Ornagaime

မနေ့ညကပဲ App Store မှာ Ornagaime ကို Approve ဖြစ်သွားပါတယ်။ Ornagaime ဆိုတာကတော့ Ornagai Myanmar to English Dictionary ဖြစ်ပါတယ်။ လက်ရှိ Ornagai က Data ကိုပဲ reverse ပြန်လုပ်လိုက်တာပါ။ reverse လုပ်တယ်ဆိုပေမယ့် လက်ရှိ www.ornagai.com မှာ သုံးထားတဲ့ နည်းပညာအတိုင်း တွေကို ခွဲထုတ်ပြီး တော့ လုပ်ထားပါတယ်။ စာလုံးပေါင်း 61579 ရှိပါတယ်။ သို့ပေမယ့် စာလုံးတွေက လိုအပ်နေပါသေးတယ်။ လက်ရှိ version ကတော့ 0.5 ဖြစ်ပြီးတော့ iOS 4.2 သို့မဟုတ် နောက်ပိုင်း version တွေမှသာ သွင်းလို့ရမှာပါ။ zawgyi keyboard အရံသင့်ထည့်သွင်းထားပါတယ်။ လက်ရှိ computer လက်ကွက်အတိုင်းပါပဲ။ Unicode ကို အစက ပြောင်းမလို့ စဉ်းစားပေမယ့် android version အတွက် ပြဿနာ ကြုံရနိုင်တာကြောင့် data ကို ဇော်ဂျီပဲ သုံးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ လက်ကွက်ကို ပို အဆင်ပြေအောင် မလိုအပ်တဲ့ ြ– တွေကို ဖြုတ်ဖို့ လုပ်ပါအုံးမယ်။ အခု version ကတော့ အကုန်လုံး ဖြည့်ထားတဲ့အတွက် ခလုတ်လေးတွေက အရမ်းကို သေးသွားတယ်။

version 0.5.1 ကိုတော့ submit လုပ်ထားပြီးပါပြီ။ Search Speed ကို ပိုမြန်အောင် ပြုပြင်ထားပြီးတော့ iOS 3.2 or later မှာ အသုံးပြုလို့ရအောင် ပြန်ပြင်ထားပါတယ်။ အခု version 0.5 မှာတော့ iPhone version အတွက်ပဲ ရပါသေးတယ်။ iPad version ကို version 1.0 မှာ ပါလာအောင် ကြိုးစားနေပါတယ်။ လုပ်ဖို့ ကျန်နေတာတွေက

Syllable Breaking

အခု ကျော ကို ရှာရင် ကျော့ ၊ ကျောင် ၊ ကျောင်း စတာတွေကို သွားရှာနေပါတယ်။ syllable breaking အဆင့်ပြီးသွားရင်တော့ ကျော ကို ရှာရင် ကျော့ ၊ ကျောင် ၊ ကျောင်း ကို result ထဲမှာ ပြပေးမှာ မဟုတ်ပါဘူး။ ပိုပြီး တိကျတဲ့ result ထွက်လာပါမယ်။

Normalization

လက်ရှိ နောက်ထပ် ပြဿနာ တစ်ခုက က-ိ-ု ကို ရှာတာနဲ့ က-ု-ိ ကို ရှာတာ result မတူဘူး ဖြစ်နေတယ်။ Normalization လုပ်ပြီးရင်တော့ ဘယ်လိုပဲ ရိုက်ရိုက် အဖြေတူသွားမှာပါ။

အဲဒီ အဆင့် ၂ ဆင့်ကို အရင်ပြီးအောင် လုပ်ဖို့ လိုပါတယ်။ Version 1.0 မှာ အဲဒီ ၂ ခု ပါလာပါမယ်။

22 Comments

  1. Nyein says:

    Long time waitting for this, finally i just bought it.
    you are the real hero, boro.

  2. gawli says:

    Eng – Mm လို Free ရရင် သိပ်ကောင်းမှာပဲ။ Credit card မရှိလို့ဗျ။ ဟီး…

    1. saturngod says:

      you can download ornagai free from app store.

