Steve Jobs , My Hero

ဒီနေ့ မနက်နိုးနိုးခြင်း စိတ်ကူးပေါက်တာနဲ့ twitter ကို စစ်ကြည့်လိုက်တယ်။ နိုးနိုးခြင်းမှာ မြင်လိုက်ရတဲ့ message ကို မယုံနိုင်လိုက်ဘူး။ Hoax news ထင်ပြီး google မှာ ချက်ခြင်းကို ရှာကြည့်လိုက်တယ်။ လက်မခံနိုင်လောက်အောင်ကို သတင်းက အမှန်ဖြစ်နေတယ်။ CNN မှာလည်း ဖော်ပြထားတယ်ဆိုတော့ ပြောစရာ စကားလုံးတောင် မရှိတော့ဘူး။ Twitter တစ်ခုလုံးလည်း Steve Jobs အကြောင်းတွေပဲ။ facebook မှာလည်း Steve Jobs အကြောင်းတွေပဲ။

သတင်းသေချာသွားပြီ ဆိုတာကို သိလိုက်တုန်းက ကိုယ့်ဆွေမျိုးတစ်ယောက် ဆုံးရှုံးသွားသလို။ ကိုယ်နဲ့ နှစ်ပေါင်းများစွာ အတူတူ တွဲလုပ်ခဲ့တဲ့ လူတစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစားရတယ်။ ဘာ သွေးသားမှ မတော်စပ်တဲ့ ကျွန်တော်တောင် နာကျင် ကြေကွဲရရင် သူ့မိသားစုဆို ဘယ်လောက် ဝမ်းနည်း လေမလဲ လို့ စဉ်းစားမိတယ်။ သူနဲ့ အတူတူတ တွဲလုပ်နေတဲ့သူတွေ ဘယ်လောက် စိတ်ထိခိုက်ကုန်မလဲ တွေးမိတယ်။ မနက်ကတည်းကနေ အခုအချိန်မှာ တစ်စိမ့်စိမ့်ကြေကွဲ နေတုန်းပဲ။


Steve Jobs ဆုံးသွားတော့ တစ်ချို့ အချက်တွေကို သတိပြုမိလိုက်တယ်။ လူတော်ပဲ ဖြစ်ဖြစ် လူညံ့ပဲ ဖြစ်ဖြစ် ဘယ်သူမဆို သေရမှာပဲ။ မေ့နေတာကြာပြီဖြစ်တဲ့ လူဆိုတာ သေဖို့ မွေးဖွားလာတယ်ဆိုတာကို သတိပြုမိသွားတယ်။ ဘယ်လောက်ပဲ အောင်မြင်မြင် ဘယ်လောက်ပဲ ဆုံးရှုံးရှုံး သေသွားတဲ့ အခါမှာ ဘာမှ သယ်မသွားနိုင်ဘူး။ သို့ပေမယ့် သေသွားတဲ့ အခါမှာ သူ့တန်ဖိုးကို ဆုံးဖြတ်ပေးတယ်။ မိသားစု ပေါ်မှာ ကောင်းမွန်တဲ့ သူ ဆုံးရှုံးသွားရင် တစ်မိသားစုလုံး ဝမ်းနည်းကြေကွဲကြတယ်။ လူမျိုး တစ်စု အပေါ် ကောင်းမွန်တဲ့ သူဆိုရင် လူမျိုးတစ်စု လုံး ဝမ်းနည်းကြတယ်။ နိုင်ငံတစ်ခု အပေါ် ကောင်းတဲ့သူဆို နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုပဲ။ သို့ပေမယ့် Steve လိုမျိုး ကမ္ဘာကြီး ပြောင်းလဲအောင် ဖန်တီးခဲ့တဲ့သူ ဆုံးရှုံးသွားတော့ တစ်ကမ္ဘာလုံး ဝမ်းနည်းကြတယ်။

အာဏာတွေက မတည်မြဲဘူး။ ငွေကြေးတွေကလည်း သေရင် ကိုယ့်နောက်မပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးက သူရှင်သန်နေတုန်းက ဘာတွေ လုပ်ခဲ့သွားသလဲဆိုတာ ပေါ်မှာ မူတည်တယ်။ သူရှင်သန်နေချိန်မှာ သူ့လုပ်ဆောင်ချက်တွေက သူ့တန်ဖိုးတွေပဲ။ ဒါတွေကို သူမရှိတော့တဲ့ အချိန်မှာ လူတွေက ဆုံးဖြတ်ပေးကြလိမ့်မယ်။ Steve ကို ဘယ်လိုပဲ ပြောကြပြောကြ နောက်ဆုံး သူ ဆုံး သွားချိန်မှာတော့ ကမ္ဘာအတွက် ပါရမီရှင် တစ်ယောက် လျော့သွားတယ်ဆိုတာကိုတော့ ဝန်ခံရလိမ့်မယ်။

Smart Phone လောက ကို ပြောင်းလဲခဲ့သူ။ Tablet လောကကို ရှင်သန်စေခဲ့သူ။ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်တဲ့ သူတစ်ယောက်။ သေချာပါတယ်။ သူ့မိသားစုတွေ ပြောသလို သူ ငြိမ်းချမ်းစွာနဲ့ ထွက်ခွာသွားခဲ့တယ်ဆိုတာ ယုံကြည်ပါတယ်။

သူ

သူ့ကို မမြင်ဖူးဘူး
သူ့နဲ့ စကားမပြောဖူးဘူး
သူ့အသံ
သူ့လေဟန်
သူ့အပြောတွေနဲ့ ရင်းနှီးခဲ့တယ်။

သူ့အကြောင်းတွေကို ဖတ်ဖူးခဲ့တယ်။
သူ့အကြောင်း video ကြည့်ခဲ့ဖူးတယ်။

သူပြောတဲ့စကားတွေကို သဘောကျခဲ့တယ်။
သူ့ တွေးခေါ်မှုတွေ
သူ့ ကြံဆမှုတွေ လေးစားခဲ့ရတယ်။

သူသေသွားပြီ။
သူဖွားသော မြေ
တိုးတက်ခဲ့သည်။

သူစခဲ့သည့် နေရာ
ပြန်ရှင်သန်ခဲ့သည်။

သူပျော်မွေ့ရာ နည်းပညာ
ပြောင်းလဲခဲ့သည်။

iSaid, iSad
ကောင်းရာသုဂတိလားပါစေ

Steve Jobs အကြောင်းတွေကို http://allaboutstevejobs.com/ မှာ သွားရောက် ဖတ်နိုင်သလို သူ့ presentation တွေလည်း ကြည့်နိုင်ပါတယ်။

5 Comments

  1. aungkyawthu says:

    It was great lost for the new era. I am sure that even he passed away his name will be alive forever. There is no one like him for the new creation. My heart would be going with him.

  2. 99poison says:

    So sad for Steve Jobs :-(

  3. K says:

    Rest In Pease, Steve. Apple will shine forever.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.