Developer Focus ?

Developer Tool တွေကို ဝယ်သုံးလား ? ဝယ်ထားတဲ့ Tool တွေကော သုံးဖြစ်သလား ? ကျွန်တော်ကတော့ ဝယ်သုံးတယ်။ သို့ပေမယ့် အများအားဖြင့် Free နဲ့ opensource တွေကို အရင် ရှာတတ်ပါတယ်။ Adobe က Creative Cloud ဖြစ်သွားပြီး subscription model ကို သွားနေပါပြီ။ ကျွန်တော်ကတော့ subscription model ကို မကြိုက်လှဘူး။ လစဉ် ထုတ်တဲ့ magazine , hosting စတာတွေအတွက် subscription လုပ်ပေမယ့် software အတွက်တော့ subscription လုပ်ရတာ မတန်ဘူးထင်တယ်။

Developer တော်တော်များများက ပိုက်ဆံပေးပြီး မသုံးချင်ကြတာတော့ အမှန်ပါ။ subscription လည်း သိပ်မကြိုက်လှဘူး။ အသစ်တွေ ဖန်တီးရတာ ကြိုက်တယ်။ opensource တွေကို သုံးရတာကြိုက်တယ်။ source code ကနေ ကိုယ့်ဘာသာကိုယ် compile လုပ်ပြီး သုံးရတာ ကြိုက်တယ်။ တကယ်လို့ App က တကယ်ကောင်းပြီး ကိုယ့်ဘာသာလည်း မရေးနိုင် ၊ နောက်ပြီးတော့ alternative တွေကိုလည်း မသုံးချင်ရင်တော့ ဝယ်သုံးဖြစ်ပါတယ်။ အခုတော့ sublime text 2 free version , Textastic ကို App Store က ဝယ်ထားပြီးတော့ textmate 2 ပါ သုံးတယ်။ Sublime Text 2 က ဝယ်မယ်ဆိုရင် US$ 70 လောက် ပေးရမယ်။ US$ 30 လောက်က ဝယ်လိုက်ဖို့ သင့်တယ်။ အခု US$ 70 ကတော့ များလွန်းလှတယ်။ Sublime Text က မြန်မာစာ မရတာ တော်တော်ဆိုးပါတယ်။ Unicode လည်း မရသလို ဇော်ဂျီလည်း ကောင်းကောင်း မပေါ်ဘူး။ ဒါကြောင့် မြန်မာစာ အသုံးပြုပြီးရေးမယ့် code တွေကို Textmate နဲ့ သုံးဖြစ်တယ်။ ဝယ်ထားတဲ့ Textastic ကတော့ markdown နဲ့ blog ရေးပြီး icloud မှာ save လုပ်တာလောက်ပဲ အသုံးဝင်တယ်။ Textastic အဓိက ပြဿနာက folder တစ်ခုလုံး ဖွင့်မရဘူး။ file တစ်ခု ခြင်းစီပဲ ဖွင့်လို့ရတယ်။ sublime text 2 နဲ့ ပဲ ယှဉ်ယှဉ် textmate 2 နဲ့ပဲ ယှဉ်ယှဉ် မကောင်းသေးတာတော့ အမှန်ပဲ။

