7 , NSMag Aug Issue

ဒီလ Aug issue အတွက် ၁ လ လောက် ကြိုပြင်ခွင့်ရလိုက်တယ်။ NSMag ထွက်ပြီးတာနဲ့ မကြာခင်မှာ iOS 7 နဲ့ Xcode ကို Apple က မိတ်ဆက်ခဲ့ပါတယ်။ iOS 7 မှာ အများက မျှော်လင့်ထားသလို flat UI ဖြစ်သွားပေမယ့် လူတော်တော်များများက မကြိုက်လှပါဘူး။ iOS ရဲ့ လက်ရှိ icon design က မှားယွင်းနေတယ်ဆိုတာကို တော်တော်များများက ထောက်ပြ ပြောဆိုမှုတွေ ရှိသလို dribbble မှာလည်း ဘယ်လို ဖြစ်သင့်တယ်ဆိုပြီး redesign ပုံတွေ အများကြီးတွေ့ရပါတယ်။ iOS 7 က မဆိုးလှပေမယ့် icon တွေက ဆိုးလှပါတယ်။ လေးထောင့်သေးသေးလေးမှာ အလယ်က စက်ဝိုင်းက အရမ်းကြီးနေတယ်လို့ ခံစားရတယ်။ iOS 7 icons တွေ က screen size ကြီးတဲ့ iPhone , iPad တွေ နဲ့ အဆင်မပြေပေမယ့် screen သေးမယ့် နာရီတွေမှာ ဆိုရင်ကော လို့ စဉ်းစားမိလိုက်ရင် rounded square ထဲက စက်ဝိုင်းကြီးကြီးပုံစံဟာ နာရီမှာ ဆိုရင်တော့ ကြည့်ရတာ တော်တော် အဆင်ပြေမယ့် ပုံလို့ ဆိုရမယ်။ အများထင်သလို iWatch ကို မကြာခင်မှာ မိတ်ဆက်မယ်ဆိုရင် iOS 7 ဟာ iWatch အတွက်ပါ design လုပ်ထားတယ်လို့ သံသယ ဖြစ်စရာ ရှိပါတယ်။ Xcode 5 မှာတော့ User interface ကို improve လုပ်ထားပြီးတော့ ပိုမို ရိုးရှင်းတဲ့ ပုံစံ ကို ဖန်တီးထားပါတယ်။ Debugger အပိုင်းကို အရင်ကထက် ပိုပြီး ကောင်းအောင် လုပ်ထားပေးပါတယ်။ UIImage တွေဆိုရင် image ပုံပါ ကြည့်လို့ ရပါပြီ။ Sprite Kit ကို Support လုပ်ထားပြီးတော့ Particle Editor ကို xcode ထဲမှာ အသုံးပြုလို့ရပါတယ်။ Compile နဲ့ Index လုပ်တဲ့ အပိုင်းမှာ xcode 4 ထက် ပိုပြီး မြန်လာပါတယ်။

