Apple TV 4

Apple TV 4 ကို Apple စ မိတ်ဆက် ကတည်းက မဖြစ်မနေ ဝယ်ဖြစ်အောင် ဝယ်မယ်ဆိုတဲ့ စာရင်းထဲမှာ ပါခဲ့ပါတယ်။ Apple TV 4 ကို ၃ နှစ် နီးပါးလောက် စောင့်ခဲ့ရတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက Apple TV အသစ်ထွက်မယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် တကယ်တန်း ထွက်လာဖို့ အတော်လေးကို ကြာမြင့်ခဲ့တယ်။

appletv

Apple TV အသစ်မှာ အရင်ကနဲ့ မတူတာကတော့ Siri နဲ့ App ပါပဲ။ သို့ပေမယ့် Siri feature က စင်္ကာပူမှာ မရသည့်အတွက် ဈေးနှုန်းခြင်း တူပေမယ့် ရတဲ့ service ခြင်း ကွာခြားလှတယ်ဆိုရမယ်။ US store မှာ App တွေကို Categories နဲ့ ပါဝင်လာပေမယ့် စင်္ကာပူ TV App Store မှာတော့ categories တွေ မပါဝင်သေးပါဘူး။

Air Play

Apple TV ကို အဓိက လိုချင်တဲ့ အချက်ကတော့ Google Chromecast နဲ့ video ကြည့်ရတာ အဆင်မပြေလို့ပါ။ Google Chromecast နဲ့ ကြည့်တဲ့ အခါမှာ router နဲ့ TV ဝေးနေတာကြောင့် streamming က ကောင်းကောင်းလုပ်မရပါဘူး။ Computer , laptop , phone တွေက internet ကောင်းကောင်း ရပေမယ့် google chromecast က connection stable လုံးဝ မဖြစ်ဘူး။ နောက်ပြီးတော့ downloaded ချထားတဲ့ video ကို streaming လုပ်ရတာ လုံးဝ ကို အဆင်မပြေလှဘူး။ router နဲ့ နီးနီး နားနား ထားပြီး စမ်းရင် အဆင်ပြေပေမယ့် ဝေးတဲ့ အခါမှာတော့ အတော်လေးကို ကသိကအောက် ဖြစ်လောက်အောင် ဆိုးရွားလှပါတယ်။ ဒါကြောင့် Air Play ပဲ သုံးမယ်ဆိုပြီး စဉ်းစားထားပေမယ့် Apple TV အသစ်ကို စောင့်နေတာနဲ့ အတော့်ကို ကြာသွားပါတယ်။ Apple TV အသစ်မှာတော့ network cable တိုက်ရိုက်ချိတ်လို့ရတာ အပြင် wifi connection က အတော်လေးကို stable ဖြစ်တဲ့အတွက်ကြောင့် iPad ကနေ Air Play နဲ့ ကြည့်တာ ဖြစ်ဖြစ် iTunes က video ကို ကြည့်တာ ဖြစ်ဖြစ် အတော်လေးကို အဆင်ပြေပါတယ်။

Games

Apple TV အသစ်မှာ အဓိက လိုအပ်ချက်ကတော့ Apps ပါပဲ။ လက်ရှိ ရှိတဲ့ games တွေက controller မလိုအပ်ပဲ ဆော့နိုင်တဲ့ game တွေပါ။ တချို့ game တွေ ဆိုရင် controller မသုံးပဲ ဆော့တာ ပိုပြီးလို့ တောင် အဆင်ပြေပါသေးတယ်။ ကျွန်တော်မျှော်လင့်ထားတဲ့ game တွေ ဖြစ်တဲ့ Fifia , Shadowgun , Samurai Vengeance စတဲ့ game ကောင်းကောင်းလေးတွေ မရှိပါဘူး။ နောက်ပြီးတော့ game တွေ အားလုံးဟာ game controller ဟာ optional ဖြစ်တဲ့ အတွက်ကြောင့် game ကောင်းကောင်းလေးတွေ ထွက်လာဖို့ကို လုံးဝ အဟန့်အတား ဖြစ်စေတာတော့ အမှန်ပါပဲ။ game တစ်ခု ဖန်တီးဖို့အတွက် controller အပြင် apple tv remote အတွက်ပါ ထပ်ပြီးတော့ ရေးရပါမယ်။ Controller မှာ ခလုတ် ၈ ခု လောက် ထိ အသုံးပြုနိုင်ပေမယ့် remote မှာတော့ ခလုတ်က 3 ခု လောက် တာ အသုံးပြုနိုင်တဲ့ အတွက် ရရှိနိုင်တဲ့ game feature က တကယ့်ကို ကွာတဲ့ အတွက် game developer တွေ အတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒါပေမယ့် Guitar Hero အတွက်ကတော့ Bluetooth guitar ကို မဖြစ်မနေ ဝယ်ခိုင်းပြီး remote နဲ့ ဆော့လို့ မရပါဘူး လို့ ဆိုပေမယ့်။ သို့ပေမယ့် Xbox , Playstation နဲ့ မတူတဲ့ game feature တွေ ရလာနိုင်ပါတယ်။ Wii လိုမျိုး remote ရယ် နောက်ပြီးတော့ touch interface ကြောင့် မတူညီတဲ့ game idea အသစ်တွေ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