Parse , stackmob စတဲ့ backend storage တွေက အခုအချိန်မှာ အရမ်းကို popular ဖြစ်နေတယ်။ သို့ပေမယ့် လစဉ် ပေးပြီး သုံးရမယ်ဆိုရင် လက်တွန့်တာ အမှန်ပဲ။ Parse ကတော့ Facebook က ဝယ်လိုက်ပြီ။ တကယ်လို့ facebook က parse ကို ဆက်မလုပ်တော့ဘူးဆိုရင် ရေးထားတဲ့ code တွေက ပြဿနာဖြစ်ပြီ။ အစကနေ system တစ်ခုလုံး ပြန်ရေးရမယ့် ပုံစံ ဖြစ်သွားမယ်။ facebook ကတော့ parse ကို ဆက် run ထားမယ်ထင်ပါတယ်။ backend storage ပြဿနာက developer က မယုံကြည်တာပဲ။ parse က free ပေးထားတာကြောင့် စမ်းသုံးရတာ ပြဿနာ မရှိပေမယ့် တကယ်လို့ လပေးသုံးမယ်ဆိုရင် အများကြီး စဉ်းစားရတယ်။ Developer မရှိရင် Developer focus ထားတဲ့ product က ရပ်တည်ရခက်တယ်။ Product က အခုမှ စကာစဆိုရင် Developer ရဲ့ ယုံကြည်မှု ရဖို့ ခက်တယ်။ ကြက်ဥ နဲ့ ကြက်မ ပြဿနာ ပါပဲ။ Parse ကတော့ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ Requests 1 million/month , Pushes 1 million/month , Burst Limit 20/second ကို Free ပေးထားတယ်။ ၁ လကို 1 million request ရှိတဲ့ App ဆိုရင်တော့ investor ရှာဖို့လွယ်သွားပြီဖြစ်တဲ့အတွက် ၁ လ $199 ပေးဖို့ နှမြောစရာ အကြောင်း မဟုတ်တော့ဘူး။ Developer တွေဟာ ကိုယ်တိုင်ရေးတဲ့ app မှ စိတ်တိုင်းကျတတ်တယ်။ parse ထွက်လာတုန်းကလည်း alternative တွေ ထွက်လာသေးတယ်။ Parse လိုမျိုး ကိုယ်ပိုင် self host အတွက် helios ကို အသုံးပြုနိုင်တယ်။ Tool တစ်ခုဝယ်ပြီဆိုရင် ကိုယ့်အတွက်က ပြဿနာ မရှိပေမယ့် Company apps တွေ ဆိုရင် ပြဿနာပဲ။ Service တစ်ခုခု ကို subscribe လုပ်ပြီးပေးရမယ်ဆိုတာမျိုး company အနေနဲ့ ကြည့်ရင် self host မဖြစ်နိုင်ဘူးလား။ ဘာလို့ မဖြစ်နိုင်တာလည်း။ ဘယ်လောက်ထိ ယုံကြည်မှုရှိမှာလဲ။ Data တွေ loss ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ စတဲ့ မေးခွန်းတွေကို ဖြေဖို့ အရင်ဆုံး ပြင်ထားရလိမ့်မယ်။

iOS 4 မရှိတော့တဲ့အတွက် iOS 4 support လုပ်မလုပ် စမ်းဖို့အတွက် delpoymate ကို ဝယ်ခဲ့သေးတယ်။ သို့ပေမယ့် ထင်သလောက် အသုံးမဝင်လှဘူး။ ၂ ခါ ၃ ခါ လောက်သုံးပြီး အသုံးမဝင်တာနဲ့ ဆက်ပြီး မသုံးဖြစ်ဘူး။ Developer တွေက သာမာန် end user တွေနဲ့ မတူဘူး။ နောက်ပြီး developer အရေအတွက်က end user အရေအတွက်ထက်နည်းတယ်။ Developer တွေက တကယ်အသုံးဝင်ပြီး ကိုယ်တိုင် မဖန်တီးနိုင် ဒါမှမဟုတ် ဖန်တီးဖို့အချိန်မရှိတဲ့ အခါမှ မဖြစ်မနေ subscribe သို့မဟုတ် ဝယ်သုံးကြတယ်။ ပုံမှန်အားဖြင့်တော့ alternative ရှာတယ်။ self host ရှိလားရှာတယ်။ development ပိုင်းကို တကယ် အထောက်အကူပြုမှပဲ ဝယ်သုံးကြတယ်။ compile လုပ်တာကို ကြောက်တဲ့ developer ဆိုတာ ရှားပါတယ်။ ကိုယ့်ဘာသာကိုယ် compile လုပ်။ မရရင် online မှာ ရှာ။ မေး။ စတာတွေကို လုပ်လေ့ရှိတာကြောင့် Develoepr Focus App တွေက ပုံမှန် ထက် ရောင်းရခက်တယ်။ အခုဆိုရင် Mac မှာ Text Editor အနေနဲ့ Textastic , Chocolate , Coda , Espresso , TextMate 2 စတဲ့ Text Editor တွေ အများကြီးရှိတယ်။ ရွေးစရာ အများကြီး ရှိနေတာတောင် အသစ်အသစ်တွေက ထွက်လာနေဆဲပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တိုင်ရေးပြီး သုံးရတာကိုမှ စိတ်ကျေနပ်တတ်ကြလို့ပဲ။ သို့ပေမယ့် Apple Developer Account , Google Play Store Account တို့လိုမျိုးအတွက်တော့ ပိုက်ဆံ မနှမြောတတ်ကြဘူး။ ဒါ့အပြင် အချို့ Developer တွေက လပေး Magazine တွေ ဖတ်ကြတယ်။ Knowledge တိုးဖို့အတွက် ပိုက်ဆံ ကို မနှမြောကြဘူး။ ခဏခဏ ပြောင်းလဲနေတဲ့ နည်းပညာလောက မှာ အမှီလိုက်ရမယ်ဆိုတာကို အကုန်လုံး သိကြပါတယ်။

