောင် ဆုံးဖြတ်ချက်ချခဲ့မိတာ မှတ်မိသေးရဲ့။ နောက်ပြီး ဟိုအကြောင်း ဒီအကြောင်းပြောရင်း software တွေက online ကနေ လစဉ်ကြေး နဲ့ ရောင်းလာနိုင်တယ်။ အဲဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်ဆိုပြီးတောင် ပြောမိသေးတယ်။ အဲ … အဲဒါပြောပြီး မတိုင်ခင်မှာပဲ computer journal မှာလားမသိဘူး အဲလို ရောင်းပြီး အရှုံးပေါ်သွားတယ်ဆိုတဲ့ company တစ်ခု အကြောင်း ဖတ်လိုက်ရတော့ နင်တင်တင်တောင် ဖြစ်သွားလေရဲ့။ ငါ ထင်တာတွေများ မဖြစ်နိုင်တော့ဘူးလားဆိုပြီးတောင် တွေးမိသေးတယ်။

အဲဒီတုန်းက Internet ဆိုတာ လူတိုင်း သိပ်သိအုံးမယ် မထင်ဘူး။ ကြားဘူးနားဝ ရှိတဲ့သူတွေ ရှိပေမယ့် ကောင်းကောင်း သုံးတဲ့လူတွေက ခပ်ရှားရှား။ နောက်ပြီး လူတိုင်းလည်း မသုံးနိုင်တာပါတယ်။ Dial-up လောက်ပဲ အိမ်တွေမှာ အသုံးများတယ်။ နောက်ပြီး ဖွင့်ထားတဲ့website တွေကလည်း အခုနဲ့ယှဉ်ရင် တော်တော်နည်းတယ်ဆိုရမလားပဲ။ နည်းပညာအကြောင်းဆိုလို့ Internet Journal နဲ့ computer journal လောက်ပဲ ဖတ်လို့ရတယ်။ အဲဒီ အချိန်တုန်းက ဘာကြောင့် ကျွန်တော် အဲလို တွေးမိလည်း ဆိုတာတော့ မသိဘူး။ သို့ပေမယ့် ဖြစ်လာနိုင်တဲ့ အလားအလာလို့ တွေးမိတာတော့ အမှန်ပဲ။ အဲဒီ အရာကို SAAS လို့ ခေါ်မယ်ဆိုတာလည်း မသိခဲ့ဘူး။

ကျွန်တော် တွေးတာက ရိုးရိုးလေး။ တစ်သက်လုံးလည်း သုံးမှာ မဟုတ်ဘူး။ အသုံးလိုသလောက်ပဲ သုံးမှာ။ မသုံးချင်တဲ့ အခါလည်း မသုံးဘူး။ အဲဒီ အတွက် တစ်ခါတည်း ပိုက်ဆံ အများကြီးပေးရမယ်ဆိုတာကတော့ လုံးဝမတန်ဘူး။ သုံးသလောက်ပဲ ပိုက်ဆံပေးချင်တယ်။ အပြတ်ဝယ်တာထက် ငှားသုံးတာကို ပိုသဘောကျတယ် လို့ တွေးပြီး ပြောခဲ့တာ ။ နောက်ပြီး download ချရတာ အခွေဝယ်ရတာရှုပ်တယ်။ နောက်ပိုင်း connection တွေ အရမ်းကောင်းလာရင် online ပေါ်ကနေပဲ တိုက်ရိုက်သုံးလို့မရဘူးလား ဆိုပြီး တွေးမိခဲ့တာ။ အဲဒါလေးကိုတော့ အခုထက်ထိ မှတ်မိသေးတယ်။ အဲတုန်းကတော့ Windows မှ Windows ပေါ့။ Linux ကို မသုံးဘူးလို့ အော်ခဲ့တဲ့ အချိန်တွေပေါ့။


