Sar Writer iOS app that support Zawgyi Hardware Keyboard

sar logo

Sar Writer app က အရင်က Aloe Writer ဆိုပြီး ပေးထားတာပါ။ သို့ပေမယ့် ကို သက်ထွေး ၊ ကိုညီလင်းဆက် တို့က Aloe ကို အသံထွက်ပြလိုက်တာ နာမည်ပြောင်းပြီး Sar ဆိုပြီး ဖြစ်သွားတာပါ။ Aloe ဆိုတာက သျှားစောင်းလက်ပတ် အပင်ကို တွေ့ပြီး သဘောကျတာနဲ့ ပေးမိတဲ့ နာမည်ပါ။ ကိုယ့်ဘာသာ ကိုယ် နာမည်ပေးတုန်းကတော့ သူတို့ ပြောသလို အသံထွက် မထွက်မိတာ အမှန်ပဲ။ ကိုသက်ထွေး ပြောမှပဲ ဟာ ဟုတ်တာပဲ ဆိုပြီး တင်ထားတဲ့ App ကို Reject ပြန်လုပ်။ နာမည် အသစ်နဲ့ ပြန်တင်ခဲ့တာပါ။

Sar ဆိုတာကတော့ မြန်မာစာ ရိုက်ဖို့ အတွက် သီးသန့် ဖန်တီးထားတာပါ။ Virtual Keyboard ကို ထည့်သွင်းထားပေမယ့် တကယ် စာရိုက်တဲ့ သူတွေက Hardware Keyboard ကို အသုံးပြုကြပါတယ်။ လမ်းသွားလမ်းမှာ စာရိုက်ချင်တဲ့ အခါ virtual keyboard ကို အသုံးပြုပေမယ့် အိမ်မှာဆိုရင်တော့ Hardware keyboard ကို အသုံးပြုပြီး iPad နဲ့ ရိုက်ရတာ ပိုအဆင်ပြေပါမယ်။ တစ်ခါတစ်လေ Computer မဖွင့်ချင်ပဲ iPad နဲ့ blog လေးတွေ ရေးချင်တဲ့ အခါ ရှိမှာပေါ့။ အဲဒီလိုမျိုး ပြဿနာလေးတွေရှိလို့ ကျွန်တော်ကိုယ်တိုင် သုံးဖို့အတွက် Sar Writer App ကို ဖန်တီးလိုက်တာပါ။

Sar Writer App ကို ညဘက်တွေ အိပ်ရေးပျက်ခံပြီးတော့ ၁ လ ကျော်လောက် ရေးလိုက်ရတယ်။ Sar Writer App မှာ

  • Hardware keyboard နဲ့ စာရေးလို့ရတယ်။
  • Virtual Hardware Keyboard ကို ထည့်သွင်းထားပေးတယ်။
  • Hardware ကတော့ ဇော်ဂျီ လက်ကွက်ပါပဲ။ virtual keyboard ကတော့ ဇော်ဂျီနဲ့ အနီးစပ်ဆုံး တူအောင် လုပ်ထားပေးတယ်။
  • Document ကို iTunes ကနေ ပြန်ယူလို့ရတယ်။
  • iCloud နဲ့လည်း အသုံးပြုနိုင်တယ်။
  • Air Print printer ရှိရင် တစ်ခါတည်း print ထုတ်လို့ရပါတယ်။
  • Unicode နဲ့ blog ရေးတဲ့သူတွေ အတွက် Unicode ပြောင်းပြီး copy လုပ်လို့ရအောင် ဖန်တီးထားပေးတယ်။

App ရဲ့ နောက် version အတွက် To Do list ကိုတော့ https://trello.com/board/sar-writer-ios-app/4fec3e8431b5a2a724e147c9 မှာ ကြည့်နိုင်တယ်။ ကျွန်တော့်အနေနဲ့ Dropbox support လုပ်ဖို့ အရင်ဆုံး ရေးပါအုံးမယ်။

အခုတော့ $0.99 နဲ့ ရောင်းနေပါတယ်။ နောက် အပတ်မှာတော့ $1.99 နဲ့ ရောင်းချပါမယ်။ အသုံးပြုရတာ အဆင်မပြေတာ သို့မဟုတ် ပြဿနာတွေ ရှိရင် https://comquas.desk.com/ မှာ email နဲ့ သို့မဟုတ် public question တင်ပြီး မေးလို့ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.