NSMag ကို ထုတ်ဝေပြီးတဲ့ ၁ ပတ် အတွင်းမှာ Apple App Store Singapore က Computer (Newsstand) category မှာ ဒုတိယ အများဆုံးရပါတယ်။ အခု ရေးသားချိန်မှာ iOS Device ပေါင်း 370 ကျော် push notification အတွက် register လုပ်ပြီးပါပြီ။ သို့ပေမယ့် Push Notification Allow မလုပ်ထားတဲ့ device တွေကိုတော့ ကျွန်တော့် အနေနဲ့ device အရေအတွက်ထဲမှာ ထည့်မသွင်းနိုင်သလို အခုလ issue အတွက်လည်း push notification မပေးပို့နိုင်ပါဘူး။ ပုံမှန် အားဖြင့် NSMag ကို download ချထားသူ ၅၀၀ ဝန်းကျင်ရှိပါတယ်။ တနည်းပြောရင် mobile development ကို စိတ်ဝင်စားပြီး iOS device ရှိတဲ့မြန်မာ ၅၀၀ အနည်းဆုံး ရှိတယ်ဆိုတာကိုတော့ ကျွန်တော် သိလိုက်ရတာပေါ့။ အခုထက်ထိတော့ နေ့စဉ် ၁ နေ့ကို ၅ ယောက်လောက် download ချနေဆဲပါ။ ပထမဆုံး issue ကို subscribe လုပ်သူတွေကော NSMag အကြောင်းကို မိတ်ဆွေ သူငယ်ချင်းတွေကို မျှဝေပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီလ အတွက် ခေါင်းစဉ်ကို 7 ပေးထားပြီး iOS 7 ကို ဆိုလိုတာပါ။ ဒီလ အတွက် NSMag ထဲမှာ iOS 7 SDK မှာ ပါတဲ့ အသစ်တွေ ၊ နောက်ပြီးတော့ Developer တိုင်း မဖြစ်မနေ သိသင့်တဲ့ Git branching အကြောင်းပါဝင်ပါတယ်။ ဒါ့အပြင် Sar ကို version 2.0 ရေးနေတဲ့ အချိန်မှာ ကျွန်တော် icon design ပါ ပြောင်းဖြစ်ခဲ့ပါတယ်။ icon design အသစ် ပြင်တဲ့ အခါမှာ လေ့လာဖြစ်တဲ့ flat icons အကြောင်း နောက်ပြီးတော့ အခုတလော လူသုံးများလာတဲ့ long shadow icon example အကြောင်းကို ဖတ်ရမှာပါ။ ဒါ့အပြင် ခန့်သူလင်း ရဲ့ ၁ နှစ်တာ iOS development အတွေအကြုံ ၊ ဇော်မင်းစိုး ရဲ့ စလေ့လာတဲ့ developer တွေ သိသင့်တဲ့ iOS Development အကြောင်းတွေ ပါဝင်ပါတယ်။ အဓိက iOS 7 နဲ့ Git ကို အချိန် အတော်ကြာကြာရေးလိုက်ရတယ်။ Git branching ကတော့ Mobile Developer သာမက အခြား web developer ဖြစ်ဖြစ် application developer ဖြစ်ဖြစ် ဖတ်ကြည့်ဖို့ အကြုံပြုပါရစေ။ Git branching အကြောင်း ဖတ်ကြည့်ရင် ဘာလို့ ကျွန်တော်တို့တွေ git သုံးရတာလဲ ဆိုတာကို သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။ iOS 7 က တော့ လက်ရှိ iOS Developer နဲ့ အသက်မွေးဝမ်းကြောင်း လုပ်နေတဲ့ သူတွေ မဖြစ်မနေ သိသင့်ပါတယ်။ iOS 7 မှာ user ဘက်က design သာ ပြောင်းလဲသွားပေမယ့် Developer တွေ အတွက်ကတော့ အများကြီး ပြောင်းလဲသွားတယ်။ Peer to Peer , Airdop , multi-task စတောတွေက Developer တွေကို iOS မှာ ပိုပြီး အသစ်အသစ်တွေ ဖန်တီးလို့ ရအောင် အခွင့်အလမ်း ပေးထားပါတယ်။ Photosharing , video sharing app အသစ်တွေ iOS 7 နဲ့ အတူ မကြာခင်မှာ ကျွန်တော်တို့တွေ မြင်တွေ့ရမှာပါ။ နောက်ပြီး Keymagic နဲ့ မိုးကုတ် browser ဖန်တီးသူ သက်သန့် နဲ့လည်း interview ထည့်သွင်းပေးထားပါတယ်။

Aug issue ဟာ professional developer ကော begineer developer အတွက်ပါ အဆင်ပြေတဲ့ issue တစ်ခု ဖြစ်တဲ့ အတွက် ဖတ်ရတာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

4 Comments

  1. Chit Yan Toe says:

    ဘယ်လို download လုပ်ရမှာလဲဗျ….noti တော့တက်တယ်…

    1. saturngod says:

      open nsmag app. Swipe left to right and you will see Aug issue. If you can’t see close the app. Close the app from multi task too. Open again.

  2. Any plan for Android or Web App??

    1. saturngod says:

      no plan for web. For android, finding solution to show myanmar unicode font correctly :(

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.