Why Twitter bought posterous

Posterous ကို twitter ((http://blog.twitter.com/2012/03/welcoming-posterous-team-to-flock.html)) ဝယ်လိုက်တယ်ဆိုတဲ့ သတင်းကြားတော့ တော်တော်လေးကို အံဩသွားတယ်။ twitter အနေနဲ့ posterous blog ကို ဝယ်ဖို့ အကြောင်းက သိပ်မရှိလှဘူး။ micro blog ကို ဝယ်ချင်တာဆိုရင် posterous ထက်စာရင် tumblr ကို ပိုပြီး ဝယ်သင့်တယ်လို့တောင် ထင်မိတယ်။

ဒါနဲ့ internet မှာ ရှာဖတ်ကြည့်လိုက်တော့မှပဲ posterous blog site ထက် posterous team ကို လိုချင်လို့ ဝယ်လိုက်တာလို့ ဆိုရပါလိမ့်မယ်။ posterous team မှာ တကယ့်ကို တော်တဲ့ လူတွေ အများကြီးရှိပါတယ်။ small group ဆိုပေမယ့် သူတို့ရဲ့ history တွေ ဖတ်ကြည့်လိုက်တော့ အံဩမိတယ်။ CEO လည်းဟုတ် founder လည်း ဟုတ်တဲ့ Sachin Agrwal ဆိုရင် coding ပိုင်းမှာပါ တော်တဲ့ CEO တစ်ယောက်ပါပဲ။ Posterous team က twitter ဆီမှာ အလုပ်လုပ်ရင် နောက်ပိုင်း twitter နဲ့ Apple’iOS , OS X တွေမှာ ပိုပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာကိုတော့ သံသယ ရှိစရာမလိုပါဘူး။ ဘာကြောင့်လည်းဆိုောတ့ posterous team ရဲ့ history ကို ကြည့်လိုက်ရင် သိပါလိမ့်မယ်။

Sachin Agarwal

လက်ရှိ အခြေအနေ : Product Manager at Twitter ((http://www.linkedin.com/profile/view?id=2385420))

အခုမတိုင်ခင် အခြေအနေ : Posterous မှာ Founder နှင့် CEO တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ Computer Science ကို Standford ကို ရခဲ့ပါတယ်။ Apple မှာ ၆ နှစ်နီးပါးလောက် အလုပ်လုပ်ခဲ့ပြီးတော့ “senior softare engineer” အဆင့်ထိ ရောက်ခဲံပါတယ်။ “Final Cut Pro” ရဲ့ designed နဲ့ playback system ကို တည်ဆောက်ပေးခဲ့ပါတယ်။ နောက်ပြီးတော့ real-tim effects ကိုလည်း ထည့်သွင်းခဲ့ပါသေးတယ်။ Posterous သက်တမ်း ၂ နှစ်လောက် တည်ထောင်ခဲ့ပြီးတော့ $10 million venture cash ကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။

သူဘာတွေ ဝါသနာပါလဲ : 2008 က သူ့ blog http://sachin.posterous.com/ မှာ ရေးသားချက်အရ သူ့ရဲ့ ချစ်သူနဲ့ တွေ့ခဲ့ပြီးတော့ California ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ blog ရေးရတာနဲ့ ဓာတ်ပုံရိုက်ရတာကို သဘောကျပါတယ်။ ဒါကြောင့် posterous ကို တည်ဆောက်ဖြစ်ခဲ့တယ်ဆိုလည်း မမှားပါဘူး။ technorati က မေးထားတဲ့ သူ့ရဲ့ interview ကိုတော့ http://technoratimedia.com/2012/02/igniting-social-media-technorati-interview-with-sachin-agarwal-ceo-of-posterous/ ဒီမှာ ကြည့်နိုင်ပါတယ်။

Twitter က ဘာကြောင့် လိုချင်ရတာလဲ : Sachin ဟာ coding ရေးရတာ သဘောကျတဲ့ CEO တစ်ယောက်ပါ။ နောက်ပြီးတော့ photos, iPhone တွေကို သဘောကျပြီးတော့ Apple မှာ သူ video နဲ့ ပတ်သက်တာတွေကို လုပ်ခဲ့ပါတယ်။ သူ့ရဲ့ blog မှာ ((http://sachin.posterous.com/twitter))

Apple and Twitter have a lot in common: a great sense of product and design, amazing leadership, phenomenal growth, and a great culture. Of all the places I could imagine working, Twitter ranks the highest. (Think about how much I would hate working at Google!)

အဲလို မျိုး ရေးထားတာလေးရှိပါတယ်။ Apple က twitter နဲ့ system ပိုင်းအထိ ချိတ်ဆက်လာပါပြီ။ Social network မှာ Apple က twitter နဲ့ ပူးပေါင်းထားတယ်လို့ ဆိုရပါတယ်။ Sachin ကို twitter မှာ အလုပ်လုပ်ဖို့ အတွက် ခေါ်ယူလိုက်တာဟာ သူ့ရဲ့ အတွေ့အကြုံအရ video အပြင် microblogs sharing တွေအတွက်ပါ ဖြစ်နိုင်ချေတွေ ရှိပါတယ်။

Brian Frank နဲ့ Adam Huda အကြောင်းိကုတော့ မနက်ဖြန်မှပဲ ဆက်ရေးပါတော့မယ်။

3 Comments

  1. Htetagkh says:

    singapore မှာ CCNA အလုပ်ပေါလား အကို။web developer နဲ့လစာဘယ်သူမိုများလဲ :D

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.