Ghost

Kickstarter မှာ နာမည်ကြီးနေတဲ့ Ghost ထွက်လာပါပြီ။ ထွက်ထွက်ခြင်း ခဏပဲ စမ်းကြည့်ရပြီး hosting ပေါ် တင်ပြီး မစမ်းကြည့်မိဘူး။ SQLite သုံးထားတဲ့အတွက် database က ပြဿနာ မဟုတ်ဘူး။

အခုတော့ OpenShift ပေါ်မှာ Ghost ကို တင်ပြီး http://ghost.saturngod.net မှာ စမ်းရေးကြည့်ဖြစ်တယ်။ Openshift ကို တင်ဖို့အတွက်

rhc app create ghost nodejs-0.10 –from-code https://github.com/developercorey/openshift-ghost-quickstart

ဆိုပြီး run လိုက်ရုံနဲ့ ghost blog engine တစ်ခု ရလာပါတယ်။ မူရင်း ghost source code နဲ့ တင်ရင်တော့ အဆင်မပြေဘူး။ openshift က ပြန်ပြင်ထားပေးတာနဲ့ မှ အဆင်ပြေတယ်။

Ghost မှာက ကြိုက်တာကော မကြိုက်တာတွေကော ရှိတယ်။ Markdown နဲ့ image upload idea လေးကို သဘောကျတယ်။ Kickstarter မှာ ပြောထားတဲ့ feature တွေ အကုန်မပါသေးတော့ ကြိုက်လား မကြိုက်ဘူးလား , wordpress ကနေ ghost ကို ပြောင်းမလား မပြောင်းဘူးလား ပြောဖို့ စောသေးတယ်။

သေချာတာကတော့ wordpress လောက် stable မဖြစ်သေးဘူး။ Plugin တွေ မပါလာသေးဘူး။ Template တွေက နည်းနေသေးတယ်။ မကြာခင်မှာ လူသုံးများလာနိုင်တဲ့ blog platform တစ်ခု ဖြစ်လာနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.