No Need Zawgyi Force in iOS 8.3 (Works Everywhere Now)

ဒီနေ့ စာလုံး keyboard မှာ unicode force ထည့်မလို့ ဆိုပြီး unicode font သွင်းပြီး google ကို သုံးကြည့်တာ force လုပ်စရာ မလိုပဲ မြန်မာစာတွေ ပေါ်နေတာကို တွေ့တယ်။ တစ်ခုခုများ မှားနေသလား ဆိုပြီးတော့ Font ကို ဖျက်။ ဇော်ဂျီ ပြန်သွင်းတော့လည်း ဇော်ဂျီတွေ ပေါ် နေတာကိုတွေ့ရပါတယ်။

iOS 8.3 သွင်းထားတဲ့သူများ အနေနဲ့ Font profile ကို download ချပြီး သွင်းထားတယ်ဆိုရင် Safari browser မှာ စမ်းကြည့်နိုင်ပါတယ်။ Sar Lone ကနေ ဇော်ဂျီ force လုပ်စရာ မလိုပဲ မြန်မာ လို google , facebook စတာတွေကို safari browser ကနေ ကောင်းကောင်း ဖတ်လို့ ရတာကို တွေ့ပါလိမ့်မယ်။

တကယ်လို့ မရဘူးဆိုရင်တော့ Font profile ကို ဖျက်ပြီး ပြန်သွင်းကြည့်ပါ။

font

ဒီပုံ က ကျွန်တော် ဇော်ဂျီ force မသုံးပဲ google မှာ ရှာထားတဲ့ ပုံပါ။

UPDATE: UIWebView မှာ fallback အလုပ်လုပ်သွားတာကြောင့် UIWebView သုံးထားတဲ့ App တွေမှာလည်း အလုပ်လုပ်ပါလိမ့်မယ်။ ဥပမာ .. Gmail , Boxer , Evernote ။

evernote

2 Comments

  1. raxazh says:

    အကိုရေ ကျေးဇူးပြပြီး iphone 4 or ios 7တွေအတွက် မြန်မာယူနီကုဒ်ဖောင့် လေးနဲ့ ကီးဘုတ်းလေးရှိရင် ကျေးဇူးပြုပြီးပေးပါလား အကို

    1. saturngod says:

      need to jailbreak and install ttkeyboard

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.