Yangon Townships GeoJSON

အခု နောက်ဆုံး Yangon Map Offline Version 1.2.2 မှာ offline search အပိုင်းကို ရှာတဲ့အခါမှာ မြို့နယ် အနေနဲ့ group လုပ်ပြီး ရှာထားပါတယ်။ ဒါကြောင့် နာမည်ထပ်နေတဲ့ လမ်းတွေ ဒါမှမဟုတ် လမ်းမ အရှည်တွေကို မြို့နယ် အလိုက် search result မှာ တွေ့နိုင်ပါတယ်။ နာမည်တူနေပေမယ့် မြို့နယ် မတူတာကြောင့် အရင်ကလို တစ်ခုတည်း ပြတာ မဟုတ်ပဲ မြို့နယ်မတူရင် search result ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီလိုမျိုး ရှာနိုင်အောင် ပထမဆုံး ကျွန်တော် Yangon Townships GeoJSON ကို ဖန်တီးခဲ့ရပါတယ်။ ၁၄ ရက် အတွင်းမှာတော့ ရန်ကုန် စည်ပင် နယ်နမိတ် မှာ ပါဝင်တဲ့ မြို့နယ်တွေ အားလုံး ထည့်သွင်းလို့ ပြီးပါတယ်။
Yangon Townships GeoJSON ကို update လုပ်နေတုန်းက မြို့နယ် ၅ ခုလောက် ကို ကူညီဖြည့်ပေးသွားတဲ့ Yemaw ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ Yemaw ရဲ့ အကူအညီ မပါဘူးဆိုရင်တော့ ၁၄ ရက် အတွင်းမှာ အကုန်ပြီးမှာ မဟုတ်ပါဘူး။ မြို့နယ် နယ်နမိတ် data တွေကို ရန်ကုန် စည်ပင် ရဲ့ website ကနေ ရယူထားပါတယ်။ Website ပေါ်မှာတော့ ဓာတ်ပုံအနေနဲ့တာ မြို့နယ်တွေ ရှိတဲ့အတွက် calculation လုပ်တာတွေ query လုပ်တာတွေ ဖန်တီးလို့မရပါဘူး။ ဒါကြောင့် ကျွန်တော် geojson နဲ့ ဖန်တီးခဲ့ပါတယ်။

GeoJSON အတွက် http://geojson.io ကို အသုံးပြုပြီးတော့ Polygon တွေ ရေးဆွဲပြီးတော့ မြို့နယ်တွေ ကို သတ်မှတ်ပါတယ်။ အကုန်လုံးပြီးသွားတဲ့ အခါမှာတော့ PostGIS ထဲကို ထည့်ချလိုက်တယ်။ ပြီးတော့ python ကို အသုံးပြုပြီး လက်ရှိ search database က latitude, longitude ပေါ်မှာ မူတည်ပြီး ဘယ်မြို့နယ်လည်း ဆိုတာကို update လုပ်လိုက်တယ်။ ဒါကြောင့် ရှာတဲ့အခါမှာတော့ မြို့နယ်နဲ့ group လုပ်ပြီး ရှာတဲ့အခါမှာတော့ အရင်ကထက် ပိုပြီး တိကျတဲ့ data ထွက်လာပါတယ်။

နောက်ပြီးတော့ Web API ပါ ရအောင် Yangon Townships GeoJSON ကို အသုံးပြုပြီးတော့ cartodb ထဲကို ကျွန်တော်ထည့်ချလိုက်တယ်။ ပြီးတော့ အောက်ကလို query နဲ့ ရှာလို့ရပါတယ်။

SELECT name FROM YANGON WHERE ST_Intersects (the_geom,CDB_LatLng(16.812093,96.144276))

HTTP GET နဲ့ ခေါ်မယ်ဆိုရင်တော့

https://saturngod.cartodb.com/api/v2/sql?q=SELECT name FROM YANGON WHERE ST_Intersects (the_geom,CDB_LatLng(16.812093,96.144276))

16.812093 ကတော့ latitude ဖြစ်ပြီးတော့ 96.144276 ကတော့ longitude ဖြစ်ပါတယ်။ jQuery နဲ့ ရေးထားတဲ့ Example code ကိုတော့ JSFiddle မှာ ကြည့်နိုင်ပါတယ်။

Yangon Townships GeoJSON က professional တွေ ဖန်တီးထားတာမဟုတ်တဲ့ အတွက်ကြောင့် အတိအကျကြီး မြန်ပါတယ်လို့တော့ အာမ မခံ ပါဘူး။ သို့ပေမယ့် Open Database License (Odbl) ဖြစ်တာကြောင့် မည်သူမဆို အသုံးပြုနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.