ကျွန်တော်တို့ ဘာလို့ SaaS ကို သုံးသင့်တာလဲ။ နောက်ပြီး Cloud ကို ပြောင်းသင့်တာလဲ ? ငယ်ငယ်တုန်းက SaaS က အောင်မြင်လာတယ်လို့ သတ်မှတ်ခဲ့ပေမယ့် Opensource တွေနဲ့ ရင်းနှီးလာပြီး Linux ကို သိလာတာနဲ့ အမျှ ဘာလို့ opensource မဟုတ်တာလဲ။ ဘာလို့ ကိုယ့် Server မှာ host ခွင့်မရတာလဲ။ မဖြစ်သင့်ဘူးဆိုပြီး အမြင်တွေ မြင်လာတယ်။ ငယ်ငယ်က အတွေးတွေ ပျောက်ကုန်လာတယ်။ SaaS တွေ သုံးသင့် မသင့် စဉ်းစားတဲ့ အခါမှာ Opensource ထဲမှာ အဲလိုမျိုး မရှိဘူးလားဆိုပြီး တွေးမိလာတယ်။

Opensource ကို သုံးရင်တော့ ဈေးသက်သာတယ်။ ကိုယ့်စိတ်ကြိုက် ဖန်တီးယူလို့ရတယ်။ ဒါပေမယ့် server loading ကို အာမခံချက် မပေးနိုင်ဘူး။ နောက်ပြီးတော့ configuration တွေ ပြဿနာတက်မယ်။ ရိုးရိုး wordpress လောက်ဆိုရင် ပြဿနာ မဟုတ်ပေမယ့် help desk , project management လိုမျိုးတွေမှာ mail server configuration တွေ ပါလာတယ်။ အဲဒါတွေကို ကောင်းကောင်း မချိန်ညှိတတ်ရင် ပါတဲ့ function တွေက အပြည့်အစုံ အလုပ်လုပ်မှာမဟုတ်ဘူး။ help desk မှာဆိုရင် ticket အသွားအပြန်ကို mail ကနေပဲ သွားနေတာပဲ။ သို့ပေမယ့် အကုန်လုံးကို website မှာ ပြန်ကြည့်လို့ရတယ်။ website မှာလည်း reply ပြန်လို့လည်းရတယ်။ ဒါမှမဟုတ် mail ကနေ တဆင့် reply ပြန်လည်း ရနေတာပဲ။ Project Management မှာဆိုလည်း အဲလိုပဲ။ Message တွေ ပို့တဲ့အခါမှာ နောက်ပြီး Milestone အတွက် mail ပို့တာကို reply comment ပြန်တာတွေ ရောက်လာတဲ့ mail ကို reply ပြန်လိုက်ရုံနဲ့ ရတယ်။

Opensource ကို သုံးမယ်ဆိုရင် ပထမအချက် server တစ်ခု ရှိရတော့မယ်။ Server ရှိလာပြီဆိုတာနဲ့ အမျှ server ထိန်းသိမ်းတာတွေ လုပ်ရတော့မယ်။ Server ထိန်းသိမ်းဖို့ အတွက် လူလိုလာပြီ။ တနည်းပြောရင် ရုံးလုပ်ငန်းတစ်ခုမှာ SaaS သုံးတာဟာ opensource ကို အသုံးပြုတာထက်စာရင် ပိုသက်သာပါတယ်။ တကယ်လို့ ကိုယ့် company က product တွေပဲ ထုတ်တယ်။ web ပိုင်းကို သေသေချာချာမသိဘူး။ opensource သုံးလို့ဆိုပြီး သုံးလိုက်တဲ့ အခါမှာ server ကိစ္စတွေလာတော့မယ်။ Server ဖိုးက လာလိမ့်မယ်။ Server ကလည်း uptime ဘယ်လောက် ဖြစ်မယ်ဆိုတာကို အာမခံ နိုင်တဲ့ server ကို ရှာရမယ်။ အဲဒီအတွက် server စရိတ်က ပေါပေါနဲ့ မရတော့ဘူး။ support ticket တွေအတွက် configuration တွေလုပ်ရတော့မယ်။ နောက်ပြီး project management အတွက် configuration တွေ ပြင်ရမယ်။ မပြင်ရလည်း ရပါတယ်။ email service support မပေးရုံပဲပေ့ါ။ နောက်ပြီး လိုအပ်တာတွေ ပြင်ဖို့အတွက် PHP Developer တစ်ယောက် ဖြစ်ဖြစ် ခန့်ရတော့မယ်။ နောက်ဆုံး Developer လခ မပါရင်တောင် ဈေးက တစ်လကို $20 ကျော်လောက်တော့ ကျနိုင်ပါတယ်။ Web Development company ဖြစ်ခဲ့ရင် Developer ကို အခြားလုပ်ခိုင်းတာနဲ့ ဒီဘက်က application ကို ခိုင်းတာနဲ့ ၂ ခုနဲ့ ရှုပ်နေရအုံးမှာပဲ။ အဓိကတော့ အချိန်ကုန်ပါတယ်။

