Happy Birthday MZ

ဘာလိုလိုနဲ့ ပြီးခဲ့တဲ့ April 1 ရက်နေ့က MYSTERY ZILLION ၃ နှစ်တောင် ပြည့်ခဲ့ပြီ။ ဒီနှစ် Anniversary ကိုတော့ ၂၅ ရက်နေ့မှ လုပ်ဖြစ်တယ်။ နှစ်ပတ်လည်နေ့နဲ့ တော်တော်ကွာသွားပေမယ့် အားလုံး အဆင်ပြေဆုံးနေ့ဖြစ်တာကြောင့် အဲနေ့ကို ရွေးဖြစ်ခဲ့တာလည်း ပါတယ်။ ဒီနှစ်မှာတော့ လူငယ်တွေကို အဓိကရည်ရွယ်ပြီး ပွဲလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ MZ မှာ exiter ရေးထားတာကိုပဲ ပြန်ဖော်ပြလိုက်ပါတယ်။

နေရာကတော့ Thamada Hotel ပထမထပ် (365 Cafe အပေါ် ) Egress Hall Room ဖြစ်ပါသည် ။ ကျင်းပမည့်ရက်မှာ April 25 – Sunday ဖြစ်ပါသည်။ ကျင်းပမည့် အချိန်မှာ နံနက် ၉ နာရီမှာ ညနေ ၅ နာရီအထိသတ်မှတ်ထားပါသည် ။ ပါဝင်မည့်အစီအစဉ်များကိုလည်း အောက်ဘက်တွင် အကျဉ်းချုပ်ဖော်ပြပေးသွားပါမည် ။

ကိုရာဗီ – Tips on study in Myanmar
Myanmartutorials – Online Learning
ကိုကိုရဲ(Knowledge Bridge Magazine Editor) – Something about Ubuntu (or) Something
Tweetycoaster – Something
ကိုအိမောင် – Related with Web Developing
& Main Final Discussing with above speaker – Open Discussion on migration form beginner to professional

စသည့် လူငယ်များနှင့် IT related လူများအားလုံး အတွင် ရည်စူးကာ သုံးနှစ်ပြည့်ကို ထူးထူးခြားခြားပြုလုပ်သွားမည် ဖြစ်ပါသဖြင့် အမ်ဇက် မမ်ဘာများနှင့် မည်သူမဆို လွတ်လပ်စွာ တက်ရောက်နိုင်ပါသည် ။

သုံးနှစ်ပြည့်ပွဲတွင် တက်ရောက်မည့်သူများအတွက် MZ Sticker များ ၊ Saturngod (MZ Founder )ကိုယ်တိုင် စိတ်ကြိုက်ပြုလုပ်ထားသော Mysteryzillion News Letter နှင့် Open Source Linux Distro DVD များကို ဝေပေးမှာဖြစ်ပါတယ် ။ free ornagai dictionary ကိုလည်း ပွဲအချိန်ပေါ်မူတည်ကာ support လုပ်နိုင်သည့် ဖုန်းများအတွင်းသို့ ထည့်သွင်းပေးသွားပါမည် ။

7 Comments

  1. Mandalay မှာလဲ တစ်နှစ်တစ်ခါလောက်လာပါအုံးလား
    ရန်ကုန်မှာဆိုတော့ တက်ရခက်တယ်

  2. ဟက်ပီး ဘက်ဒေးပါ အမ်ဇက်။
    ဒီထက်မက အောင်မြင်ပါစေ။

  3. naitar says:

    ဒီထက်မကအောင်မြင်ပါစေ………ဗျာ

  4. Nang says:

    I cant read your blog from University Lab PCs. Can’t see burmese font.

    1. saturngod says:

      no zawgyi, can’t see

  5. Bluer@ys says:

    Happy Birthday MZ

  6. တင်ဇာ says:

    ဒီ့ထက်မက တိုးတတ်လို့အဓွန့်ရှည်တည်တံ့ပါစေ…

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.