New Design

ဒီနေ့ Theme ပြောင်းချင်တာနဲ့ Theme တွေ ရှာတာ စိတ်ကြိုက်မတွေ့ဘူး။ ဒါနဲ့ တစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ဆွဲကြည့်ပါမယ်လေဆိုပြီး စမ်းဆွဲလိုက်တာ အခု လက်ရှိ Theme ဖြစ်သွားတယ်။ WordPress 3.0 menu ကို သုံးထားတယ်။ Widget support လုပ်အောင် ရေးထားတယ်။ design အကြမ်းကိုတော့ http://iphone.appstorm.net ကနေ အခြေခံထားတယ်။ အခုထက်ထိတော့ အလုံးစုံတော့ မပြီးသေးဘူး။ ၁၀ နာရီလောက်က စဆွဲလိုက်တာ ၃ နာရီလောက်မှာတော့ အကြမ်းထည်လေး ပြီးသွားတယ် ဆိုရမယ်။ အခု Design ကို 960gs css framework နဲ့ ပဲ ဆောက်ထားတယ်။ နောက်ပြီး color scheme ကို ပြင်လို့ရအောင် color scheme အတွက် သီးသန့် CSS ခွဲထုတ်ထားတယ်။

နောက်ပြီးတော့ Feature Image support လုပ်အောင် လည်း ပြန်ပြင်လိုက်တော့။ တော်တော်လေးတော့ မိုက်သွားပြီ။ Mac For Us ကိုလည်း ပြောင်းချင်နေတာကြာပြီ။ အစ အဓိက macforus အတွက် ဆွဲရင်း လက်ရှိ blog အတွက် ဖြစ်သွားတာပဲ။ အခု design က ကိုယ်တိုင်လုပ်ထားလို့လားမသိဘူး သဘောကျတယ်။ footer ပိုင်းတွေ ပြင်ဖို့လိုသေးတယ်။ မနက်ဖြန်မှပဲ လိုတာလေးတွေ ထပ်ဖြည့်လိုက်တော့မယ်။ အခုတော့ အိပ်ပြီဗျာ။

9 Comments

  1. Yetun says:

    nice looking theme !

  2. zip says:

    Logo မှာ ဘာဖြစ်လို့ boarder ခတ်ထားလဲမသိ? မခတ်ထားရင် ပိုကြည့်လို့ကောင်းမယ်လို ထင်တာပဲ. အမြင်ကို ပြောကြည့်တာပါ.

    1. saturngod says:

      firefox မှာပေါ်နေတာဗျ။ ပြင်လိုက်ပြီ။ webkit မှာ မပေါ်ဘူး ။

  3. ကိုကိုဒီဘီ says:

    ကျွန်တော့်ကိုလဲ ဆွဲပေးပါ။

  4. ုkom says:

    ကြိုက်တယ်။

  5. ခေါင်းစဉ်တွေက အရမ်းမကြီးဘူးလား။ လှတယ်။ ဘက်ဂယောင်း အရောင်လှတယ်။ လိမ္မော်ရောင်စာသားတွေနဲ့ လိုက်ဖတ်တယ်။

  6. m0rRis says:

    မိုက်တယ်ဗျ

  7. frozencity says:

    ပို့စ် တွေရဲ့ ခေါင်းစဉ်စာလုံးတွေက ပုံမှန်ထက် ပိုကြီးနေသလားလို့ပါ။
    ကျန်တာ အကုန်ကြိုက်တယ်ဗျာ။

    1. saturngod says:

      I design for English text … yes, it’s not suitable for Myanmar text. But it’s not good with windows font render =( In mac, title font rendering is so nice :P

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.