ဒါဟာ Software as a Service တွေ အောင်မြင်လာရခြင်းအကြောင်းပဲ။ အခု ခေတ်မှာ နိုင်ငံတော်တော်များများမှာ အင်တာနက်က 2Mbs ရနေပြီ။ ပုံမှန်အားဖြင့်တော့ 6Mbs ကို အသုံးပြုနေကြတယ်။ ဒီတော့ Web Application တစ်ခုကို အသုံးပြုဖို့အတွက် ကောင်းမွန်တဲ့ connection ရှိနေပြီ။ နောက်တချက်က Ajax , HTML5, CSS3 စတာတွေကြောင့် Web Application တွေကို ပိုပြီး အသုံးပြုရတာ လွယ်ကူစေကုန်တယ်။ အသုံးပြုရတာ အရမ်းလွယ်ကူသွားပြီ။ Software ကို ကြိုက်တဲ့နေရာမှာ connection ရှိတာနဲ့ ဖွင့်ကြည့်လို့ရတယ်။ Software က ရုံးက network ထဲမှာပဲ ရှိလို့ ရုံးပြင်ပမှာ စစ်မရတာတွေ မရှိတော့ဘူး။ Todo list တွေ milestone တွေ နောက်ပြီး calendar စတာတွေကို internet ရှိတာနဲ့ ဖွင့်ကြည့်လို့ရပြီ။ Mobile တွေ ခေတ်စားလာတာနဲ့ အမျှ mobile app တွေကိုပါ support လုပ်လာတယ်။ Opensource တော်တော်များများဟာ သီးသန့် mobile app တွေ ထုတ်လာတာ များများစားစားမရှိဘူး။ သို့ပေမယ့် SaaS တွေကတော့ အပြိုင်အဆိုင် mobile supporting ကို လုပ်နေကြတယ်။ လစဉ် $20 ကျော်လောက်ပေးရပေမယ့် အချိန်ကုန်သက်သာတယ်။ စိတ်ချမ်းသာတယ်ဆိုရင်တော့ SaaS ကို စဉ်းစားသင့်တယ်။ လိုအပ်တဲ့ feature ကို request လုပ်လို့ရတယ်။ မကြိုက်ဘူးဆိုရင်လည်း ကိုယ်နဲ့ အဆင်ပြေမယ့် အခြား SaaS ကို ပြောင်းသုံးလို့ရတာပဲ။ လစဉ်ပေးထားတာဖြစ်လို့ မကြိုက်ရင် ချက်ခြင်းပြောင်းလို့ရနေတယ်။ တကယ်လို့ product ရဲ့ လစဉ်ဝင်ငွေဟာ လက်ရှိ အသုံးပြုရမယ့် SaaS ရဲ့ တဝက်လောက်တောင် မရှိဘူးဆိုရင် ဘာလို့ server တွေ ထောင် config တွေလုပ်နေတော့မှာလဲ။ နောက်ပြီး company တိုင်းဟာ နည်းပညာ company တွေ မဟုတ်ကြဘူး။ support system , CRM တွေ အတွက် host လုပ်နေရမှာတွေကို သိပ်မစဉ်းစားချင်ကြဘူး။ အခု ပိုက်ဆံပေး အခု သုံး။ အဲဒါလိုမျိုး ရှင်းရှင်းလင်းလင်းပဲ လိုချင်ကြတယ်။ ဒါကြောင့် SaaS ကို အသုံးပြုလာကြတာပဲ။

သင်ကော ဘယ်လိုထင်လဲ ?

1 Comment

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.