ကျွန်တော် App Development အတွက် သုံးဖြစ်တဲ့ App တွေက

  • Sketch 2 (Bought from App Store)
  • Pixelmator (Bought from App Store)
  • Textasitc (Bought from App Store)
  • Textmate 2 (http://macromates.com/download)
  • Sublimte Text 2 (Free version)
  • Delpoymate (Bought it but didn’t use)
  • Intellij Idea 12 (Community Edition)
  • Xcode (Free Download from App Store)
  • Source Tree (Free Download)
  • Firefox SQLite Manager addon (Free)

တကယ်တန်းကျတော့ လစဉ်ပေးဆိုတာထက် တစ်ခါတည်းပေးကို သဘောကျတယ်။ ဈေးလည်း သက်သာဖို့တော့ လိုတာပေါ့။ ဥပမာ။။ App Store ကနေ ဝယ်ထားတဲ့ App ကို ကိုယ့်ရဲ့ ကြိုက်တဲ့ စက်မှာ သွင်းခွင့်ရှိတယ်။ ရုံးက စက်မှာလည်း သွင်းလို့ရသလို အိမ်က စက်မှာလည်း သွင်းလို့ရတယ်။ တစ်ခေါက်တည်းပေးပြီး အဲလိုသုံးရတာကို တန်တယ်ထင်တယ်။ Kirby လိုမျိုး ဈေးသက်သက်သာသာ နဲ့ one time payment ရောင်းတာမျိုးကိုလည်း သဘောကျတယ်။ ကျွန်တော် ဝယ်သုံးတဲ့ App တွေက အခုအချိန်ထိတော့ one time payment တွေ ပဲ ရှိတယ်။ Developer ကို focus ထားတဲ့ apps တွေ tools တွေကတော့ ရောင်းဖို့ မလွယ်လှသလို compalin လည်း များလှတယ်။ ကိုယ့် App idea က ကောင်းရင် မကြာခင်မှာ ကိုယ့်လိုမျိုး app တွေ service တွေ tool တွေ မြန်မြန်ထွက်လာမှာ အမှန်ပဲ။ ဒါမှမဟုတ် opensource တစ်ခုခု ထွက်လာနိုင်တဲ့အတွက် Developer to Developer တွေက ရောင်းဖို့ တော်တော်ခက်တဲ့ အရာတစ်ခုလို အခုအချိန်ထိ ထင်နေဆဲပဲ။ လူကြိုက်များပြီး အောင်မြင်ကောင်း အောင်မြင်လိမ့်မယ်။ သို့သော် ထင်သလောက် ဝင်ငွေရမှာ မဟုတ်ဘူး။ Developer focus PAAS တွေက အခုအချိန်မှာ အပြိုင်အဆိုင်ချနေရဆဲပါပဲ။

5 Comments

  1. ကျွန်တော်တော့ အလကားရတဲ့ activestate က komodo edit လေးပဲ သဘောကျနေတယ်။

    1. saturngod says:

      Yes, komodo edit is really good.

  2. YLA says:

    I use Vi ( I force myself to use it everywhere, wherever I write) . and sometimes, Brackets, from Adobe.

    1. saturngod says:

      Can you use Myanmar Unicode with Vi ? Mac terminal didn’t support Myanmar unicode.

      1. YLA says:

        Nope. I think it’s because of the ‘font’ width. Not terminal bug. It will be something like this https://dl.dropboxusercontent.com/u/2709123/rb.png ( via https://github.com/yelinaung/UnicodeInRuby )

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.