Jotscript Stylus

Penultimate ကို နေ့စဉ်နီးပါး သုံးဖြစ်တော့ stylus ကောင်းကောင်းလေး လိုချင်မိတယ်။ Penulimate က Jotscript တစ်ခုတည်းကို support လုပ်တဲ့အတွက်ကြောင့် Jotscript ကို ဝယ်ဖို့ပဲ ရှိတယ်။ တခြား stylus တွေကို penultimate က support မလုပ်တာကြောင့် ရွေးချယ်စရာ မရှိဘူး။

jotscript

Jotscript မတိုင်ခင်က Jot Pro ကို သုံးပြီး စာရေးဖြစ်တယ်။ တော်တော်လေးကို ကောင်းတယ်။ သို့ပေမယ့် ရေးတာ ကြာတော့ Jotpro ရဲ့ nib က မှန်တွေခြစ်ပြီး သိပ်ရေးလို့ မကောင်းဘူး။ ရေဆေးပြီး သုံးရင် အဆင်ပြေပေမယ့် အမြဲတန်းအတွက် အဆင်မပြေဘူး။ ဒါနဲ့ Jotscript ကို ဝယ်မယ်ကွာ ဆိုပြီး ဝယ်ဖြစ်သွားတယ်။

Jotscript ကို မဝယ်ခင် Amazon , Youtube စတာတွေမှာ review တွေ ဖတ်ကြည့် ကြည့်ကြည့်တော့ တော်တော်လေး မကောင်းတာ တွေ့တယ်။ သုံးလို့တော့ ရတယ် မတန်ဘူး လို့ ဆိုရမယ်။ US $74.99 ပေးရမှာ ဖြစ်ပြီး ပေးရတာနဲ့ မတန်ဘူးဆိုတာက review တော်တော်များများနဲ့ comment တွေမှာ တွေ့ဖြစ်တယ်။ သို့ပေမယ့် လိုချင်တာကြောင့် ပိုက်ဆံ အကုန်ခံပြီး ဝယ်လိုက်တယ်။

pixelpoint

လက်ထဲကို ရောက်ရောက်ခြင်းစသုံးတဲ့ အခါမှာ စပြီး တွေ့တာပဲ။ Penulitmate နဲ့ လုံးဝ ကို အဆင်မပြေဘူး။ စာရေးရင် တချက်တချက်ပျောက်သွားတယ်။ ရေးလို့ မရတော့ဘူး။ Pen position ကို အမျိုးမျိုးပြောင်းရတယ်။ English လို ရေးချပေမယ့် တချို့စာလုံးတွေ ပျောက်ကုန်တယ်။ တော်တော်ရေးရတာ ခက်တယ်။ review တွေမှာ ပြောထားတဲ့ အတိုင်းပဲ စာရေးရတာ အဆင်မပြေဘူး။ သာမာန် bluetooth မဟုတ်တဲ့ stylus နဲ့ ရေးရတာ ပိုပြီး အဆင်ပြေတယ်။

iPad Air 2 မှာ ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါလိမ့်မယ်။ SDK ဟာ နောက်ဆုံးထွက်တဲ့ iPad Air 2 ကို support မလုပ်သေးတာကြောင့်လည်း ဖြစ်နိုင်တယ်။ iPad mini 2 မှာ စမ်းကြည့်တော့ ထင်သလောက် မဆိုးတာကို တွေ့ရတယ်။ အကောင်းဆုံး မဟုတ်ပေမယ့် အဆိုးဝါးကြီး မဟုတ်ဘူး။

နောက်ထပ် ပြဿနာက Battery ပဲ။ တောက်လျောက်သုံးကြည့်တော့ သုံးလေး ရက်လောက်နေရင် သုံးမရတော့ဘူး။ အသစ်ပြန်လဲရတယ်။ USB charging မဟုတ်တာကြောင့် ရေးရင်းနဲ့ baterry မရှိတော့ရင် ဘာမှ လုပ်မရတော့ဘူး။

သောကြာနေ့က penultimate ကို version 6 ပြောင်းလိုက်တဲ့ အခါမှာတော့ Jotscript က လုံးဝ ကို သုံးလို့မရတဲ့ အနေအထား ဖြစ်သွားတယ်။ Bluetooth နဲ့ ချိတ်ရတာ ခက်သလို စာရေးရတာလည်း လုံးဝကို အဆင်မပြေတော့ဘူး။ ပေးရတာနဲ့ လုံးဝ မတန်သလို ခံစားရတယ်။ Evernote , Penulimate တို့ကို လူတိုင်း complain လုပ်ကြပေမယ့် ဘာ response မှ မလာဘူး။ Evernote CEO က တော့ update verison ကို မကြာခင် တင်ပေးမယ်လို့ Twitter မှာ ဆိုထားတယ်။

ဒါနဲ့ GoodNotes ကို ဝယ်ပြီး သုံးကြည့်တော့ Stylus နဲ့ တော်တော် အဆင်ပြေတယ်။ ရေးရတာ က စာရွက်နဲ့ ဘောပင် လို မဟုတ်ပေမယ့် မဆိုးဘူးဆိုတဲ့ အဆင့်ရှိတယ်။

နောက်ပြီးတော့ JotScript ဟာ Writing အတွက်ပဲ ထုတ်ထားတာအတွက်ကြောင့် ပုံဆွဲဖို့ လုံးဝ အဆင်မပြေဘူး။ Pressure Sensitivity မပါဘူး။ ဒါကြောင့် ပုံဆွဲမယ်ဆိုရင် pressure sensitivity support လုပ်မှာ မဟုတ်ဘူး။

Apple ကိုယ်တိုင် Stylus မထုတ်မခြင်း stylus နဲ့ စာရေးရတာဟာ Microsoft Surface , Samsung Note တို့မှာလို feature မျိုး တကယ်ကောင်းတဲ့ stylus မျိုး iPad မှာ ရှိလာစရာ မရှိဘူး။ Surface မှာ One Note ကို သုံးပြီး စာရေးရတာ နောက်ပြီးတော့ UI design အကြမ်းချဆွဲရတာတွေ တော်တော်အဆင်ပြေတယ်။ Palm rejection က တော်တော် ကောင်းတယ်။

တကယ်လို့ iPad အတွက် Palm reject လုပ်တဲ့ stylus ကောင်းကောင်းရှာနေရင်တော့ ပုံမှန် သုံးလို့ ရမယ့် stylus နဲ့ လက်အိပ်ကို သုံးတာ အကောင်းဆုံးပဲ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.