MZ နဲ့ edu ရပြီနော်

မနေ့ညကတည်းက စည်သူလုပ်နေတာ မနက် ၈ နာရီခွဲတော့ ထခေါ်တယ်။ MZ အတွက် အကုန်လုပ်ပြီးပြီ။ Database က MySQl 5 ကနေ 4 ကိုပြန်ပြောင်းပြီးတင်ရတယ်။ အခု mysteryzillion.org ရပြီ။ လာခဲ့ပါအုံးဆိုလို့ ကျွန်တော်လည်း ၉ နာရီ အရောက်ပြေးလိုက်ရတယ်။ ရောက်တာနဲ့ MZ stable stage ရောက်အောင် file တွေပြင် template ဝယ်ဖို့ကြိုးစားနဲ့ ၁၂ ကျော်ကျော်လောက်မှ စတင်တည်ငြိမ်လာပြီး ၂ နာရီလောက်မှာ ရောက်သွားတယ်။ ဝယ်ထားတဲ့ template ကတော့ ၁၂ နာရီစောင့်မှ ရမယ်ဆိုလို့ စောင့်နေရတယ်။ $30 တောင် template အတွက်ပေးရပါတယ်။ နောက်တော့ ကျွန်တော် edu အတွက် ဆက်လုပ်တယ်။ sithu က အဲဒီအချိန်မှာ template ဝယ်ဖို့နဲ့လိုအပ်တဲ့ plugin တွေ ရှာဖွေထည့်တယ်။ ၃ နာရီထိုးခါနီးမှာတော့ edu ရသွားတယ်။ ပြီးတော့ ကျွန်တော်တို့လည်း ခဏ နားပြီး ညမှ ဆက်ကြရမယ်ဆိုပြီး သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတဲ့ဆီသို့ သွားပေလေတော့သည်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.