KDE 4 Unicode Support

KDE 4 မှာ မြန်မာ unicode ကို အပြည့်အဝ support လုပ်ထားပါတယ်။ VOLT မလိုပဲနဲ့ကို support လုပ်ထားတဲ့အတွက် ဇော်ဂျီသမားတွေအတွက် လုံးဝကို အဆင်မပြေဘူးဖြစ်နေတယ်။ KDE 4 မှာ လှပတဲ့ GUI , Desktop တွေရှိပေမယ့် ကျွန်တော့်အတွက်တော့ သုံးမရတဲ့ desktop တစ်ခုလိုဖြစ်သွားတယ်။ နေကောင်း လို့ရေးလိုက်ရင် ေနေကာင်း လို့ဖြစ်ဖြစ်သွားတာ တော်တော်စိတ်ပျက်တယ်။ gtalk လည်း ချက်ရတာအဆင်မပြေ။ စာရေးရတာလည်း လက်ပေါက်ကပ်။ Unicode စစ်စစ်သမားတွေအတွက်တော့ ဝမ်းသာစရာပေါ့။ အဲဒီ အပိုင်းမှာ Gnome က သာတယ်ဗျ။ VOLT ရှိတဲ့ rendering ရှိတဲ့ font တွေကိုပဲ render လုပ်ပေးထားတယ်။ မရှိတဲ့ font ကို မရှိတဲ့အတိုင်းထားတယ်။ ဒါကြောင့် KDE ပြောင်းဖို့ ဆုံးဖြတ်ချက်က ပလုံ သွားခဲ့ပါတယ်။ လက်ရှိတော့ Gnome ပဲ သုံးဖြစ်နေတယ်။ Quanta ကောင်းတယ်။ သို့သော်…. ။ Kopeta က pidgin ထက်ကောင်းတယ်။ သို့သော်….။ gnome ထက်သာတဲ့ application တွေ file browser တွေရှိတယ်။ သို့သော်…. ကျွန်တော် KDE ကို အခုအချိန်မှာ မရွေးချယ်နိုင်သေးပါ။ ကျွန်တော် KDE ကိုတော့ rendering မပါတဲ့ font တွေကို render မလုပ်ဖို့ report တော့လုပ်ထားပါတယ်။ ဘယ်လို ပြန်လာမလဲတော့ မသိပါ။

3 Comments

  1. Mark says:

    Font rendering engine analyze based on character range NOT on Font Name. They can only do stop rendering Myanmar Unicode range. That will effect All the fonts.

  2. saturngod says:

    Thank Mark. But Why Gnome can’t render Zawgyi and can render Myanmar 3 and other Unicode ?

  3. Mark says:

    Gnome’s rendering engine pango already have special rendering for myanmar unicode 5.1 thats why whenever myanmar char range \u1000-\u109F is found font engine do special rendering. thats why zawgyi went corrupt.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.