  3. aamt says:

    english လက်ကွက်မပါတော့သိပ်အဆင်မပြေဘူး :(

    1. saturngod says:

      it’s myanmar to english and no need for english typing =(

      1. aamt says:

        ENGLISH လိုရိုက်စရာမလိုဘူးလိူတော့မဖြစ်လောက်ဘူးထင်တာပါ
        ိကက်ကြီးရှာတာရှာလို့မတွေ့ဘူး :)

        1. saturngod says:

          you want to use english to myanmar … you can try ornagai :)

          ornagaime is a Myanmar to English and only design for Myanmarsar search.

          Yes … I need to add more words … scissors still not include in En to Mm dictionary also… sorry about that…

  4. aamt says:

    မြန်မာလို အိုင်ဘုတ် ဖက်ချင်တာဗျ
    ရှိမယ်ဆိုတော်တော်ရောင်းရမှာ :)

  5. Nyein says:

    Credit Card မရှိသူများအတွက် Installous မှာသွားရှာနိုင်ပါတယ်။ ကျွန်တော် ဝယ်ပြီးတာနဲ့ Cracked ထားပေးပါတယ်ခင်ဗျား။ ဝယ်နိုင်သူများကတော့ Developer ကို Support ပါ။ Never Cracked Apps တွေကို မသုံးပါနဲ့။

    1. LoRdiE says:

      no comment
      lolz

  6. gaw_li says:

    ကိုကျော်စွာငြိမ်း နာမည်နဲ့တွေ့တယ်ဗျ… ဒါပေမယ့် ဒေါင်းပြီး အင်စတောလုပ်တော့ Errorတက်သွားတယ်ဗျ။ ipa error လို့ပေါ်တယ်… ဖျက်ပြီး ပြန်လုပ်တော့လဲမရဘူးဖြစ်နေတယ်။ ဘာလို့လဲမသိဘူး။

    1. saturngod says:

      please ask in kyawswarnyein.com …..

    2. Nyein says:

      all right, make sure that you are jailbroken and have lattest itunes, installous, appysync. it works perfectly, because i test this morning on ios 4.3.1 with ipod touch 4th gen by removing the oringinal app from appstore and putting the crack app from installous.

      Having trouble donwloading the app ? try to use apptrackr.org!

  7. K says:

    Iphone ဝယ်ပေးမယ့်သူရှိရင်ကောင်းမယ် … စမ်းကြည့်လို့ရမယ်။ စမ်းကြည့်ချင်တယ်။

    nice bro..

  8. Tun Tun says:

    ကိုစေတန်ရေ တစ်ခုလောက်မေးချင်လို့…. ကိုစေတန်ရေးထားတဲ့ Ornagai ရဲ့ Database ကကိုစေတန် ကိုယ်တိုင်အားလုံးကိုရေးထားတာလားဗျ…။
    ကျွန်တော်ကအခု Dictionary Project တစ်ခုရေးမလို့…..အဲ့ဒါ Dictionary Database ကြီးကို ကိုယ်တိုင်ဆောက်မယ်ဆိုရင် တော်တော်ကြာမှာဘဲ…ဒါကြောင့် အကယ်၍ Ornagai Database ကိုပေးလို့ရတယ်ဆိုရင် ကျွန်တော်လိုချင်လို့ပါ….။
    ပေးလို့ရတယ်ဆိုရင် ဘယ်မှာဒေါင်းရမလဲဗျ…. ကျေးဇူးတင်ပါတယ်။

  9. Tun Tun says:

    စိတ်တော့မရှိနဲ့ကိုစေတန်ရေ…အဲ့ဒီဖိုင်တွေက ဘယ်လိုသုံးရတာလဲမသိဘူး…….ကျွန်တော် Project က MS SQL 2008 Database ကိုသုံးထားပါတယ်။အဲ့ဒါ..သုံးပုံသုံးနည်းလေးကို တတ်နိုင်ရင် နည်း⁠နည်းလောက်ရှင်းပြပါလား…မရှင်းပြနိုင်ရင်လည်း ဖတ်ဖို့ လင့်ခ် လေးဖြစ်ဖြစ် ကူညီပေးပါဦးဗျ….။ကျေးဇူးအထူးတင်တယ်ဗျာ :)

    1. saturngod says:

      you can open tsv file with excel.

      1. Thein Htike Aung says:

        Which font do you use in? I test with zaw gyi. But it didn’t work.Thank you for sharing.

        1. saturngod says:

          in where ? my blog is using unicode.

          1. Thein Htike Aung says:

            Sorry I look only for my want. I mean dictionary excel file.

          2. saturngod says:

            it’s zawgyi.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.