game

လက်ရှိ ရှိနေတဲ့ Game တွေ ထဲမှာတော့ Asphalt 8 , Alto’s Adventure , Oceanhorn , Jetpack Joyride က လွဲပြီး တခြား စွဲမက် စရာ game ကျွန်တော့် အတွက်ကတော့ မရှိလှပါဘူး။ အခုတော့ အဲဒီ game ၄ ခု ကိုပဲ လှည့်ပတ် ဆော့ဖြစ်နေတယ်။ Game စာရင်းကိုတော့ Afterpad မှာ သွားပြီးတော့ ကြည့်နိုင်ပါတယ်။

Development

Apple TV ရတော့ မြန်မာလိုင်းတွေ ကြည့်လို့ ရအောင် ဆိုပြီး ကိုယ့်ဘာသာ ကိုယ် App တစ်ခု ကို ရေးကြည့်တဲ့ အခါမှာတော့ iOS အတိုင်းပဲ အတော့်ကို လွယ်ပါတယ်။ အဓိက ပြဿနာကတော့ focus engine ပါပဲ။ Airbnb က ရေးထားတဲ့ Mastering the tvOS Focus Engine နဲ့ TVOS TUTORIAL: MAKE A VIDEO APP IN SWIFT က အတော်လေးကို အကူအညီ ဖြစ်ပါတယ်။ သို့ပေမယ့် App က Apple TV က copy right ကြောင့် ခွင့်မပြုပါဘူး။ ကျွန်တော့် အနေနဲ့ MRTV 4, Skynet ,DVB စတဲ့ channel တွေကနေ copyright ခွင့်ပြုချက်ကို တင်ပြနိုင်မှာသာ ခွင့်ပြုမယ်လို့ ဆိုပါတယ်။ ဒါကြောင့် App ကိုတော့ ကိုယ့်တစ်ယောက်တည်း အတွက်သာ အသုံးပြုဖြစ်နေတယ်လို့ ဆိုရမှာပဲ။

myanmar tv

တကယ်လို့ နောင်တချိန် ခွင့်ပြုချက် ရခဲ့ရင်တော့ App ကို App Store ပေါ်မှာ တင်နိုင်အောင် ဒါမှမဟုတ် Apple TV ရယ် Mac OS X ရှိတဲ့ သူတွေ အတွက် source code ကနေ build လုပ်လို့ ရအောင် github မှာ ဖြစ်ဖြစ် တင်ပေးဖို့တော့ အစီအစဉ် ရှိပါတယ်။

Should I buy ?

Apple fun ဆိုရင်တော့ ဒီမေးခွန်းက မေးနေစရာ မလိုတော့ပါဘူး။ သို့ပေမယ့် သင်ဟာ gamer တစ်ယောက် ဖြစ်နေရင်တော့ Apple TV က အလွန်ကို စိတ်ပျက်စရာ ကောင်းပါလိမ့်မယ်။ အစက XBox 360 တောင် မလိုတော့ဘူးလို့ ထင်ထားပေမယ့် game အရေအတွက်နဲ့ quality က အခုအချိန်မှာ PS 3, XBox 360 ကိုတောင် မယှဉ်နိုင်သေးပါဘူး။

iPad ကနေ download ချထားတဲ့ video တွေ ကြည့်မယ့် တခြား channel တွေကို online ကနေ ကြည့်ချင်တယ်ဆိုရင်တော့ Apple TV 4 က အဆင်ပြေပါတယ်။ တဖြည်းဖြည်း Free TV Channel တွေဟာ Apple TV အတွက် ရလာတာကို တွေ့ရပါတယ်။ မကြာခင်မှာ channel တော်တော်များများဟာ Apple TV မှာ App အဖြစ်နဲ့ မြင်တွေ့နိုင်ပါလိမ့်မယ်။

2 Comments

  1. Naw Naw says:

    Have you uploaded Myanmar Channel source code?

    1. saturngod says:

      No. MRTV-4 cannot support anymore. I lost the source code , too. Let me find back my code in old hard disk. If I found out, I will upload at github.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.