Google Android Netbooks

နောက်ဆုံးတော့ google လည်း OS လောကထဲ တိုးဝင်လာပါပြီ။ Netbooks တွေအတွက် MS က Windows 7 Starter Edition စီစဉ်ထားပေမယ့် google ကတော့ $100 ကနေ $200 ကြား Netbooks ထုတ်ချလိုက်ပါပြီ။ Mac ကလည်း Netbooks ထုတ်ဖို့ ပြင်ဆင်နေတယ်လို့တော့ ဖတ်လိုက်ရပါတယ်။ Free & Opensource ဖြစ်တဲ့ Android က handphone သာမဟုတ်တော့ဘူး အခု netbooks လောကထဲပါ တိုးဝင်လာပြီဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းလာပြီ။ အရောင်လှလှလေးတွေနဲ့ ထုတ်ထားပါတယ်။ ရနိုင်တဲ့ အရောင်တွေကတော့ Pink, Yellow, Red, Black and White ဆိုတဲ့ အရောင်တွေပါ။ ဈေးလည်းသက်သာတယ်။ ဒါပေမယ့် ရရှိနိုင်တဲ့ feature တွေကတော့((http://blogs.computerworld.com/first_google_android_netbooks_spotted))

ဘာပဲပြောပြော Netbooks လောက က စိတ်ဝင်စားဖို့ကောင်းလာအမှန်ပဲဗျ။ မကြာခင်မှာ Mac ထွက်လာမယ်လို့ သတင်းတွေကလည်း ကြားနေရတယ်။ လက်ရှိ Android Netbooks မှာ SD/MMC ကို အဓိက ထားသုံးရမယ့်ပုံပဲ။ 1 GB ပဲ ပါတော့ external ကိုပဲ အဓိက ထားသုံးရမယ့်ကိန်းပဲ။ အဓိကတော့ internet ကြည့်ဖို့ အတွက်ပဲ ထုတ်ထားတာဖြစ်နိုင်တယ်။

လက်ရှိမှာ Google က online မှာတင် စာစီစာရိုက် ၊ presntation ၊ video စတာတွေ ပေးထားပြီးသားလေ။ file stroage အတွက် Gmail Drive လည်းရှိပြီသားပဲ။ Music Editing ပဲ လိုတော့တာ။ အပျင်းပြေသုံးလို့ရတာ တော်တော်များများက online ပေါ်ရောက်နေပြီလေ။ ဒါကို ထုတ်ဖို့ အရင်ကဟာတွေ ထုတ်ထားတာလား။ အရင်ကဟာတွေကြောင့် ဒါကို ထုတ်လိုက်တာလားတော့ မသိဘူး။

4 Comments

  1. emoracket says:

    google လည်း စီးပွားရေးသိပ်မကောင်းတော့နယ်ချဲ့လာပြီထင်တယ်

    1. saturngod says:

      စီးပွားရေး ကောင်းလွန်းလို့ပါဗျာ..

  2. Kaung Aung says:

    Hi Saturn,
    Really, this is not the product of Google although it uses Andriod. How to say, …like the computers which use windows OS are not a product of Microsoft. This netbook is just a hack of china company Skytone. There is also another prototype nettop by I-Buddie.

    I think the most interesting part of this netbook is using ARM core processor rather than Intel or AMD.

    Ckeers,

    KAung

  3. saturngod says:

    @Kaung Aung : Thank your information

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.