WordPress look like framework

wordpress ကို သာမာန်တော်တော်များများက blog လိုပဲ အသုံးပြုနေပါတယ်။ လက်ရှိ အလုပ်က wordpress ကို အဓိက ထားပြီး website တွေ ဆောက်တော့ wordpress ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတာကို သိလာပါတယ်။ တကယ်တော့ wordpress က framework လို အသုံးပြုရင်တောင် ရတယ်။ admin panel ready framework ပေါ့ဗျာ။ admin panel သီးသန့် ထပ်ရေးစရာမလိုပဲ web application တွေ ရေးလို့ ရလာတယ်ဆိုတာကို သိလာတယ်။ ဥပမာ။။ question & answer system ဆိုပါဆို့။ ကျွန်တော် အခု MZ user ကို ကိုယ်ပိုင် framework နဲ့ ဆောက်နေတုန်း တစ်ခု စဉ်းစားမိတယ်။ wordpress နဲ့Q&A site ဆောက်လို့ မရဘူးလား။ ရတာပေါ့။ တကယ်ရပါတယ်။ Question & Answer system မှာ Question ကို Post လို့ သတ်မှတ်ပြီး Answer တွေကို comment လို့ သတ်မှတ်လိုက်လို့ရတယ်။ Question အတွက် comment အတွက်တော့ comment system တစ်ခု နည်းနည်း ပြန်ပြင်ရေးရမယ်။ သိပ်မခက်ပါဘူး။ Answer အတွက် comment ကတော့ ပြန်ရေးစရာမလိုဘူး။ wordpress ရဲ့ comment က thread system ပါပြီးသားပဲ။  နောက်ပြီးတော့ reputation အတွက် ပြန်ပြင်ရေးဖို့ပဲ လိုတယ်။ ဒါပဲ ရှိတယ်။ သိပ်အများကြီးတောင် မလိုပဲ အကုန်ပြီးသွားလောက်ပါတယ်။

wordpress မှာ အဓိကက plugin နဲ့ theme ပါ။ theme က PHP file တွေပါပဲ။ သူ့ theme structure အတိုင်း ဆောက်ပေးပြီးရင် ကိုယ်လိုချင်တာတွေကို page template အနေနဲ့ ဖန်တီးလိုက်ရုံပဲ။ ကျွန်တော် wordpress ကို သုံးပြီးတော့ MZ Blog ကို ဆောက်ထားတယ်။ user အနေနဲ့ facebook connect ဝင်ပြီးတော့ လွယ်လွယ်ကူကူ post တင်လို့ ရတယ်။ admin panel ဝင်စရာမလိုဘူး။ profile ပြင်လို့ရတယ်။ အစကနေ scratch ရေးနေရင် wordpress ကို သုံးတာလောက် မကောင်းဘူးဆိုတာ သေချာတယ်။ လွန်ခဲ့တဲ့ ၁ နှစ် ခွဲလောက်တုန်းက ကိုဘလာဂေါက်က ပြောတယ်။ wordpress ကို သုံးမယ်။ Admin panel ကြီးကို မပြချင်ဘူးကွာ။ သီးသန့် panel လိုချင်တယ်လို့ ပြောတုန်းက ဟာ မလွယ်တဲ့ ကိစ္စလို့ ပြောမိသေးတာကို MZ Edu လုပ်တော့မှ အော်.. ငါမှားသွားတယ် ဆိုတာကို သိလိုက်ရတယ်။

wordpress မှ မဟုတ်ပါဘူး။ Joomla, Drupal စတာတွေလည်း ဒီအတိုင်းပါပဲ။ CMS ပဲဖြစ်ဖြစ် Blog ပဲ ဖြစ်ဖြစ် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားရင် အဲဒါကို အသုံးချပြီး စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ ဟို plugin မရှိဘူး။ ဒီ plugin မရှိဘူးဆိုတာတွေက မဟုတ်တော့ပါဘူး။ အခုဆို plugin ရှာတယ်။ မတွေ့ဘူး။ မတွေ့ရင် ကိုယ့်ဘာသာကိုယ် ရေးချတာ အကျင့်ဖြစ်နေပြီ။ အရင်တုန်းကလို plugin တစ်ခုကို မတွေ့မချင်းရှာ။ နောက်ဆုံး မတွေ့လိုက်တာပဲ ရှိတယ်။ အချိန်က ၂ရက်လောက် ကုန်သွားတယ်။ တချို့ လွယ်လွယ်ကူကူလေးတွေကို plugin တစ်ခု ချရေးလိုက်တာက ၁ ရက်လောက်ပဲ ကြာတာလေးတွေ ရှိသလို ၂ ရက် ၃ ရက်လောက် ကြာသွားတာတွေလည်း ရှိပါတယ်။ နောက်ပြီး အချို့ အပိုင်းတွေက plugin ထက် template ကို အားကိုးရတဲ့ အပိုင်းတွေလည်း ရှိတယ်။ wordpress ကို customize လုပ်ရင် template မှာ ပြင်သင့်လား plugin ရေးသင့်လားဆိုတာကို သေချာ သိဖို့ လည်း လိုအပ်ပါတယ်။ ဘာပဲပြောပြော အခုထက်ထိ ကျွန်တော် wordpress ကို သဘောကျ နှစ်ခြိုက်နေတုန်းပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်လုပ်ချင်တာတွေ တော်တော်များများ wordpress နဲ့ လုပ်နိုင်သေးတယ်။ အချို့ အရာတွေကတော့ မလုပ်နိုင်တာလေးတွေလည်း ရှိပါတယ်။ အချို့ project လေးတွေက wordpress သုံးမယ့်အစား scratch ကနေ စလိုက်တာက မြန်တာလေးတွေလည်း ရှိပါတယ်ဗျာ။

7 Comments

  1. ဟုတ်ကဲ့… ကိုစေတန်ရေ…

    WordPress ရော Joomla ရော လေ့လာနေဆဲပါ..

    အဆင်ပြေပါစေ

  2. Wai Yan says:

    WordPress started as a blog platform years ago, but it is more than that right now. We could do many things with wordpress. It is just that how much we can utilize these.

  3. kozeyar says:

    I just developed a university community website using wordpress + buddypress (plus some more plugins). WP is becomeing more like a CMS platform and its sister projects are also awesome (e.g, bbpress (forum), buddypress (Social networking).

  4. KoPaing says:

    WP-Answers ဆိုတဲ့ Q & A WordPress Plugin လေးလန်းတယ်ဗျ..။ အဲ.. free တော့မဟုတ်ဘူး..။ :D

  5. ကေထူး says:

    ကိုစေတန်…

    တခုလောက်သိချင်လို့။ အခု ကျွန်တော်က wordpress wp-ecommerce plugin ကိုသုံးနေပါတယ်။ Product တခုစီကို add/edit လုပ်တဲ့အခါ order မှာတဲ့ style ကို combox box နဲ့ အပိုထပ်ထည့်ချင်လို့။ ဥပမာ prodcut ဟာ In Stock မှာလား Run Out လား ။ မဟုတ်ယင် Pre order လား ဆိုတဲ့ ပုံစံမျိုးပါ

    အဲဒါမျိုး ထပ်ထည့်လို့ရမလား သိချင်လို့ပါ။ အွန်လိုင်းမှာ ရှာတာလည်း မတွေ့လို့ အကြံဉာဏ်လေး ရှိယင် ကူညီပါအုံးဗျား။

      1. ကေထူး says:

        ကျေးဇူးပါပဲ ကိုစေတန်

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.